Wednesday, November 20, 2024

ကိုးကန့်ခေါင်းဆောင်သည်ဆေးကုသမှုခံယူနေခြင်းသာဖြစ်–ပေကျင်း

ပေကျင်း၊နိုဝင်ဘာ ၁၉ မြန်မာလက်နက်ကိုင်ကိုးကန့်ခေါင်းဆောင်ကို တရုတ်ဘက်မှ ထိန်းသိမ်းထားသည်ဟူသောသတင်းများ ထွက်ပေါ်လာသည်။ ပေကျင်းကဖမ်းဆီးထိန်းသိမ်းထားခြင်းမဟုတ်ဘဲ ၎င်းသည် ယူနန်ပြည်နယ်တွင် ကျန်းမာရေးအတွက် ဆေးကုသမှုခံယူနေခြင်းသာဖြစ်ကြောင်း ပေကျင်းကထုတ်ပြန်ကြေငြာခဲ့သည်။ ပေကျင်းသည် လက်ရှိအစိုးရနှင့်လည်း ကောင်းမွန်သည့်ဆက်ဆံရေးရှိသလို ၎င်းနယ်စပ်ရှိ...

နိုဝင်ဘာလလယ်ထိထိုင်းသို့ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုသန်း၃၀ကျော်

ဘန်ကောက်၊နိုဝင်ဘာ ၂၀ ထိုင်းနိုင်ငံသည် နိုဝင်ဘာလလယ်အထိ ကမ္ဘာလှည့်ခရီးသွား ၃၀ ဒသမ ၅၆ သန်းကျော်စံချိန်တင်ဝင်ရောက်ခဲ့ပြီး ယမန်နှစ်အစောပိုင်းကာလထက် ၂၉ ရာခိုင်နှုန်းမြင့်တက်လာသည်ဟုလည်းသိရသည်။ ယင်းသို့လာရောက်လည်ပတ်သူများအနက် တရုတ်ခရီးသွား ၅...

အာဆီယံကာကွယ်ရေးဝန်ကြီးများ လာအိုတွင် တွေ့ဆုံဆွေးနွေး

အာရှ-ပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံနှင့် ရေကြောင်းအငြင်းပွားမှု မြင့်တက်နေချိန် အမေရိကန်သမ္မတသစ် အကူးအပြောင်းလုပ်တော့မည့်အချိန်တွင် အရှေ့တောင်အာရှ ကာကွယ်ရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များသည် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲအတွက် ဗုဒ္ဓဟူးနေ့တွင် လာအိုနိုင်ငံ၌...

ဆေးဖက်ဝင် ဇီဝဇိုးငှက် မွေးမြူသူ များပြားလာ

ဇီဝဇိုး ငှက်သိုက်များကို တရုတ်၊ ဂျပန်၊ ထိုင်း၊ ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့မှ ဝယ်ယူမှုများလာသောကြောင့် ဇီဝဇိုးငှက်သိုက် မွေးမြူသူများပြားလာကြောင်း အဆိုပါ လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ “တရုတ်က...
HomeInternationalStarship ဒုံးပျံလွှတ်တင်မှုကို ထရမ့်ပ်နှင့်...

Starship ဒုံးပျံလွှတ်တင်မှုကို ထရမ့်ပ်နှင့် မတ်စ် ကြည့်ရှု

အီလွန်မတ်စ်၏ SpaceX ကုမ္ပဏီသည် ၎င်း၏ ဧရာမဒုံးပျံ Starship ကို အင်္ဂါနေ့တွင် တက္ကဆပ်စ်ရှိ လွှတ်တင်စင်မှ အာကာသသို့ လွှတ်တင်ခဲ့ပြီး ဒုံးပျံ၏ အကာသပျံသန်းမှု စွမ်းရည်ကို မြှင့်ခဲ့သည်။ သို့ရာတွင် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်လာရောက်ကြည့်ရှုခဲ့သော အဆိုပါလွှတ်တင်မှုတွင် ဒုံးလွှတ် booster ကို ပစ်စင်သို့ ပြန်ယူရာတွင် လွဲချော်ခဲ့သည်။

လပေါ်သို့ အကာသယာဉ်မှူးများ စေလွှတ်ရန်နှင့် အင်္ဂါဂြိုဟ်သို့ လူပို့ဆောင်ပေးရန် ရည်ရွယ်သော အကြမ်းအားဖြင့် ပေ ၄၀၀ အရှည်ရှိ ဒုံးပျံစနစ်ကို တက္ကဆပ်စ်ပြည်နယ် ဘိုကာချီကာရှိ SpaceX ဒုံးလွှတ်တင်ရေးစခန်းမှ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

