Sunday, November 17, 2024

မဏိပူရပြည်နယ်တွင်‌နေဝင်မီးငြိမ်းအမိန့် ထုတ်

လူမျိုးရေးတင်းမာမှုများ လနှင့်ချီ၍ မြင့်တက်နေသည့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင် သောင်းကျန်းသူများကိုဖမ်းဆီးခေါ်ဆောင်သွားသည့်လူခြောက်ဦးကို အလေ-ာင်းများအဖြစ်သာ ပြန်တွေ့ခဲ့၍ ဒေါသတကြီးဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်တွင် အင်တာနက်လိုင်းများ...

အိမ်ရှင်အသင်းနှင့်သရေကျခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း ဗီယက်နမ်အသင်းကိုရှုံးနိမ့်

၂၀၂၄ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် အိမ်ရှင်အသင်းနှင့်သရေကျခဲ့သော်လည်း ဗီယက်နမ်အသင်းကိုရှုံးနိမ့်ခဲ့ရသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနှင့် ဗီယက်နမ် အမျိုးသမီးဖူဆယ်အသင်းတို့သည် ယနေ့ နိုဝင်ဘာ ၁၇...

သဲဖြူမဟာမြိုင်ဆရာတော်ကြီး၏အလှူတော် မေတ္တာပေါင်းကူးတံတားကို ဆရာတော်ကြီးကိုယ်တိုင်ဖွင့်လှစ်ပေးတော်မူ

သဲဖြူမဟာမြိုင်တောရ ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတသည် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးမြို့ဟောင်း၊ ထနောင်းစင်ကျေးရွာအနီးရှိ စတုံချောင်းအားဖြတ်၍ မေတ္တာပေါင်းကူးတံတားကြီးအားတည်ဆောက်လှူဒါန်းပေးခဲ့သည်။ ထိုသို့ တည်ဆောက်ပြီးနောက် ယမန်နေ့ နိုဝင်ဘာ ၁၆...
HomeInternationalတရုတ်နှင့်အမေရိကသမ္မတများပီရူး၌တွေ့ဆုံဆွေးနွေး

တရုတ်နှင့်အမေရိကသမ္မတများပီရူး၌တွေ့ဆုံဆွေးနွေး

လီမာ၊နိုဝင်ဘာ ၁၇

တရုတ်သမ္မတရှီကျင့်ဖျင်သည် ပီရူးနိုင်ငံ၊လီမာ၌ကျင်းပသည့် ၃၁ ကြိမ်မြောက် အေပက်စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးပြင်ပတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

သမ္မတဘိုင်ဒင်နှင့်ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းသာမိကြောင်း ၎င်းကပြောကြားခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် လေးနှစ်တာကာလအတွင်း အတက်အကျများရှိခဲ့သော်လည်း သမ္မတနှစ်ဦး၏ ပူးတွဲစောင့်ကြပ်မှုဖြင့် နှစ်ဘက်အကျိုးရှိသည့်ဆွေးနွေးညှိနှိုင်းမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့သည်ဟုလည်းဆိုခဲ့သည်။

နှစ်နိုင်ငံအနေဖြင့်မိတ်ရင်းဆွေကောင်းများပမာ တစ်ဦးအခက်အခဲတစ်ဦးကူညီကာ သင့်သင့်မြတ်မြတ်ရှိစေမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း သိသိသာသာရရှိစေမည်ဖြစ်သည်။

အကယ်၍ တစ်ဦးနှင့်တစ်ဦး ရန်သူပြိုင်ဘက်လိုသဘောထားပါက မည်သူ့အတွက်မျှအကျိုးမရှိနိုင်သလို နှစ်ဦးနှစ်ဖက် ရန်များရမည်မှာအမှန်ပင်ဖြစ်သည်ဟုလည်း ရှီကဆက်လက်ပြောကြားခဲ့သည်။

အဓိကအင်အားကြီးနိုင်ငံနှစ်ခုအနေဖြင့် တရုတ်နှင့် အမေရိကတို့သည် ကမ္ဘာတစ်ခုလုံး၏ အကျိုးစီးပွားကို အလေးထားသင့်ပြီး အပြုသဘောဆောင်သော ဆောင်ရွက်မှုများဖြင့် ကမ္ဘာ့အရေးများတွင်ပါဝင်သင့်သည်ဟုလည်း၎င်းကပြောကြားခဲ့သည်။

တည်ငြိမ်သော တရုတ်-အမေရိကန် ဆက်ဆံရေးဟူသည့်ယုံကြည်ချက်ကို ရှီက အလေးပေးပြောကြားခဲ့ပြီး ကမ္ဘာ့အရေးအကြီးဆုံးနှစ်နိုင်ငံ၏ဆက်ဆံရေးသည် နှစ်ဖက်ပြည်သူများ၏အကျိုးစီးပွားအတွက်သာမက လူသားတစ်ရပ်လုံး၏ အနာဂတ်နှင့်ကံကြမ္မာအတွက်ပါအရေးကြီးသည်ဟုလည်းဆက်လက်ပြောကြားခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မဏိပူရပြည်နယ်တွင်‌နေဝင်မီးငြိမ်းအမိန့် ထုတ်

