Sunday, November 17, 2024

အမရပူရ Denko စက်သုံးဆီအရောင်းဆိုင်တွင် သေနတ်ပစ်ဖောက်၍...

မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ Denko စက်သုံးဆီအရောင်းဆိုင်တွင် ယနေ့ နိုဝင်ဘာ ၁၇ ရက်မွန်းလွဲ ၂ နာရီခွဲကျော်ခန့်က သေနတ်ပစ်ဖောက်၍ ငွေကျပ်(၁၀)သိန်းကျော် လုယက်ယူ...

ပြုပြင်နိုင်ခြင်းမရှိသေးသည့် ဓာတ်အားလိုင်းနှင့်ထရန်စဖော်မာများကို ကွင်းဆင်းစစ်ဆေး

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ရှမ်းပြည်နယ်အ တွင်းရှိ နေရာဒေသအများစုမှ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများပျက်စီးဆုံးရှုံးခဲ့ရသည်။ ထိုသို့ ပျက်စီးဆုံးရှုံးခဲ့သည့် ဓာတ်အားလိုင်းများနှင့်ထရန်စဖော်မာများအနက် အင်းလေးဒေသနှင့် ကလေး နမ့်ပန်တက်ဒေသတို့ရှိ...

မဏိပူရပြည်နယ်တွင်‌နေဝင်မီးငြိမ်းအမိန့် ထုတ်

လူမျိုးရေးတင်းမာမှုများ လနှင့်ချီ၍ မြင့်တက်နေသည့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင် သောင်းကျန်းသူများကိုဖမ်းဆီးခေါ်ဆောင်သွားသည့်လူခြောက်ဦးကို အလေ-ာင်းများအဖြစ်သာ ပြန်တွေ့ခဲ့၍ ဒေါသတကြီးဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်တွင် အင်တာနက်လိုင်းများ...

အိမ်ရှင်အသင်းနှင့်သရေကျခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း ဗီယက်နမ်အသင်းကိုရှုံးနိမ့်

၂၀၂၄ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် အိမ်ရှင်အသင်းနှင့်သရေကျခဲ့သော်လည်း ဗီယက်နမ်အသင်းကိုရှုံးနိမ့်ခဲ့ရသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနှင့် ဗီယက်နမ် အမျိုးသမီးဖူဆယ်အသင်းတို့သည် ယနေ့ နိုဝင်ဘာ ၁၇...
HomeNewsLocal Newsသဲဖြူမဟာမြိုင်ဆရာတော်ကြီး၏အလှူတော် မေတ္တာပေါင်းကူးတံတားကို ဆရာတော်ကြီးကိုယ်တိုင်ဖွင့်လှစ်ပေးတော်မူ

သဲဖြူမဟာမြိုင်ဆရာတော်ကြီး၏အလှူတော် မေတ္တာပေါင်းကူးတံတားကို ဆရာတော်ကြီးကိုယ်တိုင်ဖွင့်လှစ်ပေးတော်မူ

သဲဖြူမဟာမြိုင်တောရ ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတသည် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးမြို့ဟောင်း၊ ထနောင်းစင်ကျေးရွာအနီးရှိ စတုံချောင်းအားဖြတ်၍ မေတ္တာပေါင်းကူးတံတားကြီးအားတည်ဆောက်လှူဒါန်းပေးခဲ့သည်။

ထိုသို့ တည်ဆောက်ပြီးနောက် ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နံနက်ပိုင်းက ဆရာတော်ကြီးကိုယ်တိုင် မကွေးတိုင်းအစိုးရအဖွဲ့ဝင်များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ တံတားကမ္ပည်းမော်ကွန်းကျောက်စာကိုလည်း စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးခဲ့သည်။

သဲဖြူမဟာမြိုင်ဆရာတော်ကြီး လှူဒါန်းတည် ဆောက်ပေးတော်မူခဲ့သည့် မေတ္တာပေါင်းကူးတံတားသည် အရှည် ၁၈၀ ပေရှိပြီး တံတားဖွင့်လှစ်နိုင်ခဲ့သဖြင့် ဗိဿနိုးမြို့ဟောင်းအနီးတစ်ဝိုက်ရှိ ထနောင်းစင်၊ သဲကန်၊ အောင်ချမ်းသာ၊ သဖန်းကုန်း၊ လင်းလယ်ကျေးရွာများတွင်နေထိုင်သူ များအနေဖြင့် တောင်တွင်းကြီးမြို့နယ်ဘက်သို့ အဆင်ပြေစွာသွားလာနိုင်မည်ဖြစ်သည်။

အဆိုပါ မေတ္တာပေါင်းကူးတံတားဖွင့်ပွဲ၌ “ရာ သက်ပန်”ကုမ္ပဏီမှ လာရောက်သူများအား စတုဒိသာထမင်းဟင်းများ ကျွေးမွေးလှူဒါန်းခဲ့သည်။

