Sunday, November 17, 2024

တရုတ်နှင့်အမေရိကသမ္မတများပီရူး၌တွေ့ဆုံဆွေးနွေး

လီမာ၊နိုဝင်ဘာ ၁၇ တရုတ်သမ္မတရှီကျင့်ဖျင်သည် ပီရူးနိုင်ငံ၊လီမာ၌ကျင်းပသည့် ၃၁ ကြိမ်မြောက် အေပက်စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးပြင်ပတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။ သမ္မတဘိုင်ဒင်နှင့်ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းသာမိကြောင်း ၎င်းကပြောကြားခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် လေးနှစ်တာကာလအတွင်း အတက်အကျများရှိခဲ့သော်လည်း...

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပွဲပြိုင်ပွဲ...

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြုအသင်း အမရရွှေပြည် ရက်ကန်းအဖွဲ့မှ ပထမဆုရရှိခဲ့သည့်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့က ဂုဏ်ပြုဆုငွေထပ်မံချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ ဂုဏ်ပြုသည့်အခမ်းအနားကို နိုဝင်ဘာ...

တောင်တရုတ်ပင်လယ် အငြင်းပွားမှုများတွင် အမေရိကန် ဝင်မပါသင့်ဟု...

တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွားမှုတွင် အမေရိကန်က ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် သို့မဟုတ် ရန်စလှုံ့ဆော်တိုက်တွန်းခြင်း မပြုသင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖိန်က (၃၁)ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု...

စူပါတိုက်ဖွန်းမန်ယီ ဖိလစ်ပိုင်ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီးအားပျော့သွား

လူတစ်သန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး နေရာအများအပြားရှိ နေအိမ်အဆောက်အအုံများ ကိုထိခိုက်ပျက်စီးစေခဲ့သည့် စူပါတိုက်ဖွန်း မန်ယီသည် တနင်္ဂနွေနေ့ တွင် ဖိလစ်ပိုင်၏ အဓိကကျွန်း လူဇုန်တစ်ဝန်းကို...
HomeNewsLocal Newsပုဂံမြို့နှင့် လဲ့ရှန်းမြို့ ချစ်ကြည်ရေးမြို့တော်တည်ထောင်

ပုဂံမြို့နှင့် လဲ့ရှန်းမြို့ ချစ်ကြည်ရေးမြို့တော်တည်ထောင်

မြန်မာနိုင်ငံ၊ ပုဂံမြို့နှင့် တရုတ်နိုင်ငံ၊ လဲ့ရှန်းမြို့တို့ကြား ချစ်ကြည်ရေးမြို့တော်တည်‌ထောင်သွားမည်ဖြစ်၍ မြို့တော်တည်ထောင်ရေးနား လည်မှုစာချွန်လွှာအား နိုဝင်ဘာ ၁၄ ရက်က တ ရုတ်နိုင်ငံ၊ စစ်ချွမ်းပြည်နယ်၊ လဲ့ရှန်းမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

လက်မှတ်ရေးထိုးပွဲသို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်တက်ရောက်၍ လဲ့ရှန်းမြို့ CPC ပါတီကော်မတီအတွင်းရေးမှူး Mr. Zhao Bo နှင့်အတူမိန့်ခွန်းပြောကြားခဲ့ကြပြီး နားလည်မှုစာချွန်လွှာအား မန္တလေးစည်ပင်၏ ညွှန်ကြားရေးမှူး ဦးမင်းအောင်မြင့်စိုးနှင့် လဲ့ရှန်းမြို့၊ မြို့တော်ဝန် Mr. Chen Guanghao တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

နားလည်မှုစာချွန်လွှာအရ ပုဂံမြို့နှင့်လဲ့ရှန်းမြို့ ကြား ယဥ်ကျေးမှု၊ ခရီးသွားလာရေးလုပ်ငန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများ၌ ပိုမိုပူး ပေါင်းဖလှယ်မှုများပြုလုပ်နိုင်ရန်အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။

မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် မြန်မာကောင်စစ် ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးကျော်ဇေယျာလင်းတို့သည် နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ စစ်ချွမ်းပြည်နယ်၊ ချန်သူးမြို့၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် နိုင်ငံတကာချစ်ကြည်ရေးမြို့တော်များပူးပေါင်းဆောင်ရွက်ရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေးဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နှင့်အမေရိကသမ္မတများပီရူး၌တွေ့ဆုံဆွေးနွေး

