ဒူးဒဏ်ရာခွဲစိတ်မှု ခံယူထားရသည့် တိုက်စစ်မှူး အောင်သူသည် မိခင်ကလပ်အသင်းဖြစ်သည့် ဥထိုင်းဌာနီအသင်းတွင် ရာသီကြိုခြေစမ်းပွဲများအား စတင်ကစားလာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ခြေစမ်းပွဲစဉ်အတွင်း ဥထိုင်းဌာနီအသင်းနှင့် ရစ်ချာပရာဂျာအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဥထိုင်းဌာနီအသင်းက (၆) ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာလက်ရွေးစင် တိုက်စစ်မှူး အောင်သူသည် ရရှိထားသည့် ဒူးဒဏ်ရာအား ပြီးခဲ့သောစက်တင်ဘာလအတွင်းက ခွဲစိတ်ကုသမှုခံယူပြီးနောက် တစ်လကျော် အနားယူနေရာမှ ပွဲ ဦးထွက် ပြန်လည်ကစားလာခြင်းဖြစ်သည်။
အောင်သူ ဝင်ရောက်ကစားနေသည့် ဥထိုင်းဌာနီအသင်းကို ဆာဘီးယားနည်းပြ မီလိုဂျော့ဆစ် ပြောင်းလာပြီးနောက် ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့ခြင်းလည်း ဖြစ်သည်။