Tuesday, November 19, 2024

အာဆီယံနိုင်ငံများနှင့် အိမ်ရှင်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့်နိုင်ရေးနှင့် စပ်လျဉ်း၍...

အာဆီယံနိုင်ငံများနှင့် အိမ်ရှင်နိုင်ငံတို့အကြား ဆက်ဆံရေး တိုးမြှင့်နိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ အာဆီယံကိုင်ရိုကော်မတီ၏ (၂၇၅) ကြိမ်မြောက် အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ...

အီရန်၏ နျူကလီးယားဆိုင်ရာ အစိတ်အပိုင်းအချို့ကိုသာ ပစ်မှတ်ထား...

အီရန်နိုင်ငံအပေါ် အစ္စရေး၏နောက်ဆုံးတိုက်ခိုက်မှုအတွင်း အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်ဆိုင်ရာ အစိတ်အပိုင်းအချို့ကိုသာ အစ္စရေးက တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက လွှတ်တော်အစည်းအဝေးတစ်ခုအတွင်း ပြောကြားခဲ့သည်။ “ဒါဟာ လျှို့ဝှက်ချက်မဟုတ်ပါဘူး။ တိုက်ခိုက်မှုဟာ...

တတိယအကြိမ်မြောက် လေးချီအလဲထိုး မျိုးဆက်သစ် မြန်မာ့‌ဘောက်ဆင်ပြိုင်ပွဲကျင်းပမည်

Myanmar Boxing Commission က ကြီးမှူးကျင်းပမည့် တတိယအကြိမ်မြောက် မျိုးဆက်သစ် မြန်မာ့‌ဘောက်ဆင်ပြိုင်ပွဲတွင် လေးချီအလဲထိုးစနစ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။ ပြိုင်ပွဲကို ၂၀၂၅...

ဒီဇင်ဘာလတွင် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်...

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ယခုနှစ်တွင် ဒီဇင်ဘာ (၆) ရက် (သောကြာနေ့)မှ ဒီဇင်ဘာ (၈)...
HomeInternationalရုရှားနိုင်ငံအတွင်းပိုင်းအထိတိုက်ခိုက်ရန် ယူကရိန်းအား ခွင့်ပြုလိုက်ကြောင်း...

ရုရှားနိုင်ငံအတွင်းပိုင်းအထိတိုက်ခိုက်ရန် ယူကရိန်းအား ခွင့်ပြုလိုက်ကြောင်း ဥရောပသမဂ္ဂ အတည်ပြု

ရုရှားနိုင်ငံအတွင်း ကီလိုမီတာ ၃၀၀ အထိ ထိုးဖောက်တိုက်ခိုက်ရန်အတွက် အမေရိကန်က ထောက်ပံ့ပေးသော ဒုံးကျည်များကိုအသုံးပြုခြင်းနှင့်ပတ်သက်သည့် ကန့်သတ်ချက်များကို အမေရိကန်က ရုပ်သိမ်းခဲ့ကြောင်း အီးယူထိပ်တန်းသံတမန် ဂျိုးဆက်ဘောရဲလ်က နိုဝင်ဘာ ၁၉ ရက်က အတည်ပြု‌ပြောကြားလိုက်သည်။

“ရုရှားပိုင်နက်အတွင်း ကီလိုမီတာ ၃၀၀ အထိ အကွာအဝေးအတွင်း ဒုံးကျည်များ အသုံးပြုရန် အမေရိကန် အစိုးရက ခွင့်ပြုလိုက်သည်။ ၎င်းသည် အမေရိကန် အစိုးရ၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်မီ ယခု ဆုံးဖြတ်ချက်ကို မချခဲ့ခြင်းမှာ အဘယ်ကြောင့်ဆိုသည်ကိုမူ မိမိတို့ မသိပါ” ဟု အီးယူအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် သူက ပြောကြားခဲ့သည်။

“အမေရိကန်တွေက “မဟုတ်ဘူး” လို့ အကြာကြီးပြောခဲ့ပေမယ့် အခုတော့ “ဟုတ်ကဲ့” လို့ ပြောလာပါပြီ”ဟုလည်း ဘောရဲလ်က သတင်းထောက်များကိုပြောသည်။ သံတမန်၏ ပြောကြားချက်အရ အီးယူ နိုင်ငံခြားရေးဝန်ကြီးများသည် ၎င်းတို့၏ အစည်းအဝေးတွင် ထိုကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အမေရိကန်၏ ဆုံးဖြတ်ချက် သတင်းမီဒီယာများဆီသို့ ပေါက်ကြားခဲ့ခြင်းကိုမူ သူက မည်သို့မျှ မှတ်ချက်မပေးပါ။

