Saturday, November 23, 2024

ရွှေဘိုမြို့ စက်မှုဇုန်နှင့် စက်သုံးဆီ အရောင်းဆိုင်များအား...

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ စက်မှုဇုန်ရှိစက်ရုံ၊ အလုပ်ရုံနှင့် စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် နိုဝင်ဘာလ(၂၁)ရက်တွင် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့...

ယာယီနေရပ်စွန့်ခွာ ကျောင်းသားများအတွက် ကျောင်းအပ်နှံရာ၌ ဖြေလျှော့မှုများ...

ယာယီနေရပ်စွန့်ခွာ ကျောင်းသားများအတွက် ရောက်ရှိရာဒေသမှ ကျောင်းများသို့ ဝင်ရောက်ပညာသင်ကြားနိုင်ရန် ကျောင်းအပ်နှံရာ၌ ဖြေလျှော့မှုများ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်၊...

နှစ်နိုင်ငံ နယ်စပ်ဂိတ်များကိစ္စ မြန်မာလဝက ဝန်ကြီးနှင့်...

မြန်မာ - တရုတ်နယ်စပ်ရှိ နယ်စပ်ဂိတ်များ ပုံမှန်ပြန်လည် ဖွင့်လှစ်နိုင်ရေးကို ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ ကူမင်းမြို့၌ တွေ့ဆုံစဉ်...

တန်ဆောင်တိုင် ပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ အပန်းဖြေလည်ပတ်သူ...

ပြီးခဲ့သည့် တန်ဆောင်တိုင် ပိတ်ရက်ကာလအတွင်း ခရီးသွားဝင်ရောက်မှုအနေဖြင့် ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပခရီးသွား ၉,၆၀၀ ကျော်ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ငွေဆောင်ရုံးခွဲထံမှ သိရသည်။ ယခင်...
HomeNewsLocal Newsမြေမြှုပ်မိုင်းကြောင့် သေဆုံးသူ မြန်မာနိုင်ငံက...

မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ မြန်မာနိုင်ငံက အများဆုံးဖြစ်လာဟု ICBL အစီရင်ခံစာတွင်ဖော်ပြ

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူဦးရေသည် မြန်မာနိုင်ငံက အများဆုံးဖြစ်လာကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေးလှုပ်ရှားမှုအဖွဲ့ (International Campaign to Ban Landmines – ICBL) ၏ နိုဝင်ဘာ (၂၀) ရက်ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာတွင် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် လက်နက်ပစ္စည်းကြောင့် လူတစ်ထောင်ကျော် (၁,၀၀၃ ဦး) သေဆုံးခဲ့ကာ ပထမဆုံးအကြိမ် လူသေဆုံးမှု အများဆုံးနိုင်ငံဖြစ်ခဲ့သည်ဟု ဆိုသည်။

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် လက်နက်ပစ္စည်းများကြောင့် လူ ( ၅၇၅၇ ဦး) သေဆုံးခဲ့ပြီး ကိုလံဘီယာ၊ မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ပါလက်စတိုင်းတို့တွင် အစိုးရမဟုတ်သည့် လက်နက်ကိုင် အဖွဲ့အစည်းများသည် ၂၀၂၃ ခုနှစ် နှင့် ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းများကို ဆက်လက်အသုံးပြုနေကြကြောင်းလည်း အစီရင်ခံစာက ဖော်ပြခဲ့သည်။

အလားတူ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ကလည်း မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်ပစ္စည်းများကြောင့် ၂၀၂၃ ခုနှစ်တွင် အရပ်သား သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုသည် ၂၀၂၂ ခုနှစ်ထက် သုံးဆနီးပါး တိုးလာကြောင်းလည်း ဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေဘိုမြို့ စက်မှုဇုန်နှင့် စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ စက်မှုဇုန်ရှိစက်ရုံ၊ အလုပ်ရုံနှင့် စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် နိုဝင်ဘာလ(၂၁)ရက်တွင် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးရာတွင် ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက စက်မှုဇုန်မှ တည်ဆောက်ဆဲနှင့်တည်ဆောက်ပြီး စက်ရုံ (၅) ရုံအား မီးဘေးလုံခြုံရေးစစ်ဆေးအကြံပြုခြင်း နှင့် Fire Safety Certificate ရယူဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် လက်တွေ့မီးငြိမ်းသတ်နည်းများကို သရုပ်ပြလေ့ကျင့်ပေးခဲ့ပြီး မီးဘေးဖြစ်ပေါ်လာပါက မီးသတ်ဦးစီးဌာနသို့အချိန်မီ သတင်းပို့ရန်နှင့် မီးဘေးအန္တရာယ်စီမံချက်ရေးဆွဲထားရန်၊ ဆွေးနွေးအကြံပြုစစ်ဆေးခဲ့ကြောင်း...

ယာယီနေရပ်စွန့်ခွာ ကျောင်းသားများအတွက် ကျောင်းအပ်နှံရာ၌ ဖြေလျှော့မှုများ စီစဉ်ဆောင်ရွက်ပေးထား

ယာယီနေရပ်စွန့်ခွာ ကျောင်းသားများအတွက် ရောက်ရှိရာဒေသမှ ကျောင်းများသို့ ဝင်ရောက်ပညာသင်ကြားနိုင်ရန် ကျောင်းအပ်နှံရာ၌ ဖြေလျှော့မှုများ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်၊ ကောလိပ်များ စတင်ဖွင့်လှစ်တော့မည် ဖြစ်သည့်အချိန်တွင် ယာယီနေရပ်စွန့်ခွာ ကျောင်းသားများအတွက် ယင်းကဲ့သို့ စီစဉ်ပေးထားခြင်း ဖြစ်သည်ဟု နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖြေကြားထားသည်။ ယာယီနေရပ်စွန့်ခွာ ကျောင်းသားများ ကျောင်းအပ်နှံသည့်အခါ တက္ကသိုလ်များမှ နေ့သင်တန်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်သည့်အခါတွင် ဘွဲ့လက်မှတ် ဆောင်ရွက်နိုင်ရန်အတွက် ကျောင်းအပ်နှံသူ၏ မိဘမှတ်ပုံတင် မိတ္တူများလိုအပ်ပြီး မိဘများ၏ မှတ်ပုံတင်မိတ္တူများ မပါလျှင်လည်း...

နှစ်နိုင်ငံ နယ်စပ်ဂိတ်များကိစ္စ မြန်မာလဝက ဝန်ကြီးနှင့် တရုတ် လုံခြုံရေးဒုဝန်ကြီးတို့ ကူမင်း၌ ဆွေးနွေး

မြန်မာ - တရုတ်နယ်စပ်ရှိ နယ်စပ်ဂိတ်များ ပုံမှန်ပြန်လည် ဖွင့်လှစ်နိုင်ရေးကို ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ ကူမင်းမြို့၌ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ကူမင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Xu Ganlu နှင့်အဖွဲ့ကို ယမန်နေ့နံနက်ပိုင်းက ယူနန်ပြည်နယ်ကူမင်းမြို့ရှိ Double Tree Hilton ဟိုတယ် Shang Shui Ballroom အစည်းအဝေးခန်းမ၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071