Super Heavy ဟု ခေါ်သည့် ဒုံးပျံ၏ ၂၃၃ ပေအရှည်ရှိ ပထမအဆင့် booster သည် ယင်း၏ ဒုတိယအဆင့် Starship ကို အမြင့် မိုင် ၄၀ ခန့်အရောက်တွင် ခွဲထုတ်ကာ ယာဉ်ကို အကာသအတွင်းပို့ ပို့ဆောင်ပေးခဲ့သည်။

Super Heavy သည် ပစ်လွှတ်ခဲ့သော မျှော်စင်နှင့် ချိတ်တွဲထားရာ စက်ကြီးများရှိရာသို့ ပြန်ဆင်းသက်ရမည့်အစား မက္ကဆီကိုပင်လယ်ကွေ့အတွင်းသို့ မမျှော်လင့်ပဲ ပြုတ်ကျခဲ့သည်။ ယင်းလုပ်ငန်းစဉ်၏ နောက်ဆုံးမိနစ်တွင် ရေပြင်မှ လမ်းလွှဲခြင်းသည် တစ်စုံတရာ အမှားအယွင်းဖြစ်ခဲ့သည်ကို ဖော်ပြသည်။

အကာသဘလော့ဂါ Everyday Astronaut မက စီစဉ်သည့် SpaceX ၏ သီးခြားတိုက်ရိုက်ထုတ်လွှင့်ချက်တွင် Super Heavy သည် ပြုတ်ကျလာပြီးနောက် ပင်လယ်ကွေ့မိုးကုတ်စက်ဝိုင်းတွင် ကြီးမားသော မီးလုံးကြီးအဖြစ် ပေါက်ကွဲသွားခဲ့သည်ကို တွေ့ရသည်။

ပြီးခဲ့သောလက လွှတ်တင်မှုတွင်မူ SpaceX သည် booster ကို ပစ်လွှတ်စင်မှ ပြန်ဖမ်းယူသည့် ဆန်းသစ်သောနည်းလမ်းကို ပထမဆုံးအကြိမ် သရုပ်ပြနိုင်ခဲ့ပြီး ၎င်း၏ ပြန်လည်အသုံးပြုနိုင်သော ဖန်တီးမှုတွင် အရေးပါသည့် အဆင့်ကို အောင်မြင်ခဲ့သည်။ အင်္ဂါနေ့က လွှတ်တင်မှုတွင် booster ကို ဆင်းသက်ဖမ်းယူမှုလုပ်ငန်းစဉ်သည် ပိုမို့မြန်ဆန် ခက်ခဲမည်ဟု ယူဆထားကြောင်း မတ်စ်က မလွှတ်မီတွင် ဆိုရှယ်မီဒီယာပေါ်၌ ရေးသားခဲ့သည်။

Ref: ယာဟူးနူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကိုးကန့်ခေါင်းဆောင်သည်ဆေးကုသမှုခံယူနေခြင်းသာဖြစ်–ပေကျင်း

ပေကျင်း၊နိုဝင်ဘာ ၁၉ မြန်မာလက်နက်ကိုင်ကိုးကန့်ခေါင်းဆောင်ကို တရုတ်ဘက်မှ ထိန်းသိမ်းထားသည်ဟူသောသတင်းများ ထွက်ပေါ်လာသည်။ ပေကျင်းကဖမ်းဆီးထိန်းသိမ်းထားခြင်းမဟုတ်ဘဲ ၎င်းသည် ယူနန်ပြည်နယ်တွင် ကျန်းမာရေးအတွက် ဆေးကုသမှုခံယူနေခြင်းသာဖြစ်ကြောင်း ပေကျင်းကထုတ်ပြန်ကြေငြာခဲ့သည်။ ပေကျင်းသည် လက်ရှိအစိုးရနှင့်လည်း ကောင်းမွန်သည့်ဆက်ဆံရေးရှိသလို ၎င်းနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့်လည်း ဆက်ဆံရေးကိုထိန်းထိန်းသိမ်းသိမ်းဆက်ဆံနေခြင်းမျိုးဖြစ်သည်။ မြန်မာပြည်တွင်းမီဒီယာများ၏ဖော်ပြချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတစ်ခုဖြစ်သည့် MNDAA ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးကို တရုတ်ဘက်ကဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်ကသတင်းများထွက်ပေါ်လာခဲ့သည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ တရုတ်ဘက်သို့စုံစမ်းမေးမြန်းခဲ့ရာ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့အနေဖြင့် ကိုးကန့်ခေါင်းဆောင် မစ္စတာဖုန်တာ့ရွှင်အားဖမ်းဆီးခြင်းမဟုတ်ဘဲ ၎င်းသည် ဆေးကုသမှုခံယူရန်အတွက် တရုတ်နိုင်ငံဘက်သို့ဝင်ရောက်ခွင့် လျှောက်ထားခဲ့ခြင်း သာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ Source : အေအက်ဖ်ပီ/အယ်လ်အိတ်ချ်Photo credit to SCMP

