Sunday, November 24, 2024

အမျိုးသား အလွတ်တန်း စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား...

ဒီဇင်ဘာ အားကစားလအကြို အမျိုးသား အလွတ်တန်း (MOUNTAIN BIKE )စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား (၁၈၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို...

အောင်ပန်းမြို့၌ ငရုတ်၊ ကြက်သွန်နှင့် ဂျင်းသီးနှံ...

ရှမ်းပြည်နယ်တောင်ပိုင်း၌ စိုက်ပျိုးထွက်ရှိသည့် ငရုတ်၊ ကြက်သွန်နှင့် ချင်းသီးနှံကုန်စည်ပြပွဲကို ဒီဇင်ဘာလ (၁၁) ရက်နှင့် (၁၂) ရက်တို့တွင် အောင်ပန်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ...

ထိုင်းအစိုးရက ကမ္ဘောဒီးယားသို့ တံတားသစ်တစ်စင်းဆောက်မည်

‌ဖနောင်ပင်၊နိုဝင်ဘာ ၂၄ ထိုင်းအစိုးရက ကမ္ဘောဒီးယားနှင့်ဆက်သွယ်ပေးမည့် တံတားအသစ်တစ်စင်းကို တည်ဆောက်မည်ဖြစ်ပြီး အဆိုပါတံတားသည် ထိုင်းဘတ်ငွေ ၁၅ သန်းခန့်တန်ဖိုးရှိကြောင်းလည်းသိရသည်။ ယခုဆောက်လုပ်မည့်တံတားအသစ်ကြောင့် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကို ပိုမိုတိုးတက်လာစေမည်ဖြစ်သည်ဟုလည်း...

မြန်မာနှလုံးရောဂါဆေးပညာရှင်များ တစ်နှစ်အတွင်း နှလုံးခွဲစိတ်မှု (၂၀၀၀)ကျော်ပြုလုပ်ခဲ့

မြန်မာနိုင်ငံတွင် နှလုံးရောဂါဆေးပညာရှင်များမှ တစ်နှစ်တာအတွင်း နှလုံးခွဲစိတ်မှု(၂၃၇၅)ကြိမ် ပြုလုပ်ခဲ့ပြီး နှလုံးသွေးကြောချဲ့ကုသမှု အပါအဝင်နှလုံးရောဂါကုသမှု(၅၈၀၀) ကျော်ကိုပါ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာရပ်ဆိုင်ရာညီလာခံဖွင့်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...
HomeInternationalတရုတ်နှင့်လာအိုက လူသားချင်းစာနာသောကယ်ဆယ်ရေးလေ့ကျင့်မှုပြုလုပ်

တရုတ်နှင့်လာအိုက လူသားချင်းစာနာသောကယ်ဆယ်ရေးလေ့ကျင့်မှုပြုလုပ်

ဗီယန်ကျင်း၊နိုဝင်ဘာ ၂၁

တရုတ်နှင့်လာအိုတို့သည် “Peace Train-2024” အမည်ရှိ လူသားချင်းစာနာမှု‌ေသာ ဆေးကုသကယ်ဆယ်ရေးလေ့ကျင့်ခန်းကို လာအိုနိုင်ငံအလယ်ပိုင်း ဗီယန်ကျန်းပြည်နယ် Phonhong ခရိုင်ရှိ Phonhong ရထားဘူတာ၌ ပြုလုပ်လေ့ကျင့်ခဲ့ကြောင်းသိရသည်။

ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် တရုတ်နှင့် လာအို စစ်ဘက်ဆိုင်ရာ ပူးတွဲကွပ်ကဲမှု နှင့် ပူးတွဲကယ်တင်ခြင်းများကို အဓိကထား လေ့ကျင့်ခဲ့သည်ဟုလည်းသိရသည်။

အဆိုပါလေ့ကျင့်မှု၌ ဒဏ်ရာရရှိသူများနှင့် ဖျားနာသူများကို ကုသရေး၊ကျန်းမာရေးနှင့် ကူးစက်ရောဂါ ကာကွယ်ရေးနှင့် စိတ်ပိုင်းဆိုင်ရာစသည့် သင်တန်းများကို နှစ်ဖက်ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုလည်းဆိုသည်။

ယခုလေ့ကျင့်မှုတွင် လေ့ကျင့်ခန်းခွဲများစွာနှင့် စုစည်းလေ့ကျင့်မှုများပါဝင်ပြီး နှစ်ဖက်လုံးမှဆေးအဖွဲ့များသည် အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်ဟုလည်းဆိုသည်။

လေ့ကျင့်မှုတွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သဘာဝဘေးဒဏ်သင့်ရာ‌ေနရာသို့ လျင်မြန်စွာဝင်ရောက်၍ ထိခိုက်ဒဏ်ရာရရှိသူများကို ရှာဖွေကယ်ဆယ်ကာ မြန်မြန်ဆန်ဆန်တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက်လည်းလေ့ကျင့်ခဲ့ကြသည်။

