Sunday, November 24, 2024

မြန်မာနှလုံးရောဂါဆေးပညာရှင်များ တစ်နှစ်အတွင်း နှလုံးခွဲစိတ်မှု (၂၀၀၀)ကျော်ပြုလုပ်ခဲ့

မြန်မာနိုင်ငံတွင် နှလုံးရောဂါဆေးပညာရှင်များမှ တစ်နှစ်တာအတွင်း နှလုံးခွဲစိတ်မှု(၂၃၇၅)ကြိမ် ပြုလုပ်ခဲ့ပြီး နှလုံးသွေးကြောချဲ့ကုသမှု အပါအဝင်နှလုံးရောဂါကုသမှု(၅၈၀၀) ကျော်ကိုပါ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာရပ်ဆိုင်ရာညီလာခံဖွင့်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့မှစ၍ နိုဝင်ဘာ ၂၈...

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့ နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်အတွင်း မြန်မာ့ပင်လယ်ပြင်၌ မိုးသက်လေပြင်းများတိုက်ခတ်နိုင်သည်ဟု မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲမှ ယနေ့...

မြန်မာ့ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို စောင့်ကြည့်လေ့လာရန် ကမ္ဘောဒီးယား အာဏာရပါတီ...

 ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် မြန်မာ့ရွေးကောက်ပွဲ လုပ်ငန်းစဉ် ကို စောင့်ကြည့်လေ့လာရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ယူအက်စ်ဒီပီ)၏ တောင်းဆိုချက်အရကမ္ဘောဒီးယားပြည်သူ့ပါတီ(စီပီပီ)...

မြန်မာ့ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို စောင့်ကြည့်လေ့လာရန် ကမ္ဘောဒီးယား အာဏာရပါတီ...

၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် မြန်မာ့ရွေးကောက်ပွဲ လုပ်ငန်းစဉ် ကို စောင့်ကြည့်လေ့လာရန် ကမ္ဘောဒီးယားပြည်သူ့ပါတီ(စီပီပီ) က ကိုယ်စားလှယ်တစ်ဖွဲ့စေလွှတ်သွားမည်ဖြစ်သည်။ နိုဝင်ဘာလ ၂၂...
HomeInternationalအမေရိကက ဗီယက်နမ်သို့ လေ့ကျင့်ရေးလေယာဉ်များစေလွှတ်ခဲ့

အမေရိကက ဗီယက်နမ်သို့ လေ့ကျင့်ရေးလေယာဉ်များစေလွှတ်ခဲ့

ဟနွိုင်း၊နိုဝင်ဘာ ၂၀

ဗီယက်နမ်နိုင်ငံလေတပ်သည် ၎င်း၏လေ့ကျင့်ရေးစွမ်းရည်ကို မြှင့်တင်ရန်ကြိုးပမ်းနေချိန်၌ အမေရိကက ဗီယက်နမ်သို့ လေ့ကျင့်ရေးလေယာဉ်သုံးစင်းကို ပေးပို့ခဲ့ကြောင်းသိရသည်။

အဆိုပါလေယာဉ်သုံးစင်းသည် အမေရိကထံမှ ဗီယက်နမ်လေတပ်ရရှိမည့် လေယာဉ် ၁၂ စင်းအနက် နမူနာသုံးစင်းဖြစ်သည်ဟုလည်း အမေရိကန် အင်ဒို – ပစိဖိတ်ဒေသ စစ်ဌာနချုပ်၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

“ယနေ့ဗီယက်နမ်လေတပ်ကိုရောက်ရှိလာတဲ့ T-6 အမျိုးအစားလေယာဉ်တွေဟာ ဗီယက်နမ်လေတပ်စွမ်းရည်မြှင့်တင်ရေးအတွက် အမေရိကရဲ့ကတိကဝတ်ကို သက်သေပြခဲ့တာပါ” ဟုလည်း ပစိဖိတ်ဒေသလေတပ်၏ တပ်မှူးဗိုလ်ချုပ်ကြီး ကီဗင်ရှီနီဒါကပြောကြားခဲ့သည်။

ယခုကဲ့သို့ ပေးပို့ထောက်ပံ့ခြင်းသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အမေရိက၏အကူအညီဆိုင်ရာကတိကဝတ်များအတိုင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်းပြောကြားခဲ့ပြီး အဆိုပါလေ့ကျင့်ရေးလေယာဉ်များသည် ဟိုချီမင်းမြို့အရှေ့ဘက်ကမ်းရိုးတန်းရှိ Phan Thiet လေတပ်အခြေစိုက်စခန်းသို့ ဆင်းသက်မည်ဟုလည်းသိရသည်။

