Wednesday, November 20, 2024

NCA သဘောတူစာချုပ်အတိုင်း အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်လျက်ရှိ

နိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)အတိုင်း အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။ ၎င်းမှ ယနေ့ နိုဝင်ဘာ ၁၉ ရက်နံနက်ပိုင်းက...

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုသည့် အဆောက်အဦများ၊ လမ်းတံတားများကို...

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများရှေ့သို့မရောက်နိုင်ခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းကပြုလုပ်သည့် နစက အစည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။ နစက ဥက္ကဋ္ဌက...

မြန်မာအသင်း၏ ခြေစွမ်းနှင့်ကစားပုံကိုချီးကျူးဟု လက်ဘနွန်နည်းပြချုပ်ပြော

မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်အ သင်းတို့သည် ယနေ့ နိုဝင်ဘာ ၁၉ ရက်ညနေ ၅ နာရီက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ ခြေစမ်းပွဲယှဥ်ပြိုင်ကစားခဲ့ရာ လက်ဘနွန်အသင်းက...

တရုတ်တွင်ကျောင်းရှေ့ ယာဉ်တိုက်၍ ကလေးငယ်များစွာ ဒဏ်ရာရ

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် Changde မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်း အပြင်ဘက်တွင် နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ခဲ့သောကြောင့် ကလေးငယ်အများအပြား ဒဏ်ရာရခဲ့သည်ဟု...
HomeNewsLocal Newsတိုင်းရင်းသားကိုယ်စားလှယ်များ နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာနိုင်ရန်လိုအပ်ဟု...

တိုင်းရင်းသားကိုယ်စားလှယ်များ နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာနိုင်ရန်လိုအပ်ဟု နစက ဥက္ကဋ္ဌပြော

ဒေသနှင့်တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရန် တိုင်းရင်း သားကိုယ်စားလှယ်များ နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာနိုင်ရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၁၉ ရက်နံနက်ပိုင်းကပြုလုပ်သည့် နစက အစည်းအဝေးတွင်ပြောကြားခဲ့သည်။

နစကဥက္ကဋ္ဌက ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုများနှင့်ပတ်သက်၍ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် နိုင်ငံ့လူဦးရေ၏ ၆၃ ရာခိုင်နှုန်းကျော်ကိုကောက်ယူနိုင်ခဲ့ပြီး ကျန်ရှိသည့်နေရာများကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်ကောက်ယူနိုင်မည်ဟုခန့်မှန်းထားပြီး ပါတီများမှတ်ပုံတင်ခြင်းကိုလည်း ဥပဒေနှင့်အညီခွင့်ပြုပေးထားပြီးဖြစ်သည်ဟု ထည့်သွင်းပြောကြားသည်။

” လွှတ်တော်အတွင်းမှာ တိုင်းရင်းသားတွေနဲ့ လူထုလူတန်းစားအလွှာတွေကို ကိုယ်စားပြုသူတွေ ကျယ်ပြန့်စွာပါဝင်လာဖို့ အချိုးကျကိုယ်စားပြုစနစ်(PR)ကို တိုင်း၊ ပြည်နယ်နဲ့ အမျိုးသားလွှတ်တော်မှာ ဖော်ဆောင်နိုင်ဖို့ဆောင်ရွက်နေပါတယ်” ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် လာမည့်ရွေးကောက်ပွဲ၌ မဲစာရင်းများ မှားယွင်းမှုမရှိစေရေး၊ မဲစာရင်းများမှန်ကန်မှုရှိစေရေးကို အဓိကဆောင်ရွက်သွားရမည်ဖြစ်၍ ကောင်စီဝင်များအနေဖြင့် မဲစာရင်းများမှန်ကန်မှုရှိစေရန် တာဝန်ခွဲဝေဆောင်ရွက်ရမည်ဟု မှာ ကြားသည်။

