ပေကျင်း၊နိုဝင်ဘာ ၁၉
မြန်မာလက်နက်ကိုင်ကိုးကန့်ခေါင်းဆောင်ကို တရုတ်ဘက်မှ ထိန်းသိမ်းထားသည်ဟူသောသတင်းများ ထွက်ပေါ်လာသည်။ ပေကျင်းကဖမ်းဆီးထိန်းသိမ်းထားခြင်းမဟုတ်ဘဲ ၎င်းသည် ယူနန်ပြည်နယ်တွင် ကျန်းမာရေးအတွက် ဆေးကုသမှုခံယူနေခြင်းသာဖြစ်ကြောင်း ပေကျင်းကထုတ်ပြန်ကြေငြာခဲ့သည်။
ပေကျင်းသည် လက်ရှိအစိုးရနှင့်လည်း ကောင်းမွန်သည့်ဆက်ဆံရေးရှိသလို ၎င်းနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့်လည်း ဆက်ဆံရေးကိုထိန်းထိန်းသိမ်းသိမ်းဆက်ဆံနေခြင်းမျိုးဖြစ်သည်။
မြန်မာပြည်တွင်းမီဒီယာများ၏ဖော်ပြချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတစ်ခုဖြစ်သည့် MNDAA ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးကို တရုတ်ဘက်ကဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်ကသတင်းများထွက်ပေါ်လာခဲ့သည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ တရုတ်ဘက်သို့စုံစမ်းမေးမြန်းခဲ့ရာ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့အနေဖြင့် ကိုးကန့်ခေါင်းဆောင် မစ္စတာဖုန်တာ့ရွှင်အားဖမ်းဆီးခြင်းမဟုတ်ဘဲ ၎င်းသည် ဆေးကုသမှုခံယူရန်အတွက် တရုတ်နိုင်ငံဘက်သို့ဝင်ရောက်ခွင့် လျှောက်ထားခဲ့ခြင်း သာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
Source : အေအက်ဖ်ပီ/အယ်လ်အိတ်ချ်
Photo credit to SCMP