Monday, November 18, 2024

ပွဲထွက်ကစားနိုင်မည့် ကစားသမားများအားလုံး ရလဒ်ကောင်းတစ်ခုရအောင်လုပ်နိုင်မည်ကိုယုံ ကြည်ဟု...

ပွဲထွက်ကစားနိုင်မည့် ကစားသမားများအားလုံး မနက်ဖြန်တွင် ရလဒ်ကောင်းတစ်ခုရအောင်လုပ်နိုင်မည်ကိုယုံကြည်သည်ဟု မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဦးမျိုးလှိုင်ဝင်းကပြောသည်။ ယနေ့ နိုဝင်ဘာ ၁၈ ရက်ညနေ ၅ နာရီက သု၀ဏ္ဏ ဘောလုံးကွင်း၌ကျင်းပသည့် မြန်မာ့လက်ရွေးစင်အသင်းနှင့်...

နိုင်ငံခြားဝင်ငွေရရှိစေမည့် ၂ဝ၂၄ ခုနှစ် နှစ်လယ်...

နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိစေမည့် ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲအား ယနေ့ နိုဝင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ စတင်ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့...

စစ်ကိုင်းတိုင်း ဒေသကြီးတွင် မိုးစပါးဧက (၁၈)သိန်းကျော်စိုက်ပျိုးထား

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ်မိုးစပါး ဧက (၁၈)သိန်းကျော်စိုက်ပျိုးထားရာ လတ်တလော ဧက (၁၄၀၀၀) ကျော်ရိတ်သိမ်းထားပြီးဖြစ်ကြောင်း စစ်ကိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး (၁၄)ခရိုင်တွင်...

AICHR အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား...

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် AICHR အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ရှိ လာအိုနိုင်ငံထံမှ မလေးရှားနိုင်ငံက လွှဲပြောင်းတာဝန်ယူမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်...
HomeInternationalအမေရိကန် စစ်ဖက်ဆိုင်ရာကဏ္ဍအနေဖြင့် တတိယကမ္ဘာစစ်ဖြစ်လာစေရေးကို...

အမေရိကန် စစ်ဖက်ဆိုင်ရာကဏ္ဍအနေဖြင့် တတိယကမ္ဘာစစ်ဖြစ်လာစေရေးကို ကြိုးပမ်းနေပုံရကြောင်း ဒေါ်နယ်ထရမ့်ဂျူနီယာဆို

အမေရိကန် စစ်ဖက်ဆိုင်ရာကဏ္ဍအနေဖြင့် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုမီတွင်ပင်တတိယကမ္ဘာစစ်ဖြစ်လာစေရေးကို ကြိုးပမ်းနေပုံရကြောင်း သားဖြစ်သူ ဒေါ်နယ်ထရမ့်ဂျူနီယာကသူ၏ X လူမှုကွန်ရက်အကောင့်တွင် ရေးသားဖော်ပြခဲ့သည်။

“ကျွန်တော့်အဖေက ငြိမ်းချမ်းရေးနဲ့ အသက်တွေကို ကယ်တင်ဖို့ အခွင့်အရေး မရသေးခင် တတိယကမ္ဘာစစ်ကို ဖြစ်လာစေချင်ပုံရတယ်” ဟု ရုရှားသို့ နက်ရှိုင်းစွာ ဝင်ရောက်တိုက်ခိုက်ရန် အမေရိကန် တာဝေးပစ် ဒုံးကျည်များ အသုံးပြုခြင်းအပေါ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်၏ ခွင့်ပြုချက်နှင့် ပတ်သက်၍ သူကမှတ်ချက်ပေး ပြောကြားခဲ့ပါသည်။

“အသက်တွေဟာ တန်ဖိုးမဲ့တဲ့ အရာတွေမဟုတ်ဘူး။ အဖိုးအတန်ဆုံး”ဟုလည်း သူကဆိုသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ရုရှားနိုင်ငံအတွင်း တိုက်ခိုက်မှုအတွက် Army Tactical Missile Systems သို့မဟုတ် ATACMS ဟု လူသိများသော အမေရိကန်မှ ထောက်ပံ့ပေးသည့် တာဝေးပစ်ဒုံးကျည်များကို ယူကရိန်းအား အသုံးပြုခွင့်ပြုခဲ့ကြောင်း New York Times က နိုဝင်ဘာ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။