” လာမယ့် ရွေးကောက်ပွဲကို Myanmar Electronic Voting Machine စနစ်နဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း အဲဒီမဲပေးစနစ်ကိုအသုံးပြုနေပါတယ်။ မဲစာရင်းမှန်ကန်စေဖို့အတွက် အထောက်အကူပြုတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ ရွေးကောက်ပွဲကို လုံခြုံရေးအရ အပိုင်းလိုက်ခွဲခြားပြီးတော့ ပြုလုပ်နိုင်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ဆက်လက်ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီးပါက အနိုင်ရပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ပြီး သိက္ခာရှိသည့်ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်တစ်ရပ်ကိုဖော်ဆောင်ပေးနိုင်ရမည်ဟုလည်း နစကဥက္ကဋ္ဌက ထည့်သွင်းမှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

NCA သဘောတူစာချုပ်အတိုင်း အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်လျက်ရှိ

နိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)အတိုင်း အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။ ၎င်းမှ ယနေ့ နိုဝင်ဘာ ၁၉ ရက်နံနက်ပိုင်းက နေပြည်တော်တွင်ပြုလုပ်သည့် နစက အစည်းအဝေးသို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နစက အနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးနှင့်ပတ်သက်၍ အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။ ထို့ပြင် NCA သည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှအသိသက်သေများ၊ ပြည်တွင်းအသိသက်သေများရှေ့တွင် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်က...

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုသည့် အဆောက်အဦများ၊ လမ်းတံတားများကို အ ကြမ်းဖက်သမားများက ဆင်ခြင်တုံတရားမဲ့မိုက်လုံးကြီးစွာဖျက်ဆီးနေဟု နစက ဥက္ကဋ္ဌပြော

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများရှေ့သို့မရောက်နိုင်ခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းကပြုလုပ်သည့် နစက အစည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။ နစက ဥက္ကဋ္ဌက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံအတွင်း လမ်း၊ တံတားများ၊ စာသင်ကျောင်းများနှင့် အဆောက်အဦများ ကြီးမားစွာထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် အခြေအနေများကို ပြောသည်။ ထိုသို့ ဖျက်ဆီးခဲ့မှုများကြောင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေရသဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် သုံးစွဲရမည်ငွေကြေးများကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် သုံးစွဲကုန်ကျနေရသဖြင့် နိုင်ငံအတွက်ထိခိုက်နစ်နာစေသည်ကိုလည်း ပြောကြားသည်။ အကြမ်းဖက်သမားများ၏ အသိဉာဏ်အားနည်းမှုနှင့်ပတ်သက်၍လည်း " အဲဒီလို အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေကြခြင်းဟာ ပြည်ပက...

မြန်မာအသင်း၏ ခြေစွမ်းနှင့်ကစားပုံကိုချီးကျူးဟု လက်ဘနွန်နည်းပြချုပ်ပြော

မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်အ သင်းတို့သည် ယနေ့ နိုဝင်ဘာ ၁၉ ရက်ညနေ ၅ နာရီက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ ခြေစမ်းပွဲယှဥ်ပြိုင်ကစားခဲ့ရာ လက်ဘနွန်အသင်းက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထိုသို့ ယှဥ်ပြိုင်ကစားခဲ့ကြပြီးနောက် မြန်မာ့လက်ရွေးစင်အသင်း၏ ခြေစွမ်း၊ ကစားပုံတို့နှင့်ပတ်သက်၍ လက်ဘနွန်အသင်းနည်းပြချုပ် ရာဒူလိုဗစ်က ပွဲပြီးပြောစကားပြောကြားရာ၌ ချီးကျူးပြောကြားခဲ့ခြင်းဖြစ်သည်။ ယနေ့ ခြေစမ်းပွဲသည် ကောင်းမွန်သည့်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ကာ ပွဲချိန်အတွင်း၌ အကြိတ်အနယ်ရှိခဲ့သည်ကို သွင်းဂိုး ၅ ဂိုးကိုကြည့်ခြင်းဖြင့် မြင်တွေ့နိုင်ပြီး မိမိအသင်းအနေဖြင့် လူစားလဲပုံများထိရောက်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သည်ဟု ပြောသည်။ " မြန်မာအသင်းရဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071