လီမာ၊နိုဝင်ဘာ ၁၇
ထိုင်းဘုရင်နှင့်မိဖုရားတို့သည် လာမည့်နှစ်တွင် တရုတ်အစိုးရ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့သွားမည်ဖြစ်ကြောင်းသိရသည်။
လာမည့်နှစ်သည် တရုတ်နှင့်ထိုင်းတို့၏ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ်လည်းဖြစ်သဖြင့် တရုတ်အစိုးရ၏ဖိတ်ကြားမှုဖြင့် ဘုရင်နှင့်မိဖုရားတို့သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပေတုန်တန်ကပြောကြားခဲ့သည်။
ပေတုန်တန်သည် ပီရူးနိုင်ငံ လီမာမြို့၌ကျင်းပနေသည့် ၃၁ ကြိမ်မြောက် အေပက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်နေခြင်းဖြစ်ပြီး အစည်းအဝေးပြင်ပ၌ သမ္မတရှီနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အလားတူပင် လာမည့်နှစ်၌ကျရောက်မည့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် တရုတ်သမ္မတနှင့်ဇနီးဖြစ်သူတို့ ထိုင်းနိုင်ငံသို့လာရောက်လည်ပတ်ရန်မျှော်လင့်ထားကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
ဆက်လက်၍လည်း ထိုင်းနှင့်တရုတ်တို့အကြား ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စများအတွက် အဆင်သင့်ရှိနေကြောင်း မစ္စပေတုန်တန်ကဆက်လက်ပြောကြားခဲ့သည်။
Source : ရှင်းဟွာ