လီမာ၊နိုဝင်ဘာ ၁၇ တရုတ်သမ္မတရှီကျင့်ဖျင်သည် ပီရူးနိုင်ငံ၊လီမာ၌ကျင်းပသည့် ၃၁ ကြိမ်မြောက် အေပက်စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးပြင်ပတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။ သမ္မတဘိုင်ဒင်နှင့်ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းသာမိကြောင်း ၎င်းကပြောကြားခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် လေးနှစ်တာကာလအတွင်း အတက်အကျများရှိခဲ့သော်လည်း သမ္မတနှစ်ဦး၏ ပူးတွဲစောင့်ကြပ်မှုဖြင့် နှစ်ဘက်အကျိုးရှိသည့်ဆွေးနွေးညှိနှိုင်းမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့သည်ဟုလည်းဆိုခဲ့သည်။ နှစ်နိုင်ငံအနေဖြင့်မိတ်ရင်းဆွေကောင်းများပမာ တစ်ဦးအခက်အခဲတစ်ဦးကူညီကာ သင့်သင့်မြတ်မြတ်ရှိစေမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း သိသိသာသာရရှိစေမည်ဖြစ်သည်။ အကယ်၍ တစ်ဦးနှင့်တစ်ဦး ရန်သူပြိုင်ဘက်လိုသဘောထားပါက မည်သူ့အတွက်မျှအကျိုးမရှိနိုင်သလို နှစ်ဦးနှစ်ဖက် ရန်များရမည်မှာအမှန်ပင်ဖြစ်သည်ဟုလည်း ရှီကဆက်လက်ပြောကြားခဲ့သည်။ အဓိကအင်အားကြီးနိုင်ငံနှစ်ခုအနေဖြင့် တရုတ်နှင့် အမေရိကတို့သည် ကမ္ဘာတစ်ခုလုံး၏ အကျိုးစီးပွားကို အလေးထားသင့်ပြီး အပြုသဘောဆောင်သော ဆောင်ရွက်မှုများဖြင့် ကမ္ဘာ့အရေးများတွင်ပါဝင်သင့်သည်ဟုလည်း၎င်းကပြောကြားခဲ့သည်။ တည်ငြိမ်သော တရုတ်-အမေရိကန် ဆက်ဆံရေးဟူသည့်ယုံကြည်ချက်ကို ရှီက...

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပွဲပြိုင်ပွဲ ပထမဆုရရှိသည့် မန္တလေးမှ အမရရွှေပြည်ရက်ကန်းအဖွဲ့အား တိုင်းဒေသကြီးအစိုးရမှ ဂုဏ်ပြုဆုထပ်မံချီးမြှင့်

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြုအသင်း အမရရွှေပြည် ရက်ကန်းအဖွဲ့မှ ပထမဆုရရှိခဲ့သည့်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့က ဂုဏ်ပြုဆုငွေထပ်မံချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ ဂုဏ်ပြုသည့်အခမ်းအနားကို နိုဝင်ဘာ (၁၆)ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်ခဲ့သည့် အမရရွှေပြည်ရက်ကန်းအဖွဲ့၏ ကြိုတင်ပြင်ဆင်ကြိုးစားခဲ့မှု၊ အောင်မြင်မှုပန်းတိုင်ကို စိုက်ထူနိုင်ခဲ့မှုတို့အပေါ် ဂုဏ်ပြုစကားပြောကြားပြီး နောင်ပြိုင်ပွဲများတွင်လည်း မျိုးဆက်သစ်လူငယ်များအား ပညာအမွေများ လက်ဆင့်ကမ်းလှမ်းရင်း စဉ်ဆက်မပြတ်ကြိုးစား လုပ်ဆောင်နေရန်ကိုလည်း မှာကြားသည်။ ဆက်လက်၍...

တောင်တရုတ်ပင်လယ် အငြင်းပွားမှုများတွင် အမေရိကန် ဝင်မပါသင့်ဟု ရှီပြော

တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွားမှုတွင် အမေရိကန်က ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် သို့မဟုတ် ရန်စလှုံ့ဆော်တိုက်တွန်းခြင်း မပြုသင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖိန်က (၃၁)ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးကျင်းပနေစဉ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် သီးသန့်တွေ့ဆုံရာဝယ် သတိပေး‌ပြောကြားခဲ့သည်။ "သက်ဆိုင်ရာပြည်နယ်များကြား ဆွေးနွေးညှိနှိုင်းခြင်းသည် တောင်တရုတ်ပင်လယ်ရှိ ကွဲလွဲမှုများကို စီမံခန့်ခွဲရန် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး၊ နန်ရှားကျွန်းများနှင့်ပတ်သက်၍ နှစ်နိုင်ငံအငြင်းပွားမှုများတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် မပါဝင်သင့်သလို ရန်စမှုများပြုလုပ်ရန် လှုံ့ဆော်မှုကိုလည်း အထောက်အကူမ‌ပြုသင့်ပေ။"ဟု တရုတ်ခေါင်းဆောင်က ပြောကြားသည်။ ထိုင်ဝမ်ရှိ ခွဲထွက်ရေးလှုပ်ရှားမှုများသည် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအတွက် သဟဇာတမဖြစ်ကြောင်းကို ရှီက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071