Thursday, November 21, 2024

WFP က ၂၀၂၅ ခုနှစ်အတွင်း...

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (United Nations World Food Programme - WFP) အနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်အတွင်း...

ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှု ယမန်နှစ်ထက်...

ယခု၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုကို ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ (၁၀)သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ...

မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ မြန်မာနိုင်ငံက အများဆုံးဖြစ်လာဟု...

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူဦးရေသည် မြန်မာနိုင်ငံက အများဆုံးဖြစ်လာကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေးလှုပ်ရှားမှုအဖွဲ့ (International Campaign to Ban...

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား (၁၂၀၀၀)...

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား (၁၂၀၀၀) ခန့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဝန်ကြီးဌာနအဆင့်၌ စုစုပေါင်း အားကစားသမား (၅၂၀၀) ကျော်၊...
HomeNewsLocal Newsဝန်ကြီးဌာနအချို့၏ ယခင်ဘဏ္ဍာရေးနှစ် ပိုလျှံငွေများကို...

ဝန်ကြီးဌာနအချို့၏ ယခင်ဘဏ္ဍာရေးနှစ် ပိုလျှံငွေများကို ရာဂီမုန်တိုင်းနောက်ဆက်တွဲလုပ်ငန်းများ၌ အမြန်ဆုံးဖြည့်ဆည်းသွားမည်

ဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများအနေဖြင့် မလိုအပ်သည့်အသုံးစရိတ်များ မသုံးစွဲမိစေရေးနှင့်ပတ်သက်၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒု-ဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်မွန်းလွဲပိုင်းကပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများတင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် မလိုအပ်သည့် အသုံးစရိတ်များ မသုံးစွဲမိစေရေး စိစစ်ကြရန် လိုအပ်သည်ကိုမှာကြားပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေနှင့် ပြုပြင်ပြီးခန့်မှန်းခြေ ရငွေ၊ သုံးငွေ ငွေစာရင်းများကို ရှင်းလင်းပြောကြားသည်။

ထို့ပြင် ရငွေပိုင်းတွင် တိုးမြှင့်ရရှိနိုင်ရန်လျာထား၍ ရငွေတိုးမြှင့်အောင် ဆောင်ရွက်နိုင်သည့် ဝန်ကြီးဌာနများမှလည်း နောင်ဘဏ္ဍာရေးနှစ်များတွင် ယခုထက် ဝင်ငွေပိုမိုရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်သည်ဟု ပြောသည်။

အလားတူ သုံးငွေပိုင်းတွင် ယခင်နှစ်က ဝန်ကြီးဌာနများမှမသုံးနိုင်သည့်ပိုလျှံငွေများအား ပြန်လည်အပ်နှံသည်ကိုတွေ့ရှိရ၍ ဝန်ကြီးဌာနများအနေဖြင့် ကျန်ရှိသည့်(၄)လနှင့် ယခုဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများပြီးစီးအောင်သုံးစွဲရမည့်အသုံးစရိတ်၊ လုပ်ငန်းပြီးစီးမှုအပေါ် စိစစ်မှသာ အသုံးစရိတ်များထပ်မံလျော့ချနိုင်မည်ဖြစ်ပြီး ရရှိလာသည့်ပိုလျှံငွေများကို ရာဂီမုန်တိုင်းနောက်ဆက်တွဲလုပ်ငန်းများတွင် အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်သွားမည်ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြောသည်။

ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အ စည်းများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများကို ပြည်ထောင်စုနှင့် တိုင်း(သို့)ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများကြိုတင်စိစစ်ရေးကော်မတီ၏ စိစစ်ပြီးအခြေအနေအပေါ် ရငွေနှင့်အသုံးစရိတ်များ တိုးမြှင့်လိုခြင်း၊ စိစစ်လျှော့ချလိုခြင်းများရှိပါက တင်ပြပေးကြရမည်ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

WFP က ၂၀၂၅ ခုနှစ်အတွင်း မြန်မာ့လူဦးရေ (၂) သန်းခန့်ကို အကူအညီများ ပေးအပ်ရန် စီစဉ်ထား

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (United Nations World Food Programme - WFP) အနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ လူဦးရေ (၂) သန်းကို အရေးပေါ်ကယ်ဆယ်ရေး၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဉ်များမှတစ်ဆင့် အကူအညီပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ အစီအစဉ်များကို Mr. Michael John Dunford မှ ဦးဆောင်သွားမည်ဖြစ်ပြီး ၎င်းသည် WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ရန် နိုဝင်ဘာ (၂၀)...

ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှု ယမန်နှစ်ထက် အမေရိကန်ဒေါ်လာ (၁၀)သန်းကျော်ဖိုး ပိုမိုတင်ပို့နိုင်ခဲ့

ယခု၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုကို ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ (၁၀)သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ အောက်တိုဘာလကုန်အထိ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း မက်ထရစ်တန် (၂၉၀,၀၀၀) ကျော်တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၃၈၅)သန်းကျော် ရရှိခဲ့ခြင်းဖြစ်သည်။ ထိုသို့တင်ပို့ရာတွင် မြန်မာ့ရေထွက်ကုန်များကို တရုတ်၊ဂျပန်၊ ကိုရီးယား၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၁၄၀) ကျော်ကို နှစ်စဉ် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းမှ တင်ပို့လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ရေထွက်ပစ္စည်းပြုပြင်ထုတ်လုပ်သည့် စက်ရုံပေါင်း (၁၄၀)...

မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ မြန်မာနိုင်ငံက အများဆုံးဖြစ်လာဟု ICBL အစီရင်ခံစာတွင်ဖော်ပြ

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူဦးရေသည် မြန်မာနိုင်ငံက အများဆုံးဖြစ်လာကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေးလှုပ်ရှားမှုအဖွဲ့ (International Campaign to Ban Landmines - ICBL) ၏ နိုဝင်ဘာ (၂၀) ရက်ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ အစီရင်ခံစာတွင် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် လက်နက်ပစ္စည်းကြောင့် လူတစ်ထောင်ကျော် (၁,၀၀၃ ဦး) သေဆုံးခဲ့ကာ ပထမဆုံးအကြိမ် လူသေဆုံးမှု အများဆုံးနိုင်ငံဖြစ်ခဲ့သည်ဟု ဆိုသည်။ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း မြေမြှုပ်မိုင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071