မော်စကို၊နိုဝင်ဘာ ၂၀
ရုရှားသည် အမေရိက က ယူကရိန်းကို တာဝေးပစ်ဒုံးများဖြင့် ရုရှားပိုင်နက်ထဲအထိ အသုံးပြုတိုက်ခိုက်ခွင့်ပေးလိုက်ပြီးနောက် ယူကရိန်းနယ်စပ်အနီး၌ နျူစွမ်းရည်ရှိသည့် ၎င်း၏မဟာဗျူဟာမြောက် Tu – 160 နှင့် Tu – 95Ms အမျိုးအစားဗုံးကျဲလေယာဉ်များအား တိုးမြှင့်ဖြန့်ကျက်လာခဲ့သည်။
နိုဝင်ဘာလ ၁၈ ရက်နေ့အထိ အိုလီနာ လေတပ်အခြေစိုက်စခန်းတွင် Tu -160 ဗုံးကျဲလေယာဉ် ၈ စင်းနှင့် Engles 2 အခြေစိုက်စခန်းတွင် ၂ စင်းရှိကြောင်းသိရပြီး Tu – 160 နှင့် Tu – 95Ms များ၏စုစုပေါင်းအရေအတွက်မှာ ၂၉ စင်းအထိများပြားလာကြောင်းသိရသည်။
ကာကွယ်ရေးဌာနကျွမ်းကျင်သူတစ်ဦး၏ပြောကြားချက်အရ နိုဝင်ဘာ ၁၇ ရက်တွင် ရုရှားသည် Tu -160 ဗုံးကျဲလေယာဉ်ခြောက်စင်းမှ Kh – 101 အမျိုးအစားဒုံးကျည်များဖြင့် တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ပြီး ၎င်းတိုက်ခိုက်မှုသည် နှစ်ဖက်တိုက်ပွဲ ရက်ပေါင်း ၅၅၀ အတွင်း ယူကရိန်းသို့ ပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်သည်။
အလားတူတိုက်ခိုက်မှုမျိုးကို ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့ တစ်ခေါက်တိုက်ခိုက်ခဲ့သေးကာ ပထမအကြိမ်တိုက်ခိုက်မှုတွင် Tu – 160 အမျိုးအစားဗုံးကျဲလေယာဉ်နှစ်စင်းနှင့် Tu – 95Ms ရှစ်စင်းတို့ဖြင့်ပေါင်းစပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ခရုဇ်ဒုံးကျည် ၂၂ စင်းပစ်လွှတ်ခဲ့ကြောင်းသိရသည်။
လက်ရှိအချိန်၌မူ ရုရှားဘက်မှ နျူစွမ်းရည်ရှိ ဗုံးကျဲလေယာဉ်များအား တိုးမြှင့်တပ်ဖြန့်လာခြင်းသာရှိသေးပြီး Kh–101 ဖြင့် ပထမတစ်ခါကကဲ့သို့ ပစ်လွှတ်တိုက်ခိုက်မည့်အခြေအနေမျိုးမမြင်ရသေးကြောင်းလည်း ကျွမ်းကျင်သူများကပြောကြားခဲ့သည်။
Source : ယူနိုက်တက်24မီဒီယာ