နိုဝင်ဘာလလယ်ထိထိုင်းသို့ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုသန်း၃၀ကျော်

ဘန်ကောက်၊နိုဝင်ဘာ ၂၀ ထိုင်းနိုင်ငံသည် နိုဝင်ဘာလလယ်အထိ ကမ္ဘာလှည့်ခရီးသွား ၃၀ ဒသမ ၅၆ သန်းကျော်စံချိန်တင်ဝင်ရောက်ခဲ့ပြီး ယမန်နှစ်အစောပိုင်းကာလထက် ၂၉ ရာခိုင်နှုန်းမြင့်တက်လာသည်ဟုလည်းသိရသည်။ ယင်းသို့လာရောက်လည်ပတ်သူများအနက် တရုတ်ခရီးသွား ၅ ဒသမ ၉၇ သန်းအထိရှိခဲ့ကာ မလေးနိုင်ငံသား ၄ ဒသမ ၃၆ သန်းအထိရှိကာ အိန္ဒိယမှခရီးသွားဧည့်သည်ဝင်ရောက်မှု ၁ ဒသမ ၈၂ သန်းအထိရှိခဲ့ကြောင်း ထိုင်းအားကစားနှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနကထုတ်ပြန်ကြေငြာခဲ့သည်။ ဆက်လက်၍လည်း ဝန်ကြီးဌာနအနေဖြင့် လာမည့်ခရီးသွားရာသီဖြစ်သည့် နှစ်ကုန်ပိုင်းတွင် ယခုထက်ပိုကာ ခရီးသွားများဝင်ရောက်လာနိုင်ကြောင်းခန့်မှန်းထားပြီး လေကြောင်းခရီးစဉ်များတိုးချဲ့နိုင်ခြင်းကလည်း ခရီးသွားတိုးစေသည့်အကြောင်းအရင်းများအနက်တစ်ခုအပါအဝင်ဖြစ်သည်ဟုဆိုခဲ့သည်။ ထိုင်းနိုင်ငံသည် ယခုနှစ်အတွက် ခရီးသွားလုပ်ငန်းမှ ဘတ်ငွေ ၁ ဒသမ...

အာဆီယံကာကွယ်ရေးဝန်ကြီးများ လာအိုတွင် တွေ့ဆုံဆွေးနွေး

အာရှ-ပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံနှင့် ရေကြောင်းအငြင်းပွားမှု မြင့်တက်နေချိန် အမေရိကန်သမ္မတသစ် အကူးအပြောင်းလုပ်တော့မည့်အချိန်တွင် အရှေ့တောင်အာရှ ကာကွယ်ရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များသည် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲအတွက် ဗုဒ္ဓဟူးနေ့တွင် လာအိုနိုင်ငံ၌ တွေ့ဆုံခဲ့ကြသည်။ ဗီယန်ကျင်းတွင် ပြုလုပ်မည့် အဆိုပါ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးသို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်လည်း တက်ရောက်ရန် စီစဉ်ထားကာ ဇန်နဝါရီတွင် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ် ရာထူးမယူမီ အာမခံချက်များရရှိရေး ကြိုးပမ်းကြမည်ဖြစ်သည်။ အော်စတင်သည် သြစတြေးလျတွင် အစိုးရအရာရှိများ၊ ဂျပန်ကာကွယ်ရေးဝန်ကြီးတို့နှင့် အစည်းအဝေးလုပ်ခဲ့ပြီး ၎င်းတို့အနေဖြင့် အာဆီယံကို ထောက်ခံကြောင်းနှင့် ဖိလစ်ပိုင်နှင့် အခြားကမ်းရိုးတန်းနိုင်ငံ ရေယာဉ်များအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အန္တရာယ်ရှိသော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071