Photo-Ko Min Aye

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမရပူရ Denko စက်သုံးဆီအရောင်းဆိုင်တွင် သေနတ်ပစ်ဖောက်၍ ငွေကျပ်(၁၀)သိန်းကျော်ကို လုယက်ယူဆောင်

မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ Denko စက်သုံးဆီအရောင်းဆိုင်တွင် ယနေ့ နိုဝင်ဘာ ၁၇ ရက်မွန်းလွဲ ၂ နာရီခွဲကျော်ခန့်က သေနတ်ပစ်ဖောက်၍ ငွေကျပ်(၁၀)သိန်းကျော် လုယက်ယူ ဆောင်သွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ မုတ်ပုလဲကျေးရွာတွင်ဖွင့်လှစ်ထားသည့် Denko စက်သုံးဆီအရောင်းဆိုင်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးရောက်ရှိလာကာ ဝတ်ဆင်ထားသည့် ဂျာကင်အကျီအတွင်းမှ သေ နတ်ကိုထုတ်၍ပစ်ဖောက်ပြီးနောက် ဆိုင်အတွင်းရှိ ငွေကျပ်(၁၀)သိန်းကျော်ကိုလုယက်ယူဆောင်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ " စုံစမ်းသိရသလောက်နဲ့ ဆိုင်ရဲ့ CCTV မှတ်တမ်းအရဆိုရင် ပြစ်မှုကျူးလွန်တဲ့လူက အသက်(၂၅) နှစ်လောက်ရှိပါပြီ။ ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားတယ်။ သေနတ်ပစ်ဖောက်ပြီး...

ပြုပြင်နိုင်ခြင်းမရှိသေးသည့် ဓာတ်အားလိုင်းနှင့်ထရန်စဖော်မာများကို ကွင်းဆင်းစစ်ဆေး

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ရှမ်းပြည်နယ်အ တွင်းရှိ နေရာဒေသအများစုမှ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများပျက်စီးဆုံးရှုံးခဲ့ရသည်။ ထိုသို့ ပျက်စီးဆုံးရှုံးခဲ့သည့် ဓာတ်အားလိုင်းများနှင့်ထရန်စဖော်မာများအနက် အင်းလေးဒေသနှင့် ကလေး နမ့်ပန်တက်ဒေသတို့ရှိ ပျက်စီးမှုများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်ပြုပြင်မှုများပြုလုပ်ခဲ့ကြသဖြင့် ယင်း ဒေသများအား လျှပ်စစ်ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့သည်။ ယင်း ဒေသများ၌ လျှပ်စစ်ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း ဟိုပုံးမြို့နယ်ရှိ ကျေး ရွာ(၁၃)ရွာတွင်ပျက်စီးနေသည့် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများအား ပြန်လည်ပြုပြင်နိုင်ရန်ဆောင်ရွက်ခဲ့ကြသော်လည်း လမ်းခရီးသွားလာမှုအခက်အခဲကြောင့် ပြန်လည်ပြင်ဆင်နိုင်မှုမရှိသေးသဖြင့် သက်ဆိုင်ရာ လျှပ်စစ်ဌာနတာဝန်ရှိသူများနှင့်လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများမှ ယနေ့ နိုဝင်ဘာ ၁၇ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ကွင်းဆင်းစစ်ဆေးမှုအရ အဆိုပါ ကျေးရွာ(၁၃)...

မဏိပူရပြည်နယ်တွင်‌နေဝင်မီးငြိမ်းအမိန့် ထုတ်

လူမျိုးရေးတင်းမာမှုများ လနှင့်ချီ၍ မြင့်တက်နေသည့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင် သောင်းကျန်းသူများကိုဖမ်းဆီးခေါ်ဆောင်သွားသည့်လူခြောက်ဦးကို အလေ-ာင်းများအဖြစ်သာ ပြန်တွေ့ခဲ့၍ ဒေါသတကြီးဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်တွင် အင်တာနက်လိုင်းများ ပိတ်ပစ်ခဲ့ကာ နေဝင်မီးငြိမ်း အမိန့် ထုတ်ပြန်ခဲ့သည်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မဏိပူရပြည်နယ်တွင် လူများစု ဟိန္ဒူဘာသာဝင် ကသည်းများနှင့် လူနည်းစု ခရစ်ယာန်ဘာသာဝင် ကူကီး အသိုက်အဝန်းများအကြား တိုက်ခိုက်မှုများသည် ၁၈ လကျော်လာပြီဖြစ်ကာ ပြည်နယ်ကို လူမျိုးစုနယ်မြေများအဖြစ် ကွဲပြားသွားစေခဲ့သည်။ ရုပ်အလေ-ာင်းများသည် ကသည်းအသိုက်အဝန်းမှဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်က မဏိပူရ ရဲတပ်ဖွဲ့နှင် ကူကီး သောင်းကျန်းသူများအကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071