Wednesday, November 20, 2024

အိန္ဒိယ၌ လေထုညစ်ညမ်းနေဆဲဖြစ်၍ ကျောင်းများပိတ်ထားရဆဲဖြစ်

နူးဒေလီ၊နိုဝင်ဘာ ၁၉ အိန္ဒိယနိုင်ငံ၏မြို့တော်နူးဒေလီနှင့် အနီးတစ်ဝိုက်တွင် လေထုညစ်ညမ်းမှုသဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး အပြင်းထန်ဆုံးအခြေအနေဖြစ်နေသေးသဖြင့် ကျောင်းများပိတ်ထားရကာ တက္ကသိုလ်များကို အွန်လိုင်းသင်ကြားရေးစနစ်သို့ပြောင်းလဲထားသည်ဟုသိရသည်။ လေထုညစ်ညမ်းမှုသည် ပိုမိုဆိုးရွားလာသဖြင့် အာဏာပိုင်များက တင်းကြပ်သောစည်းမျဉ်းများချမှတ်ထားပြီး အခြေအနေကိုထိန်းချုပ်နိုင်ရန်လည်းကြိုးပမ်းလျက်ရှိသည်ဟုလည်းသိရသည်။ အဆိပ်သင့်မီးခိုးမြူများကြောင့် မြင်နိုင်စွမ်းများကျဆင်းလာပြီး...

နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၀၈)တွဲရောင်းချရ

နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသနေသည့် ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း ၁၀၈ တွဲ ရောင်းချရကြောင်း ပြပွဲကျင်းပရေးကော်မတီ၏...

(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဦးတည်ချက်များ၊ ဆောင်ပုဒ်တို့နှင့်အညီ...

လာမည့် နိုဝင်ဘာ ၂၅ ရက်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို မြန်မာနိုင်ငံတဝန်း အကြိုလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့်...

Starship ဒုံးပျံလွှတ်တင်မှုကို ထရမ့်ပ်နှင့် မတ်စ်...

အီလွန်မတ်စ်၏ SpaceX ကုမ္ပဏီသည် ၎င်း၏ ဧရာမဒုံးပျံ Starship ကို အင်္ဂါနေ့တွင် တက္ကဆပ်စ်ရှိ လွှတ်တင်စင်မှ အာကာသသို့ လွှတ်တင်ခဲ့ပြီး ဒုံးပျံ၏...
HomeNewsLocal Newsပြည်ပ သက်ရောက်မှုနှင့် မြန်မာ့အနာဂတ်

ပြည်ပ သက်ရောက်မှုနှင့် မြန်မာ့အနာဂတ်

ယခု နိုဝင်ဘာလဆန်းပိုင်းမှာ မြန်မာနိုင်ငံစီးပွားရေး လောကအတွက် အရေးကြီးတဲ့ ပြည်ပက သက်ရောက်မှု နှစ်ခုနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ တိုးတက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

တစ်ခုက မြန်မာနိုင်ငံအနေနဲ့ ငွေကြေးခဝါချမှုကို ကိုင်တွယ်တားမြစ်တာနဲ့ ပတ်သက်တဲ့ Financial Action Task Force (FATF) ရဲ့အစည်းအဝေး ရလာဒ် နဲ့ နောက်တခုက အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ရဲ့ ၃၅၂ ကြိမ်မြောက် Governing Body (ILO-GB) အစည်းအဝေးက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် တို့ပဲဖြစ်ပါတယ်။

FATF အစည်းအဝေး ဆုံးဖြတ်ချက်

မြန်မာနိုင်ငံအနေနဲ့ ငွေကြေးခဝါချမှု အပေါ် စည်းမျဉ်းစည်းကမ်းတွေ၊ မူဘောင်တွေကို စနစ်တကျဖြစ်စေဖို့ လုပ်ဆောင်မှုတွေမှာ တိုးတက်မှုရှိတယ်လို့ ကောင်းမွန်သော သုံးသပ်ချက်ဖြစ်ပါတယ်။ လုပ်ဆောင်မှုသုံးခုကို အသိအမှတ်ပြု လက်ခံထားပါတယ်။ FATF ရဲ့ ထုတ်ပြန်ချက်ထဲမှာ လိုက်နာဆောင်ရွက်ရန် အကြံပြုချက် ၈ ချက် အနက် ၆ ချက်ဆောင်ရွက်ရန် ကျန်ရှိနေပါတယ်။