လူမျိုးရေးတင်းမာမှုများ လနှင့်ချီ၍ မြင့်တက်နေသည့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင် သောင်းကျန်းသူများကိုဖမ်းဆီးခေါ်ဆောင်သွားသည့်လူခြောက်ဦးကို အလေ-ာင်းများအဖြစ်သာ ပြန်တွေ့ခဲ့၍ ဒေါသတကြီးဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်တွင် အင်တာနက်လိုင်းများ ပိတ်ပစ်ခဲ့ကာ နေဝင်မီးငြိမ်း အမိန့် ထုတ်ပြန်ခဲ့သည်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မဏိပူရပြည်နယ်တွင် လူများစု ဟိန္ဒူဘာသာဝင် ကသည်းများနှင့် လူနည်းစု ခရစ်ယာန်ဘာသာဝင် ကူကီး အသိုက်အဝန်းများအကြား တိုက်ခိုက်မှုများသည် ၁၈ လကျော်လာပြီဖြစ်ကာ ပြည်နယ်ကို လူမျိုးစုနယ်မြေများအဖြစ် ကွဲပြားသွားစေခဲ့သည်။ ရုပ်အလေ-ာင်းများသည် ကသည်းအသိုက်အဝန်းမှဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်က မဏိပူရ ရဲတပ်ဖွဲ့နှင် ကူကီး သောင်းကျန်းသူများအကြား...

အိမ်ရှင်အသင်းနှင့်သရေကျခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း ဗီယက်နမ်အသင်းကိုရှုံးနိမ့်

၂၀၂၄ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် အိမ်ရှင်အသင်းနှင့်သရေကျခဲ့သော်လည်း ဗီယက်နမ်အသင်းကိုရှုံးနိမ့်ခဲ့ရသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနှင့် ဗီယက်နမ် အမျိုးသမီးဖူဆယ်အသင်းတို့သည် ယနေ့ နိုဝင်ဘာ ၁၇ ရက်မွန်းလွဲ ၂ နာရီခွဲက ဖီလစ်ပိုင်နိုင်ငံရှိ Philsports Arena ၌ယှဥ်ပြိုင်က စားခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ ယှဥ်ပြိုင်ကစားခဲ့ကြရာ ပထမပိုင်းပွဲပြီး ဆုံးချိန်၌ မြန်မာ့လက်ရွေးစင် အမျိုးသမီးအ သင်းက ဗီယက်နမ်အသင်းအား ၂ ဂိုး ၁ ဂိုးရလဒ်ဖြင့်ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းပွဲက စားချိန်တွင် ဗီယက်နမ်အသင်း၏ ချေပဂိုးနှင့်အ နိုင်ဂိုးများသွင်းယူခြင်းခံခဲ့ရသဖြင့် ပွဲပြီးဆုံးချိန်တွင် ၅...

သဲဖြူမဟာမြိုင်ဆရာတော်ကြီး၏အလှူတော် မေတ္တာပေါင်းကူးတံတားကို ဆရာတော်ကြီးကိုယ်တိုင်ဖွင့်လှစ်ပေးတော်မူ

သဲဖြူမဟာမြိုင်တောရ ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတသည် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးမြို့ဟောင်း၊ ထနောင်းစင်ကျေးရွာအနီးရှိ စတုံချောင်းအားဖြတ်၍ မေတ္တာပေါင်းကူးတံတားကြီးအားတည်ဆောက်လှူဒါန်းပေးခဲ့သည်။ ထိုသို့ တည်ဆောက်ပြီးနောက် ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နံနက်ပိုင်းက ဆရာတော်ကြီးကိုယ်တိုင် မကွေးတိုင်းအစိုးရအဖွဲ့ဝင်များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ တံတားကမ္ပည်းမော်ကွန်းကျောက်စာကိုလည်း စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးခဲ့သည်။ သဲဖြူမဟာမြိုင်ဆရာတော်ကြီး လှူဒါန်းတည် ဆောက်ပေးတော်မူခဲ့သည့် မေတ္တာပေါင်းကူးတံတားသည် အရှည် ၁၈၀ ပေရှိပြီး တံတားဖွင့်လှစ်နိုင်ခဲ့သဖြင့် ဗိဿနိုးမြို့ဟောင်းအနီးတစ်ဝိုက်ရှိ ထနောင်းစင်၊ သဲကန်၊ အောင်ချမ်းသာ၊ သဖန်းကုန်း၊ လင်းလယ်ကျေးရွာများတွင်နေထိုင်သူ များအနေဖြင့် တောင်တွင်းကြီးမြို့နယ်ဘက်သို့ အဆင်ပြေစွာသွားလာနိုင်မည်ဖြစ်သည်။ အဆိုပါ မေတ္တာပေါင်းကူးတံတားဖွင့်ပွဲ၌ "ရာ သက်ပန်"ကုမ္ပဏီမှ လာရောက်သူများအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071