Monday, November 18, 2024

အမေရိကန် စစ်ဖက်ဆိုင်ရာကဏ္ဍအနေဖြင့် တတိယကမ္ဘာစစ်ဖြစ်လာစေရေးကို ကြိုးပမ်းနေပုံရကြောင်း...

အမေရိကန် စစ်ဖက်ဆိုင်ရာကဏ္ဍအနေဖြင့် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုမီတွင်ပင်တတိယကမ္ဘာစစ်ဖြစ်လာစေရေးကို ကြိုးပမ်းနေပုံရကြောင်း သားဖြစ်သူ ဒေါ်နယ်ထရမ့်ဂျူနီယာကသူ၏ X လူမှုကွန်ရက်အကောင့်တွင် ရေးသားဖော်ပြခဲ့သည်။ “ကျွန်တော့်အဖေက ငြိမ်းချမ်းရေးနဲ့ အသက်တွေကို ကယ်တင်ဖို့...

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်ရန်...

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်ခြင်း အခမ်းအနားကို ယနေ့တွင်ကျင်းပခဲ့ပြီး ရွှေစင် (၄၇၃၉) ချပ် အလှူရရှိထားကြောင်း သိရသည်။ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန...

ကန်ဒုံးကျည်များသုံး၍ရုရှားကိုတိုက်ခိုက်ပါကကမ္ဘာစစ်ဖြစ်လာနိုင်-ရုရှား

ရုရှားနယ်မြေအတွင်းပိုင်းအထိ တိုက်ခိုက်ရာတွင် ကိဗ်ကို အမေရိကန်ဒုံးကျည်များ အသုံးပြုခွင့်ပေးလိုက်သည့် ဝါရှင်တန်၏ ဆုံးဖြတ်ချက်သည်ယူကရိန်းစစ်ပွဲကို အရှိန်မြင့်စေကာတတိယကမ္ဘာစစ်ကို ဦးတည်သွားစေနိုင်သည်ဟု ဝါရင့် ရုရှားလွှတ်တော်အမတ်များက နိုဝင်ဘာ ၁၇...

ရှိတ်ဟာစီနာကိုလွှဲပြောင်းရရှိရေးဆောင်ရွက်မည်-မိုဟာမက်ယူနွတ်

ရာထူးမှဖယ်ရှားခံရသော ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို အိန္ဒိယနိုင်ငံထံမှ တရားခံလွှဲပြောင်းရရှိရေးအတွက် သူ့အစိုးရက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ ခေါင်းဆောင် နို့ဘဲလ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက်ယူနွတ်က တနင်္ဂနွေနေ့က...
HomeNewsLocal Newsလယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ရရှိသူများ...

လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ရရှိသူများ လိုက်နာရမည့် စည်းကမ်းချက်များကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ထုတ်ပြန်

လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရန်နှင့် ပုံစံ (၇)ရရှိသူများ လိုက်နာရမည့် စည်းကမ်းချက်များ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပြန်ထားသည်။

လယ်ယာမြေနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ စည်းကြပ်သောမြေခွန်နှင့် အခြားအခွန်များကို ပေးဆောင်ရမည်ဖြစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သတ်မှတ်သည့်တန်ဖိုးနှင့်အညီ တည်ဆဲဥပဒေအရသတ်မှတ်သော တံဆိပ်ခေါင်းခွန်နှင့် ဦးစီးဌာနကသတ်မှတ်သည့် စာချုပ်စာတမ်းမှတ်ပုံတင်ခတို့ကိုပေးဆောင်၍ သက်ဆိုင်ရာမြို့နယ် ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တည်ဆဲဥပဒေနှင့်အညီ အမွေဆက်ခံခြင်းဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရရှိသည့်အခါ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရဘဲ စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးအတွက်သာ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပေါင်နှံခွင့်ရှိပြီး အစိုးရဘဏ် သို့မဟုတ် အစိုးရက အသိအမှတ်ပြုသောဘဏ်တွင်သာ ပေါင်နှံရမည်ဟု ဆိုသည်။

ထိုနည်းတူ လယ်ယာမြေကို ရာသီသီးနှံ အမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်းမပြုရန်၊ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်းမပြုရန်၊ လယ်ယာမြေကိုလှပ်ထားရန် အကြောင်းတစ်စုံတရာ ပေါ်ပေါက်ပါက မြေတည်ရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရန်၊ ယင်းသို့ လှပ်ထားခြင်းသည်လည်း ရွှေ့ပြောင်းတောင်ယာမြေမှအပ နှစ်နှစ်ဆက်တိုက်ထက်မပိုစေရန်၊ လယ်ယာမြေလုပ်ပိုင်ခွင့်မရမီကာလအတွင်း သို့မဟုတ် လယ်ယာမြေလုပ်ပိုင်ခွင့်နှင့်စပ်လျဉ်း၍ အငြင်းပွားမှု ဖြစ်ပေါ်နေသောကာလအတွင်း လယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်းမပြုရန်လည်း ပါရှိသည်။

