ရီယိုဒီဂျနေးရိုး၊နိုဝင်ဘာ ၁၉
တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်နှင့်ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ တနင်းလာနေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် မစ္စတာဝမ်ယိက ယခုနှစ်သည် တရုတ်-ရုရှားသံတမန်ဆက်ဆံရေး၏ ၇၅ နှစ်မြောက်နှစ်ပတ်လည်ဖြစ်ပြီး နှစ်နိုင်ငံလုံးသည် အန္တရာယ်များနှင့်စိန်ခေါ်မှုများကြားမှ နှစ်နိုင်ငံဆက်ဆံရေး၏ နယ်ပယ်အသီးသီးတွင် တိုးတက်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့သည်ဟုလည်းပြောကြားခဲ့သည်။
ယင်းနောက် BRICS ထိပ်သီးအစည်းအဝေးကို ရုရှားက အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အဖွဲ့ဝင်များတိုးချဲ့နိုင်လာသည့်အတွက် ဂုဏ်ပြုစကားဆိုခဲ့ကာ နှစ်နိုင်ငံသမ္မတနှစ်ဦးသည် ထိပ်သီးအစည်းအဝေးပြင်ပတွေ့ဆုံမှုတွင် နှစ်ဘက်ဆက်ဆံရေးကို ယခင်ထက် ပိုတိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်းကတိပြုခဲ့ကြသည်ဟုပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ တရုတ်နိုင်ငံအနေဖြင့် ရုရှားနှင့်ပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံဆက်ဆံရေးကိုခိုင်မာစေရန်၊မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုများကို ဆက်လက်ဖော်ဆောင်သွားရန်အဆင်သင့်ရှိကြောင်းလည်း အလေးပေးပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာလားရော့ဗ်က ၎င်းတို့နှစ်နိုင်ငံ၏ဆက်ဆံရေးသည် မကြုံစဖူး ထူးကဲစွာ အဆင့်မြင့် ဆက်ဆံရေး အနေအထား၌ရှိနေပြီး နှစ်နိုင်ငံအကြီးအကဲများကလည်း နီးကပ်သော အပြန်အလှန် လည်ပတ်မှုများ ရှိနေကာ ပူးပေါင်းဆောင်ရွက်ရေးပန်းတိုင်သစ်များကိုချမှတ်ခဲ့သည်ဟုလည်းဆိုခဲ့သည်။
Source : ရှင်းဟွာ