“ကျွန်တော်တို့ ဒါကို ဆွေးနွေးပြီးပါပြီ” ဟုလည်း ဘောရဲလ်က ပြောကြားခဲ့သည်။ “ဒီနေ့အတွက် ဘုံဆုံးဖြတ်ချက်တစ်ခုမှ မရှိပါဘူး။ နိုင်ငံတိုင်းက ထိုက်သင့်သလောက် ဆောင်ရွက်ပေးမှာပါ”ဟု သူကဆိုသည်။

ယူကရိန်းအား အစွမ်းထက်သည့် လက်နက်များ ထောက်ပံ့ပေးရန် သူအမြဲတမ်း တောင်းဆိုခဲ့ကြောင်းကိုလည်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံနိုင်ငံများနှင့် အိမ်ရှင်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့်နိုင်ရေးနှင့် စပ်လျဉ်း၍ အာဆီယံကိုင်ရိုကော်မတီ အစည်းအဝေးတွင် ဆွေးနွေး

အာဆီယံနိုင်ငံများနှင့် အိမ်ရှင်နိုင်ငံတို့အကြား ဆက်ဆံရေး တိုးမြှင့်နိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ အာဆီယံကိုင်ရိုကော်မတီ၏ (၂၇၅) ကြိမ်မြောက် အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အာဆီယံကိုင်ရိုကော်မတီ (ASEAN CAIRO COMMITTEE - ACC) ၏ (၂၇၅) ကြိမ်မြောက် သံရုံးအကြီးအကဲများ အစည်းအဝေးကို ကိုင်ရိုမြို့ရှိ Conrad Hotel ၌ နိုဝင်ဘာ (၁၈)ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်မှ အခြားသော အာဆီယံ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင်...

အီရန်၏ နျူကလီးယားဆိုင်ရာ အစိတ်အပိုင်းအချို့ကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ဟု အစ္စရေးဆို

အီရန်နိုင်ငံအပေါ် အစ္စရေး၏နောက်ဆုံးတိုက်ခိုက်မှုအတွင်း အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်ဆိုင်ရာ အစိတ်အပိုင်းအချို့ကိုသာ အစ္စရေးက တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက လွှတ်တော်အစည်းအဝေးတစ်ခုအတွင်း ပြောကြားခဲ့သည်။ “ဒါဟာ လျှို့ဝှက်ချက်မဟုတ်ပါဘူး။ တိုက်ခိုက်မှုဟာ သူတို့ရဲ့ နျူကလီးယား အစီအစဉ်ရဲ့ အစိတ်အပိုင်းအချို့ကို ထိမှန်ခဲ့ပါတယ်” ဟု လွှတ်တော်ရုပ်မြင်သံကြားလိုင်းမှ ဝန်ကြီးချုပ်၏ ပြောကြားချက်ကို ဖော်ပြခဲ့သည်။ မည်သည့်အရာမျိုးကို ပစ်မှတ်ထားသည်ဆိုခြင်းကိုမူ နေတန်ယာဟုက မပြောကြားခဲ့ချေ။ သို့သော်လည်း အဆိုပါ တိုက်ခိုက်မှုသည် အီရန်၏ နျူကလီးယား အစီအစဉ်ကို လုံးလုံးလျားလျား ရပ်တန့်သွားစေခြင်း မရှိကြောင်းကိုမူ သူကဝန်ခံခဲ့သည်။ "အီရန် နျူကလီးယား အစီအစဉ်...

တတိယအကြိမ်မြောက် လေးချီအလဲထိုး မျိုးဆက်သစ် မြန်မာ့‌ဘောက်ဆင်ပြိုင်ပွဲကျင်းပမည်

Myanmar Boxing Commission က ကြီးမှူးကျင်းပမည့် တတိယအကြိမ်မြောက် မျိုးဆက်သစ် မြန်မာ့‌ဘောက်ဆင်ပြိုင်ပွဲတွင် လေးချီအလဲထိုးစနစ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။ ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း ကျင်းပပြုလုပ်ရန် ကနဦးစီစဉ်ထားပြီး၊ မျိုးဆက်သစ်တွဲဆိုင်း (၆) ဆိုင်းပါဝင်မည်ဖြစ်ကာ ဝိတ်တန်း သုံးတန်း သတ်မှတ်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ သတ်မှတ်ဝိတ်တန်းများအရ ၅၀ ဒဿမ ၈ ကီလို၊ ၅၇ ဒဿ မ ၁၅ ကီလိုနှင့် ၅၉ ကီလိုတန်းများ ထည့်သွင်းပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ မျိုးဆက်သစ် ကစားသမားများ လျှောက်လွှာတင်ရာတွင်အရည်အချင်းသတ်မှတ်ချက်အနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071