ထို့အပြင် လယ်ယာမြေနှင့်စပ်လျဉ်း၍ သက်ဆိုင်သူမည်သူ မဆို သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က ဥပဒေနှင့်အညီ ချမှတ်ထားသောအမိန့်ကို လိုက်နာရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန် စစ်ဖက်ဆိုင်ရာကဏ္ဍအနေဖြင့် တတိယကမ္ဘာစစ်ဖြစ်လာစေရေးကို ကြိုးပမ်းနေပုံရကြောင်း ဒေါ်နယ်ထရမ့်ဂျူနီယာဆို

အမေရိကန် စစ်ဖက်ဆိုင်ရာကဏ္ဍအနေဖြင့် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုမီတွင်ပင်တတိယကမ္ဘာစစ်ဖြစ်လာစေရေးကို ကြိုးပမ်းနေပုံရကြောင်း သားဖြစ်သူ ဒေါ်နယ်ထရမ့်ဂျူနီယာကသူ၏ X လူမှုကွန်ရက်အကောင့်တွင် ရေးသားဖော်ပြခဲ့သည်။ “ကျွန်တော့်အဖေက ငြိမ်းချမ်းရေးနဲ့ အသက်တွေကို ကယ်တင်ဖို့ အခွင့်အရေး မရသေးခင် တတိယကမ္ဘာစစ်ကို ဖြစ်လာစေချင်ပုံရတယ်” ဟု ရုရှားသို့ နက်ရှိုင်းစွာ ဝင်ရောက်တိုက်ခိုက်ရန် အမေရိကန် တာဝေးပစ် ဒုံးကျည်များ အသုံးပြုခြင်းအပေါ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်၏ ခွင့်ပြုချက်နှင့် ပတ်သက်၍ သူကမှတ်ချက်ပေး ပြောကြားခဲ့ပါသည်။ "အသက်တွေဟာ တန်ဖိုးမဲ့တဲ့ အရာတွေမဟုတ်ဘူး။ အဖိုးအတန်ဆုံး"ဟုလည်း သူကဆိုသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ရုရှားနိုင်ငံအတွင်း တိုက်ခိုက်မှုအတွက်...

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်ရန် ရွှေစင် (၄၇၃၉) ချပ်အလှူရရှိထား

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်ခြင်း အခမ်းအနားကို ယနေ့တွင်ကျင်းပခဲ့ပြီး ရွှေစင် (၄၇၃၉) ချပ် အလှူရရှိထားကြောင်း သိရသည်။ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်ခြင်းနှင့် ပတ်သက်၍ အနုမောဒနာစာတမ်းလွှာကို ဖတ်ကြားလျှောက်ထားရာ ၂ဝ၂၄ -၂ဝ၂၅ ခုနှစ် ရွှေသင်္ကန်းတော် တင်လှူခြင်းလုပ်ငန်းကို ရွှေတိဂုံစေတီတော်၏ ဩဝါဒါစရိယ ဆရာတော်ကြီးများထံတွင် ဩဝါဒခံယူခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ဝါးငြမ်းထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယခုအခါ ရွှေပြားသင်္ကန်းတော်များ စတင်၍...

ကန်ဒုံးကျည်များသုံး၍ရုရှားကိုတိုက်ခိုက်ပါကကမ္ဘာစစ်ဖြစ်လာနိုင်-ရုရှား

ရုရှားနယ်မြေအတွင်းပိုင်းအထိ တိုက်ခိုက်ရာတွင် ကိဗ်ကို အမေရိကန်ဒုံးကျည်များ အသုံးပြုခွင့်ပေးလိုက်သည့် ဝါရှင်တန်၏ ဆုံးဖြတ်ချက်သည်ယူကရိန်းစစ်ပွဲကို အရှိန်မြင့်စေကာတတိယကမ္ဘာစစ်ကို ဦးတည်သွားစေနိုင်သည်ဟု ဝါရင့် ရုရှားလွှတ်တော်အမတ်များက နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားလိုက်သည်။ ယူကရိန်း-ရုရှားပဋိပက္ခတွင် ဝါရှင်တန်၏ကြီးမားသောမူဝါဒအပြောင်းအလဲဆိုင်ရာ ဆုံးဖြတ်ချက်ကို အမေရိကန် အရာရှိနှစ်ဦးနှင့် ယင်းဖြစ်စဉ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုတို့က နိုဝင်ဘာ ၁၇ ရက် အစောပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ “အနောက်နိုင်ငံတွေဟာ မနက်လင်းချိန်မှာပဲ ယူကရိန်းနိုင်ငံတော် လုံးဝကြေမွပျက်စီးကာ အဆုံးသတ်သွားလောက်အောင် အရှိန်မြင့်သွားနိုင်တဲ့ အဆင့်တစ်ခုကို ဆုံးဖြတ်လိုက်ကြတာပါ” ဟု ရုရှား၏ အထက်လွှတ်တော် ဖက်ဒရေးရှင်းကောင်စီ၏ ဝါရှင့်အဖွဲ့ဝင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071