လီမာ၊နိုဝင်ဘာ ၁၅
တရုတ်နှင့်ထိုင်းတို့သည် နှစ်နိုင်ငံမီးရထားလမ်း တည်ဆောက်မှုကို အရှိန်မြှင့်သင့်ပြီး စွမ်းအင်သစ်၊ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဉာဏ်ရည်တုကဲ့သို့သော ထွန်းသစ်စနယ်ပယ်များ၌ပါ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သင့်သည်ဟု တရုတ်သမ္မတကပြောကြားခဲ့သည်။
၃၁ ကြိမ်မြောက် အေပက်စီးပွားရေးခေါင်းဆောင်များ အစည်းအဝေး ပြင်ပတွင် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နှင့်တွေ့ဆုံစဉ် ၎င်းကယခုလိုပြောကြားခဲ့ခြင်း လည်းဖြစ်သည်။
တရုတ်နှင့်ထိုင်းတို့သည် ရင်းနှီးသည့်မိတ်ရင်းနိုင်ငံများဖြစ်ကြပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း နှစ်နိုင်ငံအသိုက်အဝန်းတည်ဆောက်ရေး၌ ထိုင်းနိုင်ငံခေါင်းဆောင်များနှင့် အရေးကြီးသောသဘောတူညီချက်ကို ရရှိခဲ့ကြောင်းလည်း ၎င်းကပြန်လည်ပြောကြားခဲ့သည်။
လာမည့်နှစ်သည် တရုတ်နှင့်ထိုင်းတို့၏ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်သည့်နှစ်ဖြစ်ကာ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးရွှေနှစ်အဖြစ် တရုတ်-ထိုင်း နှစ်နိုင်ငံ၏အစဉ်အလာချစ်ကြည်ရင်းနှီးမှုကိုရှေးရှုပြီး ဖွံ့ဖြိုးတိုးတက်ရေးဗျူဟာများ ခိုင်မာစေရန်အတွက်လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်းလည်းပြောကြားခဲ့သည်။
ယင်းနောက် အုပ်ချုပ်မှုဆိုင်ရာအတွေ့အကြုံများကိုဖလှယ်ခြင်း၊နယ်ပယ်အသီးသီးတွင် အပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်၊ နှစ်နိုင်ငံခေတ်မီတိုးတက်ရေးကို ပံ့ပိုးပေးပြီး တရုတ် – ထိုင်း အသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေးမည်ဟုလည်းဆိုခဲ့သည်။
Source : ရှင်းဟွာ