ဘေရွတ်၊နိုဝင်ဘာ ၁၅
လက်ဘနွန် ပါလီမန် ဥက္ကဌ က လက်ဘနွန်၌ အပစ်အခတ်ရပ်စဲရေးဖော်ဆောင်ရန် အမေရိကဘက်မှကမ်းလှမ်းသည့် ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ကြောင်းအတည်ပြုခဲ့ပြီး အပြုသဘောဆောင်သည့်အငွေ့အသက်များခံစားရသည်ဟုလည်းဆိုခဲ့သည်။
“လက်ရှိအချိန်မှာ အခြေအနေကတိုးတက်ေနတယ်။ အခြေအနေကလည်း အပြုသဘော ဆောင်နေတာမို့ ရလဒ်ကိုဆက်လက်စောင့်ကြည့်ရပါလိမ့်မယ်” ဟုလည်း၎င်းကဆိုခဲ့သည်။
ယခုကမ်းလှမ်းမှုတွင် လက်ဘနွန်၌ အစ္စရေးတပ်များ ကို သွားလာလှုပ်ရှားခွင့်ပေးရမည်ဟူသောအချက်ပါဝင်သည်ကို ၎င်းကငြင်းဆိုခဲ့ပြီး “ဒီကိစ္စဟာ လက်ခံစရာအကြောင်းမရှိပါဘူး၊အချုပ်အခြာအာဏာချိုးဖောက်ခံရသလိုဖြစ်နေတာမို့ ဆွေးနွေးဖို့ထည့်ပြောစရာတောင်မလိုပါဘူး” ဟုလည်းပြန်လည်ပြောကြားခဲ့သည်။
အဆိုပါကမ်းလှမ်းမှု၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို အကောင်အထည်ဖော်မှုကို ကြီးကြပ်ရန် အနောက်နိုင်ငံများစွာဖြင့် ဖွဲ့စည်းထားသော ကော်မတီတစ်ရပ်ဖွဲ့စည်းရန်လည်းပါဝင်သည်ဟုဆိုခဲ့သည်။
ဟစ်ဇ်ဘိုလာနှင့် အစ္စရေးအကြား စက်တင်ဘာနှောင်းပိုင်းကတည်းက ပဋိပက္ခများပြင်းထန်လာကာ လက်ဘနွန်သို့ အစ္စရေးက လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်ခဲ့သလို အစ္စရေးသည် အောက်တိုဘာလအစောပိုင်းတွင် ၎င်း၏မြောက်ပိုင်းနယ်စပ်ကိုဖြတ်၍ လက်ဘနွန်သို့ မြေပြင်စစ်ဆင်ရေးကိုပါထပ်မံလုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။
Source : ရှင်းဟွာ