နိုင်ငံတကာ ရာဇဝတ်တရားရုံး (အိုင်စီစီ) သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ယွတ်ဗ် ဂဲလန့်နှင့် ဟားမတ်စ်တပ်မှူး မိုဟာမက် ဒီယက်အီဘရာဟင် အယ်လ်မာစီ အက္ကာ မိုဟာမက် ဒီယက်ဖ်တို့ကို ဖမ်းဝရမ်းထုတ်လိုက်သည်။
အိုင်စီစီ၏ ကြာသပတေးနေ့က ထုတ်ပြန်ချက်တွင် နေတန်ယာဟုနှင့် ဂဲလန့်တို့ကို အစာရေစာဖြတ်တောက်မှုကို စစ်ပွဲနည်းလမ်းတစ်ခုအဖြစ် အသုံးပြုခြင်းနှင့် လူသားမျိုးနွယ်ကို သ-တ်ဖြ-တ်သော ရာဇဝတ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ အခြားလူမဆန်သော လုပ်ရပ်များလုပ်ဆောင်ခဲ့ခြင်းအတွက်ဟု အိုင်စီစီက ဆိုခဲ့သည်။
အိုင်စီစီ ဝရမ်းကြောင့် နေတန်ယာဟုနှင့် ဂဲလန့်တို့ ပြည်ပခရီးများတွင် ဖမ်းဆီးခံရနိုင်သည့် အန္တရယ်ရှိသည်ဆိုသော်ငြားလည်း ယူကရိန်းစစ်ပွဲအရေးနှင့်ပတ်သက်၍ အိုင်စီစီ၏ ဝရမ်းထုတ်ခံထားရသော ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အိုင်စီစီအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မွန်ဂိုလီးယားကို အဖမ်းအဆီးအခံရပဲ သွားရောက်နေနိုင်ဆဲဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဒီယက်ဖ်၏ ဝရမ်းနှင့်ပတ်သက်၍ သက်သေများကို ကာကွယ်ရန်နှင့် စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်ကို လုံခြုံစိတ်ချရစေရန် လျှို့ဝှက်ချက်အဆင့် သတ်မှတ်ကြောင်း အိုင်စီစီက ဆုံးဖြတ်ခဲ့သည်။
Ref: ယူရိုနူးစ်