Saturday, November 16, 2024

မြန်မာနိုင်ငံထွက် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြု

မြန်မာပြည်တွင် စိုက်ပျိုးထွက်ရှိသည့် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ အသိပေးထုတ်ပြန်ထားသည်။ မကြာသေးမီက " မြန်မာနိုင်ငံမှ လတ်ဆတ်သောနာနတ်သီး တင်သွင်းမှုအတွက် ပိုးမွှားကင်းရှင်းကြောင်း (Phytosanitary)...

မန္တလေးတွင် ရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားခြင်းနှင့် ပတ်သက်၍...

ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ ရွှေလုပ်ငန်းရှင်များအား လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား...

ထရမ့်ပ်သမ္မတဖြစ်ပြီးမကြာခင်စစ်ပွဲအဆုံးသတ်လိမ့်မည်–ဇလန်းစကီး

၂၀၂၅ ခုနှစ်တွင် ဒေါ်နယ်ထရမ်ပ့် သမ္မတရာထူးတာဝန်ထမ်း‌ဆောင်လိုက်သည်နှင့် သူ့နိုင်ငံအပေါ် ရုရှားကဆင်နွှဲနေသော စစ်ပွဲသည် ဆောလျင်စွာ အဆုံးသတ်သွားလိမ့်မည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက နိုဝင်ဘာ...

တရုတ်-ထိုင်း ရထားလမ်း ဖောက်လုပ်ရေး အရှိန်မြှင့်ဖို့...

လီမာ၊နိုဝင်ဘာ ၁၅ တရုတ်နှင့်ထိုင်းတို့သည် နှစ်နိုင်ငံမီးရထားလမ်း တည်ဆောက်မှုကို အရှိန်မြှင့်သင့်ပြီး စွမ်းအင်သစ်၊ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဉာဏ်ရည်တုကဲ့သို့သော ထွန်းသစ်စနယ်ပယ်များ၌ပါ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သင့်သည်ဟု တရုတ်သမ္မတကပြောကြားခဲ့သည်။ ၃၁ ကြိမ်မြောက် အေပက်စီးပွားရေးခေါင်းဆောင်များ...
HomeInternationalဆိုးလ်နှင့် ပေကျင်း ခိုင်မြဲသောဆက်ဆံရေးဖော်ဆောင်--ရှီကျင့်ဖျင်

ဆိုးလ်နှင့် ပေကျင်း ခိုင်မြဲသောဆက်ဆံရေးဖော်ဆောင်–ရှီကျင့်ဖျင်

လီမာ၊နိုဝင်ဘာ ၁၅

ဆိုးလ်နှင့် ပေကျင်းအကြား တည်ငြိမ်ကောင်းမွန်သည့်ဆက်ဆံရေးဖော်ဆောင်သင့်ပြီး နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများလည်းလုပ်ဆောင်သင့်ကြောင်း သမ္မတရှီကပြောကြားခဲ့သည်။

၃၁ ကြိမ်မြောက် အေပက် စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေး ပြင်ပ၌ တောင်ကိုးရီးယားသမ္မတ ယွန်းဆော့ယော်နှင့်တွေ့ဆုံရာတွင် သမ္မတရှီကျင့်ဖျင်ကယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ရှီက လွန်ခဲ့သည့်နှစ်နှစ်အတွင်း နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေများတွင် အပြောင်းအလဲများစွာမြင်တွေ့ခဲ့ရပြီး နှစ်နိုင်ငံဆက်ဆံရေးသည်လည်း ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အခြေအနေ မည်မျှပြောင်းလဲစေကာမူ တရုတ်နှင့် တောင်ကိုရီးယားတို့သည် သံတမန်ဆက်ဆံရေး ထူထောင်ရသည့် မူရင်းရည်ရွယ်ချက်ကို မမေ့ဖျောက်သင့်ဘဲ အိမ်နီးချင်းကောင်းပီသစွာ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲစွာလိုက်နာပြီး အပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှု ပန်းတိုင်ကိုဆက်လက်ထားရှိရန်လည်းပြောကြားခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံထွက် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြု

မြန်မာပြည်တွင် စိုက်ပျိုးထွက်ရှိသည့် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ အသိပေးထုတ်ပြန်ထားသည်။ မကြာသေးမီက " မြန်မာနိုင်ငံမှ လတ်ဆတ်သောနာနတ်သီး တင်သွင်းမှုအတွက် ပိုးမွှားကင်းရှင်းကြောင်း (Phytosanitary) သတ်မှတ်ချက်များဆိုင်ရာ ကြေညာချက်" ကို တရုတ်နိုင်ငံအ‌ကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ချက်အရ နိုဝင်ဘာ (၁၁) ရက်မှ စတင်၍ သက်ဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာ့နာနတ်သီးများသည် အခြားနိုင်ငံမှ နာနတ်သီးများနှင့် မတူဘဲ တမူထူးခြားသော...

မန္တလေးတွင် ရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပွဲပြုလုပ်

ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ ရွှေလုပ်ငန်းရှင်များအား လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းသည့် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းရှင်းလင်းပွဲကို နိုဝင်ဘာလ (၁၃)ရက်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ကနဦး စိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတို့က လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တားမြစ်ချက်များအား အသေးစိတ် ရှင်းလင်း‌ပြောကြားခဲ့ကြသည်။ ထို့ပြင် အဖွဲ့ဝင် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက...

ထရမ့်ပ်သမ္မတဖြစ်ပြီးမကြာခင်စစ်ပွဲအဆုံးသတ်လိမ့်မည်–ဇလန်းစကီး

၂၀၂၅ ခုနှစ်တွင် ဒေါ်နယ်ထရမ်ပ့် သမ္မတရာထူးတာဝန်ထမ်း‌ဆောင်လိုက်သည်နှင့် သူ့နိုင်ငံအပေါ် ရုရှားကဆင်နွှဲနေသော စစ်ပွဲသည် ဆောလျင်စွာ အဆုံးသတ်သွားလိမ့်မည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက နိုဝင်ဘာ ၁၅ ရက်တွင် ပြောကြားလိုက်သည်။ “အခု အိမ်ဖြူတော်ကို ဦးဆောင်မယ့် အဖွဲ့ရဲ့ မူဝါဒတွေကြောင့် စစ်ပွဲက အဆောတလျင် ပြီးသွားမယ်ဆိုတာ သေချာပါတယ်။ ဒါက သူတို့ရဲ့ ချဉ်းကပ်မှု နည်းလမ်းနဲ့ သူတို့နိုင်ငံသားတွေအပေါ် ပေးထားတဲ့ ကတိကဝတ်ပါ” ဟု ယူကရိန်းမီဒီယာတစ်ခုဖြစ်သော Suspilne နှင့် အင်တာဗျူးတွင် မစ္စတာ ဇလန်စကီးက ပြောကြားခဲ့သည်။ “နေ့ရက်အတိအကျတော့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071