သက်ဆိုင်ရာတာဝန်ရှိဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်သူများအားလုံး ပူးပေါင်း ဆောင်ရွက်မှုကြောင့်ရတဲ့ ရလာဒ်ဖြစ်လို့ဆက်ပြီး စနစ်တကျ ဝိုင်းဝန်းကြိုးစားကြရန်လိုတဲ့အခြေအနေဖြစ်ပါတယ်

ILO-GB အစည်းအဝေးဆုံးဖြတ်ချက်

မြန်မာနိုင်ငံအနေနဲ့ ILO convention (၂) ခု ဖြစ်တဲ့ အဓမ္မစေခိုင်းမှုနဲ့ပတ်သက်တဲ့ Convention (၂၉) နဲ့ နောက်တစ်ခုက လွတ်လပ်စွာ အသင်းပင်း ဖွဲ့စည်းခြင်းဆိုတဲ့ Convention (၈၇) တို့ကို လက်ခံလိုက်နာမယ်လို့ ၁၉၅၅ ခုနှစ်ထဲ ကတိကဝတ်ပြုထားပြီး ပြည့်မှီအောင် မဆောင်ရွက်နိုင်ဘူးဆိုတဲ့ စွဲချက်တွေအပေါ် မြန်မာနိုင်ငံကို စုံစမ်းမှုတွေ လုပ်ခဲ့ပြီး စုံစမ်းရေးအဖွဲ့ (Commission of Inquiry) က မြန်မာနိုင်ငံက ဆောင်ရွက်ရမယ့် ပြုပြင်ရန် အချက်များ (recommendation) ကို ထုတ်ပြန်ထားခဲ့တာရှိပါတယ်။

“ဒီအချက်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနဘက်က convention နှစ်ခုကို ပိုမိုလိုက်နာကျင့်သုံးအောင်နဲ့ ဘာတွေဆောင်ရွက်ထားလဲ၊ recommendation တွေကိုဘယ်လောက် ထိပြည့်မှီအောင် ဆောင်ရွက်ခဲ့လဲဆိုတာကိုပြန်တင်ပြတဲ့ “ report back” လုပ်ရမှာပါ။
အခုအချိန်ထိ ILO-GB အစည်းအဝေးမှာရော ILO ရဲ့ ထုတ်ပြန်ချက်တွေအရရော မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာဌာနတွေရဲ့ တုံ့ပြန်ဖြေရှင်းမှုတွေ၊ report back တွေကို ILO အနေနဲ့ အားမလိုအားမရ ဖြစ်နေတဲ့အနေအထားကို တွေ့နေရပါတယ်”ဟု လေ့လာသုံးသပ်သူတစ်ဦးကဆိုပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ ၃၅၂ ကြိမ်မြောက် ILO-GB အစည်းအဝေးမှာ မြန်မာနိုင်ငံက COI ရဲ့ recommendation တွေကို ပြည့်မှီအောင် မလုပ်ဆောင်နိုင်တဲ့အတွက် လာမယ့် ၂၀၂၅ ခုနှစ်၊ ဇွန်လမှာကျင်းပမယ့် ILO International Labour Conference မှာ တင်ပြကြမယ်၊ ဆွေးနွေးကြမယ်၊ မဲခွဲပြီးဘာဆက်လုပ်မလဲဆိုတာတွေကို စိတ်ဝင်စားနေကြပါတယ်။

စွဲချက်တင်ပြီးရင်အရေးယူ ဆောင်ရွက်မှုတွေ လုပ်မယ်ဆိုတဲ့အထိ လူမှုကွန်ယက်တွေမှာ သတင်းတွေထွက်နေခဲ့ပါတယ်။

