ယခု၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုကို ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ (၁၀)သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ အောက်တိုဘာလကုန်အထိ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း မက်ထရစ်တန် (၂၉၀,၀၀၀) ကျော်တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၃၈၅)သန်းကျော် ရရှိခဲ့ခြင်းဖြစ်သည်။
ထိုသို့တင်ပို့ရာတွင် မြန်မာ့ရေထွက်ကုန်များကို တရုတ်၊ဂျပန်၊ ကိုရီးယား၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၁၄၀) ကျော်ကို နှစ်စဉ် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းမှ တင်ပို့လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရေထွက်ပစ္စည်းပြုပြင်ထုတ်လုပ်သည့် စက်ရုံပေါင်း (၁၄၀) ကျော်ရှိပြီး ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် နှစ်စဉ်လိုင်စင်သက်တမ်းတိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်ပသို့ အဓိက တင်ပို့သည့် ရေထွက်ကုန်အမျိုးအစားများမှာ ငါးသလောက်၊ ကတ်ကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်၊ ငါးရှဉ့်၊ ပုစွန် နှင့် ဂဏန်း အစရှိသည့် ရေထွက်ကုန်များပါဝင်ကြောင်း သိရသည်။