ထိုနေ့နှောင်းပိုင်းတွင်ပင် ပြင်သစ်နှင့် ဗြိတိန်တို့ကလည်း ဘိုင်ဒင်၏ ဦးဆောင်မှုကို လိုက်နာခဲ့ပြီး ရုရှားနိုင်ငံအတွင်း၌ ၎င်းတို့၏လက်နက်များကို အသုံးပြုတိုက်ခိုက်ရန် ခွင့်ပြုခဲ့ကြောင်း ပြင်သစ်မှ Le Figaro သတင်းဌာနက ရေးသားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပွဲထွက်ကစားနိုင်မည့် ကစားသမားများအားလုံး ရလဒ်ကောင်းတစ်ခုရအောင်လုပ်နိုင်မည်ကိုယုံ ကြည်ဟု မြန်မာအသင်းနည်းပြချုပ်ဦးမျိုးလှိုင်ဝင်းပြော

ပွဲထွက်ကစားနိုင်မည့် ကစားသမားများအားလုံး မနက်ဖြန်တွင် ရလဒ်ကောင်းတစ်ခုရအောင်လုပ်နိုင်မည်ကိုယုံကြည်သည်ဟု မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဦးမျိုးလှိုင်ဝင်းကပြောသည်။ ယနေ့ နိုဝင်ဘာ ၁၈ ရက်ညနေ ၅ နာရီက သု၀ဏ္ဏ ဘောလုံးကွင်း၌ကျင်းပသည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်လက်ရွေးစင်အသင်းတို့၏ FIFA International "A" Friendly Match နိုင်ငံတကာခြေစမ်းပွဲစဉ်အတွက် ပွဲကြိုသတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ " ပြိုင်ဘက် လက်ဘနွန်အသင်းက ဒီကိုမလာခင် ထိုင်းအသင်းနဲ့ခြေစမ်းခဲ့ပြီး ဂိုးမရှိသရေကျထားပါတယ်။ အဲ့ဒီပွဲကို ကျွန်တော်တို့ Video Analysis သေချာလုပ်ပြီးတော့ နည်းစနစ်ပိုင်းပြင်ဆင်ထားပါတယ်။ လက်ဘနွန်က အရပ်အမောင်းမြင့်မားပြီး ကြံ့ခိုင်မှုလည်းကောင်းတယ်။ သူတို့နဲ့ခြေစမ်းရတာ ကျွန်တော်တို့အတွက်အများကြီးအကျိုးရှိပါတယ်"ဟု...

နိုင်ငံခြားဝင်ငွေရရှိစေမည့် ၂ဝ၂၄ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတင်ဖွင့်လှစ်

နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိစေမည့် ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲအား ယနေ့ နိုဝင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ စတင်ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။ နစက ဥက္ကဋ္ဌမှ ဖွင့်ပွဲအခမ်းအနားအတွင်း မဏိရတနာကျောက်စိမ်းခန်းမအတွင်းရောင်းချရန် ပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။ ထို့ပြင် ပုဂ္ဂလိက ကျောက်မျက်ရတနာအချောထည်အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို ကြည့်ရှုအားပေးပြီး ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများကိုလည်း ကြည့်ရှုခဲ့သည်။ ယနေ့မှ စတင်၍ နိုဝင်ဘာ...

စစ်ကိုင်းတိုင်း ဒေသကြီးတွင် မိုးစပါးဧက (၁၈)သိန်းကျော်စိုက်ပျိုးထား

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ်မိုးစပါး ဧက (၁၈)သိန်းကျော်စိုက်ပျိုးထားရာ လတ်တလော ဧက (၁၄၀၀၀) ကျော်ရိတ်သိမ်းထားပြီးဖြစ်ကြောင်း စစ်ကိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး (၁၄)ခရိုင်တွင် ယခုနှစ် မိုးစပါး (၁၈ ၀၈၂၅၇) ဧက လျာထားစိုက်ပျိုးခဲ့ပြီး ယခုအခါ (၁၄၇၇၅) ဧ က ရိတ်သိမ်းပြီးစီးကြောင်း သိရသည်။ "မှော်ဘီ-၂၊ ဆင်းဧကရီ-၃၊ ဧရာမင်း၊ ဆင်းသုခ၊ မနောသုခ၊ ရွှေဘိုပေါ်ဆန်း၊ တောင်ယာစပါး၊ ရက်(၉၀)၊ ကောက်ညှင်း၊ GW-11၊ ရွှေသွယ်ရင်၊ လုံးသွယ်မွှေး၊ ရွှေရင်‌အေး၊ YSR-1 မျိုးတွေစိုက်ကြတာပါ။အထွက်နှုန်းကောင်းမွန်ရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071