ဒီလဆန်းကထွက်လာတဲ့ ဆုံးဖြတ်ချက်ကတော့ မြန်မာနိုင်ငံအပေါ် Convention နှစ်ခုနဲ့ ပတ်သက်ပြီး လိုက်နာဆောင်ရွက်မှုကိစ္စတွေ၊ အစိုးရရဲ့ တုံ့ပြန်ဖြေရှင်းမှုတွေ report တွေကို အကဲခတ်တာကို မတ်လ ၂၀၂၅ မှာ ကျင်းပမယ့် ၃၅၃ ကြိမ်မြောက် GB မှာ ဆက်ပြီးဆွေးနွေးမယ် ဆိုတဲ့ အရွှေ့အပြောင်းလေး တစ်ခု ဖြစ်သွားခဲ့ပါတယ်။  အစိုးရနဲ့သက်ဆိုင်ရာဝန်ကြီးဌာန တွေကို COI ရဲ့ recommendation နဲ့ပတ်သက်ပြီးတော့ ဖြစ်ပေါ်တိုးတက်မှုတွေ၊ ဘာတွေဆောင်ရွက်ထားတယ်ဆိုတာကို သေသေချာချာ ပြန်ဖြေကြားဖို့ report back လုပ်ဖို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လ ၁၅ ရက် အထိILO အနေနဲ့ ရက်သတ်မှတ် ပေးထားပါပြီ။ ဒီ report ကိုလက်ခံရရှိပြီးရင် ILO ညွှန်ချုပ်က GB မှာ ပြန်လည်တင်ပြဆွေးနွေးရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုလည်း ပါဝင် ပါတယ်။

ဒါကြောင့် ဇန်နဝါရီလ ၁၅ ရက် မတိုင်ခင် သေသေချာချာ ဖြေရှင်းပေးနိုင်ခဲ့ရင် နိုင်ငံရဲ့လက်ရှိအနေအထားတစ်ခုကနေ ကောင်းတဲ့အရွေ့တစ်ခုခုကိုပြောင်းသွားနိုင်တဲ့ အခွင့်အရေးရှိနေသေးကြောင်းနားလည်ရပါတယ်။

ဒါနဲ့ပတ်သက်လို့ နားလည်သူတစ်ယောက်က” ILO ဘက်ကတောင်းတဲ့မေးခွန်းတွေက နိုင်ငံရေးကိစ္စတွေနဲ့ တချို့ ကိစ္စတွေရဲ့ အခြေအနေကို တိုးတက်အောင် ဘာတွေလုပ်ထားသလဲဆိုတဲ့ technical ဆန်တဲ့ မေးခွန်းတွေဖြစ်ပါတယ်။သူတို့သိချင်တာကို အရိုးရှင်းဆုံးဖြေတာမျိုး၊ ဝေ့မနေဘဲ အမေးနဲ့ အဖြေကိုက်တာမျိုးဖြေပေးနိုင်ရင်တော့ အဆင်ပြေမှာပါ”ဟု သုံးသပ်ထားပါတယ်။

အနာဂတ်ဖြစ်နိုင်ချေ

FATF နဲ့ ILO-GB တွေရဲ့ လာမယ့် ဆုံးဖြတ်ချက်တွေကအနုတ်သဘောဆောင်သွားခဲ့ရင် အစိုးရတစ်ခုတည်းကို ကွက်ပြီး ထိခိုက်စေမှာ မဟုတ်ပါဘူး။ နိုင်ငံတစ်ခုလုံး၊ စီးပွားရေးတစ်ရပ်လုံး၊ ပြည်သူများအားလုံးအပြင် ပြည်တွင်း၊ပြည်ပမှာရှိတဲ့ နိုင်ငံသား အားလုံးအပေါ် ဘယ်နိုင်ငံရေး အသွေးအရောင်ကိုမှ မထောက်ပဲ ကြီးစွာသော သက်ရောက်မှု ဖြစ်လာမှာပါ။

ဖြေရှင်းနိုင်တဲ့reportကို နိုင်ငံသားအားလုံးအတွက် လက်မလွတ်တမ်းဖြေရှင်းနိုင်ကြပါစေ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိန္ဒိယ၌ လေထုညစ်ညမ်းနေဆဲဖြစ်၍ ကျောင်းများပိတ်ထားရဆဲဖြစ်