“ဒီလေယာဉ်တွေနဲ့အတူ ဗီယက်နမ်ရဲ့အထူးလေ့ကျင့်ထားတဲ့လေသူရဲများ၊အမေရိကအပါအဝင် ကျန်နိုင်ငံတကာမိတ်ဖက်တွေနဲ့အတူပူးပေါင်းဆောင်ရွက်ပြီး ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ဆက်လက်စောင့်ထိန်းသွားမှာပါ” ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

ဆက်လက်၍လည်း ယခုကဲ့သို့ကြိုတင်ပြင်ဆင်ထားခြင်းများသည် ဗီယက်နမ်အပါအဝင် ဒေသတွင်း၌ ရင်ဆိုင်နေရသည့် ခြိမ်းခြောက်မှုများကို ဟန့်တားရာ၌ ပိုမိုကောင်းမွန်စေသည့်အရာလည်းဖြစ်သည်ဟုပြောကြားခဲ့သည်။

Source : ဖလိုက်ထ်ဂလိုဘယ်လ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနှလုံးရောဂါဆေးပညာရှင်များ တစ်နှစ်အတွင်း နှလုံးခွဲစိတ်မှု (၂၀၀၀)ကျော်ပြုလုပ်ခဲ့

မြန်မာနိုင်ငံတွင် နှလုံးရောဂါဆေးပညာရှင်များမှ တစ်နှစ်တာအတွင်း နှလုံးခွဲစိတ်မှု(၂၃၇၅)ကြိမ် ပြုလုပ်ခဲ့ပြီး နှလုံးသွေးကြောချဲ့ကုသမှု အပါအဝင်နှလုံးရောဂါကုသမှု(၅၈၀၀) ကျော်ကိုပါ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာရပ်ဆိုင်ရာညီလာခံဖွင့်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါ ပညာရပ်ဆိုင်ရာညီလာခံ၌ မြန်မာနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် အမေရိကန်နိုင်ငံများမှ နှလုံးရောဂါဆေးပညာရှင်များ အတွေ့အကြုံ၊ ဗဟုသုတများအပြန်အလှန်မျှဝေကြမည် ဖြစ်ကြောင်းလည်း သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ အထွေထွေရောဂါကုဆရာဝန်များ၊ ဆေးပညာရှင်များ၊ နှလုံးရောဂါအထူးကု ဆရာဝန်များအတွက် ဗဟုသုတနှင့်ကျွမ်းကျင်မှုပိုင်းဆိုင်ရာများကို...

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့မှစ၍ နိုဝင်ဘာ ၂၈ ရက်အတွင်း မြန်မာ့ပင်လယ်ပြင်၌ မိုးသက်လေပြင်းများတိုက်ခတ်နိုင်

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့ နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်အတွင်း မြန်မာ့ပင်လယ်ပြင်၌ မိုးသက်လေပြင်းများတိုက်ခတ်နိုင်သည်ဟု မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲမှ ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့လည် ၁ နာရီက အသိပေးထုတ်ပြန်ခဲ့သည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၇၂ နာရီအတွင်း၌ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်း ယင်းနှင့်ဆက်စပ်နေသည့် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းနိုင်သည်ဟုလည်း အသိပေးခဲ့သည်။ ထို့ကြောင့် မြန်မာ့ပင်လယ်ပြင်ဖြစ်သည့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျှင်(၂၅)မိုင်မှ (၃၅)မိုင်ခန့်ရှိပြီး လှိုင်းအမြင့် (၄)ပေမှ...

မြန်မာ့ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို စောင့်ကြည့်လေ့လာရန် ကမ္ဘောဒီးယား အာဏာရပါတီ စီပီပီက ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်

 ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် မြန်မာ့ရွေးကောက်ပွဲ လုပ်ငန်းစဉ် ကို စောင့်ကြည့်လေ့လာရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ယူအက်စ်ဒီပီ)၏ တောင်းဆိုချက်အရကမ္ဘောဒီးယားပြည်သူ့ပါတီ(စီပီပီ) က ကိုယ်စားလှယ်တစ်ဖွဲ့စေလွှတ်သွားမည်ဖြစ်သည်။ နိုဝင်ဘာလ ၂၂ ရက်‌နေ့က ဖ‌နောင်ပင်မြို့၌ ကျင်းပသည့် အာရှနိုင်ငံရေးပါတီများညီလာခံ(ICAPP) ၏ ၁၂ ကြိမ်မြောက်ညီလာခံ ပြင်ပတွေ့ဆုံမှုအဖြစ် စီပီပီ ဥက္ကဌ ဟွန်ဆန်နှင့် ယူအက်စ်ဒီပီ ဥက္ကဌ ဦးခင်ရီတို့ တွေ့ဆုံခဲ့ကြအပြီးတွင် ယင်းကဲ့သို့ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ စီပီပီ နှင့် ယူအက်စ်ဒီပီ တို့အကြား အပြန်အလှန်ဆက်ဆံရေး ခိုင်မာစေမည့် သဘောတူညီချက်တစ်ခုရရှိရေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071