Monday, November 18, 2024

နိုင်ငံခြားဝင်ငွေရရှိစေမည့် ၂ဝ၂၄ ခုနှစ် နှစ်လယ်...

နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိစေမည့် ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲအား ယနေ့ နိုဝင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ စတင်ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့...

စစ်ကိုင်းတိုင်း ဒေသကြီးတွင် မိုးစပါးဧက (၁၈)သိန်းကျော်စိုက်ပျိုးထား

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ်မိုးစပါး ဧက (၁၈)သိန်းကျော်စိုက်ပျိုးထားရာ လတ်တလော ဧက (၁၄၀၀၀) ကျော်ရိတ်သိမ်းထားပြီးဖြစ်ကြောင်း စစ်ကိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး (၁၄)ခရိုင်တွင်...

AICHR အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား...

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် AICHR အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ရှိ လာအိုနိုင်ငံထံမှ မလေးရှားနိုင်ငံက လွှဲပြောင်းတာဝန်ယူမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်...

ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)တည်ဆောက်မှု (၇၀)ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ လေရှီးမြို့ - ပန်ဆပ် - ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်အားဖြတ်၍ တည်ဆောက်ထားသည့်ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်မှုမှာ...
HomeNewsLocal Newsရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ...

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်ရန် ရွှေစင် (၄၇၃၉) ချပ်အလှူရရှိထား

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်ခြင်း အခမ်းအနားကို ယနေ့တွင်ကျင်းပခဲ့ပြီး ရွှေစင် (၄၇၃၉) ချပ် အလှူရရှိထားကြောင်း သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်ခြင်းနှင့် ပတ်သက်၍ အနုမောဒနာစာတမ်းလွှာကို ဖတ်ကြားလျှောက်ထားရာ ၂ဝ၂၄ -၂ဝ၂၅ ခုနှစ် ရွှေသင်္ကန်းတော် တင်လှူခြင်းလုပ်ငန်းကို ရွှေတိဂုံစေတီတော်၏ ဩဝါဒါစရိယ ဆရာတော်ကြီးများထံတွင် ဩဝါဒခံယူခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ဝါးငြမ်းထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခုအခါ ရွှေပြားသင်္ကန်းတော်များ စတင်၍ တင်လှူပူဇော်သွားမည် ဖြစ်ပြီး ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့အထိ ရွှေစင် (၆) ကျပ်သား (၄၆၇) ချပ်၊ ရွှေစင် (၁) ကျပ်သား (၄၂၇၂) ချပ် စုစုပေါင်း ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်မည်ဖြစ်ကာ ရထားပျံပေါ်သို့ အလှူရှင်များကိုယ်တိုင် တင်လှူပူဇော်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးအား (၅)နှစ်တစ်ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းဖြစ်ပြီး နောက်ဆုံး ရွှေသင်္ကန်းကပ်လှူခြင်းကို ၂၀၁၈ -၂၀၁၉ ခုနှစ်က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံခြားဝင်ငွေရရှိစေမည့် ၂ဝ၂၄ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတင်ဖွင့်လှစ်

နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိစေမည့် ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲအား ယနေ့ နိုဝင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ စတင်ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။ နစက ဥက္ကဋ္ဌမှ ဖွင့်ပွဲအခမ်းအနားအတွင်း မဏိရတနာကျောက်စိမ်းခန်းမအတွင်းရောင်းချရန် ပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။ ထို့ပြင် ပုဂ္ဂလိက ကျောက်မျက်ရတနာအချောထည်အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို ကြည့်ရှုအားပေးပြီး ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများကိုလည်း ကြည့်ရှုခဲ့သည်။ ယနေ့မှ စတင်၍ နိုဝင်ဘာ...

စစ်ကိုင်းတိုင်း ဒေသကြီးတွင် မိုးစပါးဧက (၁၈)သိန်းကျော်စိုက်ပျိုးထား

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ်မိုးစပါး ဧက (၁၈)သိန်းကျော်စိုက်ပျိုးထားရာ လတ်တလော ဧက (၁၄၀၀၀) ကျော်ရိတ်သိမ်းထားပြီးဖြစ်ကြောင်း စစ်ကိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး (၁၄)ခရိုင်တွင် ယခုနှစ် မိုးစပါး (၁၈ ၀၈၂၅၇) ဧက လျာထားစိုက်ပျိုးခဲ့ပြီး ယခုအခါ (၁၄၇၇၅) ဧ က ရိတ်သိမ်းပြီးစီးကြောင်း သိရသည်။ "မှော်ဘီ-၂၊ ဆင်းဧကရီ-၃၊ ဧရာမင်း၊ ဆင်းသုခ၊ မနောသုခ၊ ရွှေဘိုပေါ်ဆန်း၊ တောင်ယာစပါး၊ ရက်(၉၀)၊ ကောက်ညှင်း၊ GW-11၊ ရွှေသွယ်ရင်၊ လုံးသွယ်မွှေး၊ ရွှေရင်‌အေး၊ YSR-1 မျိုးတွေစိုက်ကြတာပါ။အထွက်နှုန်းကောင်းမွန်ရေး၊...

AICHR အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား မလေးရှားနိုင်ငံမှ ဆက်လက် တာဝန်ယူ ဆောင်ရွက်မည်

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် AICHR အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ရှိ လာအိုနိုင်ငံထံမှ မလေးရှားနိုင်ငံက လွှဲပြောင်းတာဝန်ယူမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အထူးအစည်းအဝေး(၂/၂၀၂၄) နှင့် ဆက်စပ်အစည်းအဝေးများကို လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ လွမ်ပရာဘန်မြို့တွင် နိုဝင်ဘာ (၁၂) ရက်မှ (၁၅)ရက်အထိ ကျင်းပခဲ့ပြီး AICHR အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အထူးအစည်းအဝေး (၂/၂၀၂၄) နှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၊ မြန်မာကိုယ်စားလှယ် ဦးညွန့်ဆွေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071