နူးဒေလီ၊နိုဝင်ဘာ ၁၉ အိန္ဒိယနိုင်ငံ၏မြို့တော်နူးဒေလီနှင့် အနီးတစ်ဝိုက်တွင် လေထုညစ်ညမ်းမှုသဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး အပြင်းထန်ဆုံးအခြေအနေဖြစ်နေသေးသဖြင့် ကျောင်းများပိတ်ထားရကာ တက္ကသိုလ်များကို အွန်လိုင်းသင်ကြားရေးစနစ်သို့ပြောင်းလဲထားသည်ဟုသိရသည်။ လေထုညစ်ညမ်းမှုသည် ပိုမိုဆိုးရွားလာသဖြင့် အာဏာပိုင်များက တင်းကြပ်သောစည်းမျဉ်းများချမှတ်ထားပြီး အခြေအနေကိုထိန်းချုပ်နိုင်ရန်လည်းကြိုးပမ်းလျက်ရှိသည်ဟုလည်းသိရသည်။ အဆိပ်သင့်မီးခိုးမြူများကြောင့် မြင်နိုင်စွမ်းများကျဆင်းလာပြီး လေကြောင်းခရီးစဉ်များလည်း နှောင့်နှေးကြန့်ကြာကာ ရထားနှင့်လေကြောင်းခရီးစဉ်များကိုလည်း အချိန်ရွှေ့ဆိုင်းခြင်းနှင့်ဖျက်သိမ်းခြင်းများပြုလုပ်ခဲ့ရသည်ဟုလည်းသိရသည်။ နိုဝင်ဘာ ၁၉ ရက် အင်္ဂါနေ့နံနက်အထိ ရထားခရီးစဉ် ၂၂ ခုကို အချိန်ရွှေ့ဆိုင်းခဲ့ရပြီး လေကြောင်းခရီးစဉ် ၈ ခုကိုလည်း လမ်းကြောင်းပြောင်းပျံသန်းခဲ့ရသည်ဟုလည်းသိရသည်။ဒေလီ၏သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးကမူ ယခုပြဿနာကို ပြည်ထောင်စုအစိုးရဝန်ကြီးချုပ်မိုဒီအနေဖြင့်လည်း ကြားဝင်ဖြေရှင်းပေးစေလိုသည်ဟုပြောကြားခဲ့သည်။ ယင်းနောက် ၎င်းက မိုးအတုများပြုလုပ်ရွာသွန်းစေခြင်းနည်းသော်လည်းကောင်း ကျွမ်းကျင်ပညာရှင်များ၊အာဏာပိုင်များအနေဖြင့် အရေးပေါ်စည်းဝေးကာ ဝိုင်းဝန်းဖြေရှင်းပေးလိုသည်ဟုလည်းပြောကြားခဲ့သည်။ Source : ရှင်းဟွာ

နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၀၈)တွဲရောင်းချရ

နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသနေသည့် ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း ၁၀၈ တွဲ ရောင်းချရကြောင်း ပြပွဲကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြပွဲ ဒုတိယနေ့တွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲ အမှတ် (၁) မှ အတွဲအမှတ် (၁၄၀) အထိ ပုလဲအတွဲများကို စိတ်ကြိုက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တင်ဒါပုံးများအတွင်းထည့်သွင်းခဲ့သည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေး၍ ပုလဲအတွဲပေါင်း (၁၀၈) တွဲရောင်းချရကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ အလားတူ ပြပွဲတတိယနေ့တွင်လည်း ပုလဲအတွဲအမှတ် (၁၄၁)...

(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဦးတည်ချက်များ၊ ဆောင်ပုဒ်တို့နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်

လာမည့် နိုဝင်ဘာ ၂၅ ရက်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို မြန်မာနိုင်ငံတဝန်း အကြိုလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရေးနှင့် အခမ်းအနားများကို စီမံချက်နှင့်အညီ အောင်မြင်စွာကျင်းပသွားနိုင်မည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် (၁၀၄)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေး ဗဟိုကော်မတီထံမှ သိရသည်။ ဗဟိုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အမျိုးသားအောင်ပွဲနေ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071