Wednesday, December 4, 2024

လက်ရှိစစ်ရေးပဋိပက္ခများအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းလိုဟု MNDAA ထုတ်ပြန်လာခဲ့

နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားသည့် TNLA သည် နိုဝင်ဘာ ၂၅ ရက်က တွေ့ဆုံဆွေးနွေးမှုများပြုလုပ်လိုကြောင်း ထုတ်ပြန်ပြီးနောက် ရက်ပိုင်းမျှအကြာတွင် MNDAA မှလည်း ယနေ့...

ကုန်ဈေးနှုန်းကြီးမြင့်နေခြင်းကို အစိုးရအဖွဲ့များက စနစ်တကျစိစစ်ကြပ်မတ်ရန် နစက...

နိုင်ငံအတွင်း၌ အခြေခံစားသောက်ကုန်များအပါအဝင် ကုန်ပစ္စည်းများစျေးနှုန်းကြီးမြင့်နေခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်သွားသင့်သည်များကို ယနေ့ ဒီဇင်ဘာ ၃ ရက်မွန်းလွဲပိုင်းကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က...

မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပချိန်တွင် ရုရှားနိုင်ငံမှလေ့လာရေးအဖွဲ့များကို ဖိတ်ခေါ်သွားမည်

မြန်မာနိုင်ငံ၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပချိန်တွင် ရုရှားနိုင်ငံမှလေ့လာရေးအဖွဲ့များကို ဖိတ်ခေါ်သွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ H.E....

တောင်ကိုရီးယား၌ အရေးပေါ်စစ်အုပ်ချုပ်ရေးကြေငြာ

ဆိုးလ်၊ဒီဇင်ဘာ ၃ တောင်ကိုရီးယားသမ္မတယွန်းဆော့ယော်က နိုင်ငံတွင်းအရေးပေါ်စစ်အုပ်ချုပ်ရေးကို‌ယနေ့ထုတ်ပြန်ကြေငြာလိုက်ကြောင်းသိရသည်။ ယခုလိုအရေးပေါ်အခြေအနေထုတ်ပြန်ရခြင်းမှာ တောင်ကိုရီးယားအတွင်းရှိ မြောက်ကိုရီးယားလိုလားသူများ၏ ခြိမ်းခြောက်မှုအန္တရာယ်ကြောင့်ဖြစ်သည်ဟုလည်း၎င်းကဆိုခဲ့သည်။ စစ်အုပ်ချုပ်ရေးကြေငြာခြင်းသည် တောင်ကိုရီးယား၌ ၁၉၈၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်ကြေငြာခြင်းလည်းဖြစ်သည်။ ယခုကြေငြာချက်အရ ပါလီမန်နှင့် နိုင်ငံရေးပါတီများ၏လှုပ်ရှားမှုများကို ပိတ်ပင်မည်ဖြစ်ပြီး...
HomeNewsLocal Newsပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား...

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား (၁၂၀၀၀) ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား (၁၂၀၀၀) ခန့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဝန်ကြီးဌာနအဆင့်၌ စုစုပေါင်း အားကစားသမား (၅၂၀၀) ကျော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်၌ အားကစားသမား (၆၆၀၀) ကျော်နှင့် မသန်စွမ်းအားကစားသမား (၁၄၀) ကျော်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

အဆိုပါ အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၉) ရက်နှင့် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၂၀) ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲများကို ဒီဇင်ဘာ (၂) ရက်မှစတင်ကာ နေပြည်တော်ရှိ အားကစားကွင်းများ၊ အားကစားရုံများကျင်းပသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနအဆင့် အားကစားနည်း (၆)နည်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း (၂၃) နည်း၊ မသန်စွမ်းအားကစားသမားများအတွက် အားကစားနည်း (၄)နည်းပါဝင်မည်ဖြစ်သည်။

ဝန်ကြီးဌာနအဆင့် အသင်းလိုက် အားကစားနည်းများအတွက် ပွဲစဉ်ဇယား မဲနှိုက်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၀ ရက်ကကျင်းပခဲ့ရာ ဝန်ကြီးဌာနအဆင့်အသင်းများမှ အားကစားသမားများသည် ပြေးခုန်ပစ် (အမျိုးသား/ အမျိုးသမီး)၊ ဘောလုံး (အမျိုးသား)၊ ဖူဆယ် (အမျိုးသား)၊ ဂေါက်သီး (အမျိုးသား)၊ ပိုက်ကျော်ခြင်း (အမျိုးသား) နှင့် ဘော်လီဘော (အမျိုးသား) စသည့် အားကစားနည်း (၆)နည်းကို ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လက်ရှိစစ်ရေးပဋိပက္ခများအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းလိုဟု MNDAA ထုတ်ပြန်လာခဲ့

နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားသည့် TNLA သည် နိုဝင်ဘာ ၂၅ ရက်က တွေ့ဆုံဆွေးနွေးမှုများပြုလုပ်လိုကြောင်း ထုတ်ပြန်ပြီးနောက် ရက်ပိုင်းမျှအကြာတွင် MNDAA မှလည်း ယနေ့ ဒီဇင်ဘာ ၃ ရက်တွင် လက်ရှိစစ်ရေးပဋိပက္ခများအား အပစ်အခတ်ရပ်စဲ၍ နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းလိုသည်ဟု ထုတ်ပြန်လာခဲ့သည်။ အဆိုပါထုတ်ပြန်ချက်သည် MNTJP/MNDAA ၏ ရပ်တည်ချက်နှင့်သဘောထားဖြစ်ကြောင်း ဖော်ပြထားပြီး တိုက်ပွဲများဖော်ဆောင်ခဲ့သည့် ဒေသများရှိပြည်သူလူထု၏ အကျိုးကို ငဲ့ညှာထောက်ထားရန်အပါအဝင် တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရန်၊ စစ်ရေးပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ရည်ရွယ်ကြောင်း ဖော်ပြထားသည်။ ၎င်းတို့သည် နိုင်ငံတော်မှခွဲထွက်၍ နိုင်ငံတော်အသစ်ထူထောင်ခြင်းပြုလုပ်မည်မဟုတ်ဘဲ စစ်မှန်သောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုသာ တောင်းဆိုခြင်းဖြစ်သည်ဟုဆိုသည်။ ယနေ့မှစ၍...

ကုန်ဈေးနှုန်းကြီးမြင့်နေခြင်းကို အစိုးရအဖွဲ့များက စနစ်တကျစိစစ်ကြပ်မတ်ရန် နစက ဥက္ကဋ္ဌမှာကြား

နိုင်ငံအတွင်း၌ အခြေခံစားသောက်ကုန်များအပါအဝင် ကုန်ပစ္စည်းများစျေးနှုန်းကြီးမြင့်နေခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်သွားသင့်သည်များကို ယနေ့ ဒီဇင်ဘာ ၃ ရက်မွန်းလွဲပိုင်းကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းမှာကြားခဲ့သည်။ အသား၊ ငါးနှင့် အခြေခံစားကုန် ကုန်ဈေးနှုန်းများကြီးမြင့်လာ၍ ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် အခြေခံစားသောက်ကုန်များအား ပြည်သူများအားရောင်းချရာတွင် သင့်တင့်လျောက်ပတ်သည့်အမြတ်ကိုသာတင်ပြီး အမြတ်ငွေနည်းနည်းနှင့် ပမာဏ များများရောင်းချပြီး သက်သာချောင်ချိမှုရှိစေရန် ဆောင်ရွက်ပေးကြရမည်ဟု ပြောသည်။ " ကုန်ဈေးနှုန်းကြီးမြင့်နေမှုကို ပြည်ထောင်စုအဆင့်၊ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေက စနစ်တကျစိစစ်ကြပ်မတ်ဆောင်ရွက်ရပါမယ် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကုန်ဈေးနှုန်းတွေဖြစ်စေဖို့အတွက် စေတနာထား အပင်ပန်းခံပြီး နိုင်ငံအတွင်းမှာ ဝင်ငွေနဲ့ထွက်ငွေမျှတအောင်ဆောင်ရွက်ကြရပါမယ်"ဟု နစက...

မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပချိန်တွင် ရုရှားနိုင်ငံမှလေ့လာရေးအဖွဲ့များကို ဖိတ်ခေါ်သွားမည်

မြန်မာနိုင်ငံ၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပချိန်တွင် ရုရှားနိုင်ငံမှလေ့လာရေးအဖွဲ့များကို ဖိတ်ခေါ်သွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ H.E. Mr. Sholban Kara – Ool နှင့်တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့သည်။ နစက ဥက္ကဋ္ဌမှ မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ဒီဇင်ဘာ ၃ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့ပြင် မြန်မာနိုင်ငံ၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071