Saturday, November 23, 2024

စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရန်ကုန်မြို့မှ ဆန်နှင့်...

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရန်ကုန်မြို့မှ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ တည်ဆောက်ရေးပစ္စည်းများ ယနေ့ နိုဝင်ဘာ (၂၃)ရက်က ရောက်ရှိလာရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်...

ပြည်ပ (၅)နိုင်ငံနှင့် ပြည်တွင်းမှ အလှူရှင်များ၏...

တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များ၏ လှုဒါန်းပစ္စည်းများအား လွိုင်ကော်မြို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၃) ခုသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းလှူဒါန်းပစ္စည်းများတွင်...

ကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် “ခေတ် (၆)ခေတ်”...

ဒီဇင်ဘာလအတွင်း ကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် "ခေတ် (၆) ခေတ်" ယိမ်း အကဖြင့် တင်ဆက်ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။ အမျိုးသားအားကစားပွဲတော်ကို ပဉ္စမအကြိမ် မြောက်...

ဗဟိုဘဏ်မှ ထိုင်းဘတ်နှင့် ဒေါ်လာ ထပ်မံထုတ်ရောင်း

ယမန်နေ့တွင် ထိုင်းဘတ် ၁၇ ဒသမ ၇၉၇ သန်းနှင့် ဒေါ်လာ ၂၅၀၀၀ ထပ်မံထုတ်ရောင်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ဗဟိုဘဏ်မှ ယခုတစ်ကြိမ်ထပ်မံထုတ်ရောင်းပေးမှုအပါအဝင်...
HomeNewsLocal NewsWFP က ၂၀၂၅...

WFP က ၂၀၂၅ ခုနှစ်အတွင်း မြန်မာ့လူဦးရေ (၂) သန်းခန့်ကို အကူအညီများ ပေးအပ်ရန် စီစဉ်ထား

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (United Nations World Food Programme – WFP) အနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ လူဦးရေ (၂) သန်းကို အရေးပေါ်ကယ်ဆယ်ရေး၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဉ်များမှတစ်ဆင့် အကူအညီပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ အစီအစဉ်များကို Mr. Michael John Dunford မှ ဦးဆောင်သွားမည်ဖြစ်ပြီး ၎င်းသည် WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ရန် နိုဝင်ဘာ (၂၀) ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေထံ ၎င်း၏ ခန့်အပ်လွှာကို လာရောက်ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုသို့ လာရောက်ပေးအပ်စဉ် Mr. Dunford က ၎င်း၏ ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် နေရာဒေသအစုံက အရေးပေါ် အကူအညီ လိုအပ်နေသူများထံ WFP ၏ အထောက်အပံ့များ ပေးအပ်နိုင်ရေး ဘက်ပေါင်းစုံမှ ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် နည်းလမ်းအမျိုးမျိုးမှ တစ်ဆင့် ကြိုးစားဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက မြန်မာနိုင်ငံသူ နိုင်ငံသားများဆီတွင် အံ့သြရလောက်သည့် ကြံ့ကြံ့ခံနိုင်ရည်နှင့် မျှော်လင့်ချက်များ ရှိကြသည်ကိုတွေ့ရသည့်အတွက် အထင်ကြီးလေးစားမိကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ အကူအညီများကို ပေးအပ်နိုင်ရန် ရပ်ရွာလူထု ဒေသခံအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း WFP က အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရန်ကုန်မြို့မှ ဆန်နှင့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်များနှင့် တည်ဆောက်ရေးပစ္စည်းများ ဆက်လက်ရောက်ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရန်ကုန်မြို့မှ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ တည်ဆောက်ရေးပစ္စည်းများ ယနေ့ နိုဝင်ဘာ (၂၃)ရက်က ရောက်ရှိလာရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ အမ်ဗွီအောင်ရတနာသင်္ဘောတွင် ဆန်နှင့်စားသုံးကုန်ပစ္စည်းများ စုစုပေါင်း (၇၀၇) တန် တင်ဆောင်၍လည်းကောင်း၊ အမ်ဗွီရွှေသုဝဏ်သင်္ဘောတွင် ဆန်နှင့်...

ပြည်ပ (၅)နိုင်ငံနှင့် ပြည်တွင်းမှ အလှူရှင်များ၏ လှူဒါန်းမှုများအား လွိုင်ကော်မြို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၃) ခုသို့ ထောက်ပံ့ပေးအပ်

တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များ၏ လှုဒါန်းပစ္စည်းများအား လွိုင်ကော်မြို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၃) ခုသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းလှူဒါန်းပစ္စည်းများတွင် အဝတ်အထည်၊ စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများနှင့် ကျောင်းသုံးဗလာစာအုပ်များလည်း ပါဝင်ပြီး ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့ နိုဝင်ဘာ (၂၂) က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များက ပေးပို့လှူဒါန်းသည့် အဝတ်အထည်၊...

ကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် “ခေတ် (၆)ခေတ်” ယိမ်းအကဖြင့် တင်ဆက်ဖျော်ဖြေမည်

ဒီဇင်ဘာလအတွင်း ကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် "ခေတ် (၆) ခေတ်" ယိမ်း အကဖြင့် တင်ဆက်ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။ အမျိုးသားအားကစားပွဲတော်ကို ပဉ္စမအကြိမ် မြောက် ကျင်းပခြင်းဖြစ်ပြီး ယိမ်းအက အစီအစဉ်၌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ တာဝန်ယူဆောင်ရွက်မည့် ကုန်းဘောင်ခေတ်နှင့် အင်းဝခေတ်အကများကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ခမ်းနားလှပစွာ တင်ဆက်ဖျော်ဖြေနိုင်ရေးအတွက် သဘင်ပညာဌာနမှ ဆရာမများ ကြီးကြပ်၍ ကျောင်းသူ (၁၀၀)နှင့် လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် အားကစားသမား (၁၂၀၀၀) ခန့် ပါဝင်ယှဉ်ပြိုင်မည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071