ပူးတွဲလေ့ကျင့်မှုအပြီးတွင် ပါဝင်သူအားလုံးသည် ချို့ယွင်းချက်များကို ပြန်လည်သုံးသပ်ခြင်း၊အကျဉ်းချုံ့မှတ်ချက်ပေးခြင်း၊စံချိန်စံညွှန်းသတ်မှတ်ထားသော ပူးတွဲကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပံ့ပိုးမှုညှိနှိုင်းဆောင်ရွက်ခြင်းများလည်းပြုလုပ်ခဲ့ကာ ပူးတွဲလေ့ကျင့်မှုများ၏ အရည်အသွေးနှင့်ထိရောက်မှုကို မြှင့်တင်ပေးရန်လည်းကြိုးပမ်းခဲ့ကြသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသား အလွတ်တန်း စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား (၁၈၃) ဦး ဝင်ရောက်ယှဉ်ပြိုင်

ဒီဇင်ဘာ အားကစားလအကြို အမျိုးသား အလွတ်တန်း (MOUNTAIN BIKE )စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား (၁၈၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုဝင်ဘာ (၂၃)ရက် နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ကန်ရိပ်သာလမ်းရှိ တင့်ကားကုန်းဝင်ပေါက်ရှေ့၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲ၌ အမျိုးသား (၁၇၇) ဦးနှင့် အမျိုးသမီး(၆)ဦး ဝင်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ‌ေ-သနတ်ပစ်ဖောက်စတင် တာလွှတ်ပေးရာ ပြိုင်ပွဲဝင် ကစားသမားများကစုရပ်မှတာထွက်၍ ကန်ရိပ်သာလမ်း ၊...

အောင်ပန်းမြို့၌ ငရုတ်၊ ကြက်သွန်နှင့် ဂျင်းသီးနှံ ကုန်စည်ပြပွဲကျင်းပမည်

ရှမ်းပြည်နယ်တောင်ပိုင်း၌ စိုက်ပျိုးထွက်ရှိသည့် ငရုတ်၊ ကြက်သွန်နှင့် ချင်းသီးနှံကုန်စည်ပြပွဲကို ဒီဇင်ဘာလ (၁၁) ရက်နှင့် (၁၂) ရက်တို့တွင် အောင်ပန်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲကို ကလော၊ အောင်ပန်းနှင့် ပင်းတယဒေသရှိ တောင်သူများအတွက် အဓိကကျင်းပခြင်းဖြစ်ပြီးတောင်သူများအနေဖြင့် အစုအဖွဲ့လိုက် ရောင်းဝယ်တတ်စေရန်နှင့် ဈေးကွက်ကောင်းတွေရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲတွင်ဝယ်ယူသူများအနေဖြင့် တောင်သူများနှင့် တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်မည့်အပြင် စိုက်ပျိုးသူများအဆင်‌ပြေ‌စေရန် ပြပွဲကို (၁၅) ရက်လျှင်တစ်ကြိမ်ကျင်းပမည်ဖြစ်ကြောင်း၊ တောင်သူဈေးနှင့်အတူ ပွဲရုံ၊ ကုန်သည်၊ ကုန်စည်ဒိုင်များ ဈေးကောင်းရရှိစေရန်အခြေခံဈေးနှုန်းများ သတ်မှတ်ဝယ်ယူပေးမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် တောင်သူများအတွက် စိုက်ပျိုးနည်းပညာအပြင်...

ထိုင်းအစိုးရက ကမ္ဘောဒီးယားသို့ တံတားသစ်တစ်စင်းဆောက်မည်

‌ဖနောင်ပင်၊နိုဝင်ဘာ ၂၄ ထိုင်းအစိုးရက ကမ္ဘောဒီးယားနှင့်ဆက်သွယ်ပေးမည့် တံတားအသစ်တစ်စင်းကို တည်ဆောက်မည်ဖြစ်ပြီး အဆိုပါတံတားသည် ထိုင်းဘတ်ငွေ ၁၅ သန်းခန့်တန်ဖိုးရှိကြောင်းလည်းသိရသည်။ ယခုဆောက်လုပ်မည့်တံတားအသစ်ကြောင့် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကို ပိုမိုတိုးတက်လာစေမည်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။ အဆိုပါကွန်ကရစ်တံတားသည် မီတာ ၄၀ ခန့် ရှည်မည်ဖြစ်ပြီး ယာဉ်လမ်းကြောတစ်ဖက်စီတွင် သုံးမီတာကျယ်သော လူသွားလမ်းများလည်းပါရှိမည်ဖြစ်သည်ဟုသိရသည်။ဆောက်လုပ်ရေးလုပ်ငန်းကို လာမည့်နှစ်တွင်စတင်နိုင်ရန် စီစဉ်ထားသည်ဟုလည်းဆိုသည်။ အဆိုပါစီမံကိန်းသည် နှစ်နိုင်ငံနယ်စပ်တွင် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးမည့်အပြင် ခရီးသွားလာရေးနှင့် ကုန်သွယ်မှုတို့ကိုပါ လွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သည့် Anutin ကပြောကြားခဲ့သည်။ ထိုင်းနှင့်ကမ္ဘောဒီးယား တာဝန်ရှိသူများက စီမံကိန်းအတွက် သဘောတူညီချက်မူကြမ်းကို ထိုင်းအစိုးရ အဖွဲ့ထံတင်ပြပြီး မကြာခင် အတည်ပြုနိုင်မည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071