နူးဒေလီ၊နိုဝင်ဘာ ၁၉
အိန္ဒိယနိုင်ငံ၏မြို့တော်နူးဒေလီနှင့် အနီးတစ်ဝိုက်တွင် လေထုညစ်ညမ်းမှုသဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး အပြင်းထန်ဆုံးအခြေအနေဖြစ်နေသေးသဖြင့် ကျောင်းများပိတ်ထားရကာ တက္ကသိုလ်များကို အွန်လိုင်းသင်ကြားရေးစနစ်သို့ပြောင်းလဲထားသည်ဟုသိရသည်။
လေထုညစ်ညမ်းမှုသည် ပိုမိုဆိုးရွားလာသဖြင့် အာဏာပိုင်များက တင်းကြပ်သောစည်းမျဉ်းများချမှတ်ထားပြီး အခြေအနေကိုထိန်းချုပ်နိုင်ရန်လည်းကြိုးပမ်းလျက်ရှိသည်ဟုလည်းသိရသည်။
အဆိပ်သင့်မီးခိုးမြူများကြောင့် မြင်နိုင်စွမ်းများကျဆင်းလာပြီး လေကြောင်းခရီးစဉ်များလည်း နှောင့်နှေးကြန့်ကြာကာ ရထားနှင့်လေကြောင်းခရီးစဉ်များကိုလည်း အချိန်ရွှေ့ဆိုင်းခြင်းနှင့်ဖျက်သိမ်းခြင်းများပြုလုပ်ခဲ့ရသည်ဟုလည်းသိရသည်။
နိုဝင်ဘာ ၁၉ ရက် အင်္ဂါနေ့နံနက်အထိ ရထားခရီးစဉ် ၂၂ ခုကို အချိန်ရွှေ့ဆိုင်းခဲ့ရပြီး လေကြောင်းခရီးစဉ် ၈ ခုကိုလည်း လမ်းကြောင်းပြောင်းပျံသန်းခဲ့ရသည်ဟုလည်းသိရသည်။ဒေလီ၏သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးကမူ ယခုပြဿနာကို ပြည်ထောင်စုအစိုးရဝန်ကြီးချုပ်မိုဒီအနေဖြင့်လည်း ကြားဝင်ဖြေရှင်းပေးစေလိုသည်ဟုပြောကြားခဲ့သည်။
ယင်းနောက် ၎င်းက မိုးအတုများပြုလုပ်ရွာသွန်းစေခြင်းနည်းသော်လည်းကောင်း ကျွမ်းကျင်ပညာရှင်များ၊အာဏာပိုင်များအနေဖြင့် အရေးပေါ်စည်းဝေးကာ ဝိုင်းဝန်းဖြေရှင်းပေးလိုသည်ဟုလည်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