Friday, November 22, 2024

မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများထံ လက်ဆွဲမျိုးစေ့ချ ကိရိယာ...

မကွေးတိုင်း ဒေသကြီးအတွင်း၌ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ စပါးသီးနှံ စိုက်ပျိုးရာတွင်စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးနှင့် စပါးတစ်ဧက အထွက်နှုန်း တိုးတက်ရရှိရေး တောင်သူများထံ Manual Drum...

အလုပ်ရှင်၊ အလုပ်သမားများ၏ အငြင်းပွားမှု ဖြေရှင်းရာတွင်...

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က...

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့်ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာ ၂၂ ရက်ညပိုင်းကပြုလုပ်သော မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့်ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University...

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၄...

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၄ ကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ကိုရီးယား(KOGAM) ၊ ဟောင်ကောင် (HKMMA)...
HomeInternationalလာအိုတွင် အရက်အဆိပ်သင့်၍ ခရီးသွားနှစ်ဦး...

လာအိုတွင် အရက်အဆိပ်သင့်၍ ခရီးသွားနှစ်ဦး ထပ်မံသေဆုံး

လာအိုနိုင်ငံ Vang Vieng မြို့တွင် အဆိပ်သင့်သော အရက်ကို သောက်သုံးမိရာမှ သြစတြေးလျ ဆယ်ကျော်သက်တစ်ဦး သေဆုံးခဲ့ပြီး ယင်းဖြစ်ရပ်သည် မိဘတိုင်းအတွက် အိပ်မက်ဆိုးဖြစ်သည်ဟု သြစတြေးလျ ဝန်ကြီးချုပ်က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ အဆိုပါမြို့တွင်ပင် အရက်အဆိပ်သင့်မှုကြောင့် အမေရိကန်နိုင်ငံသားတစ်ဦးလည်း သေဆုံးခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သဖြင့် သေဆုံးသူ လေးဦးအထိ ရှိလာခဲ့သည်။

အသက် ၁၉ နှစ်အရွယ် ဘီယန်ကာ ဂျုံးစ်သည် လာအိုမြို့တော် ဗီယန်ကျင်းမှ ကားလမ်းခရီးဖြင့် နှစ်နာရီခန့်သွားရသည့် နာမည်ကျော် ခရီးသွားမြို့ Vang Vieng တွင် ပြီးခဲ့သည့် သီတင်းပတ်၌ နာမကျန်းဖြစ်ခဲ့သည်။

နိုဝင်ဘာ ၁၃ ရက်တွင် သူ့ကို အိမ်နီးချင်းထိုင်းနိုင်ငံ Udon Thani ပြည်နယ်ရှိ ဆေးရုံတစ်ခုသို့ ပို့ဆောင်ကုသခဲ့ပြီးနောက် ကြာသပတေးနေ့(နိုဝင်ဘာ ၂၁) တွင် သေဆုံးခဲ့ခြင်း့ဖြစ်သည်ဟု ပြည်နယ်ရဲအရာရှိတစ်ဦးက ပြောဆိုခဲ့သည်။

သူသည် အရက်အတုသောက်သုံးမိရာမှ မက်သနော အဆိပ်သင့်သေဆုံးရခြင်းဖြစ်သည်ဟု သူ့ကို စစ်ဆေးခဲ့သည့် ဆရာဝန်က ပြောဆိုကြောင်း ရဲအရာရှိက ရိုက်တာသတင်းဌာနကို ပြောခဲ့သည်။

“သူ့ ခန္ဓာကိုယ်ထဲမှာ မီသနောပမာဏ မြင့်မားနေတာကြောင့် ဦးနှောက်ကို ရောင်ရမ်းစေခဲ့ပါတယ်” ဟု ဆိုခဲ့သည်။

ဂျုံးစ်သည် ဒိန်းမတ်နှစ်ဦးနှင့် အမေရိကန်တစ်ဦးပြီးလျှင် အဆိပ်သင့်အရက်ကြောင့် သေဆုံးရသည့် စတုတ္ထမြောက်နိုင်ငံခြား ခရီးသွားဖြစ်သည်ဟု သြစတြေးလျမီဒီယာက ဖော်ပြခဲ့သည်။

အသက် ၁၉ နှစ်အရွယ်ပင်ဖြစ်သော ဂျုံးစ်၏ သူငယ်ချင်း ဟိုလီဘိုးလက်စ်သည်လည်း ဘန်ကောက်ရှိ ဆေးရုံတစ်ခုတွင် စိုးရိမ်ရသည့် အခြေအနေဖြင့် တက်ရောက်နေရကာ အောက်ဆီဂျင်ပေးထားရသည်ဟု သူမ၏ မိသားစုက အစောပိုင်းတွင် ပြောဆိုထားသည်။

လာအိုနိုင်ငံတွင် အရက်တုကိစ္စသည် ပြဿနာတစ်ရပ်ဖြစ်နေပြီး ယင်းနိုင်ငံတွင် အရက်သေစာ သောက်သုံးပါက သတိပြုကြရန် သြစတြေးလျနှင့် ဗြိတိန်အစိုးရများက ၎င်းတို့နိုင်ငံသားများကို သတိပေးထားသည်။

Ref: အေပီ။ ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများထံ လက်ဆွဲမျိုးစေ့ချ ကိရိယာ Drum Seeder အလက်(၅၀၀) ဖြန့်ဖြူးပေးသွားမည်

မကွေးတိုင်း ဒေသကြီးအတွင်း၌ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ စပါးသီးနှံ စိုက်ပျိုးရာတွင်စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးနှင့် စပါးတစ်ဧက အထွက်နှုန်း တိုးတက်ရရှိရေး တောင်သူများထံ Manual Drum Seeder Type II အမျိုးအစား လက်ဆွဲမျိုးစေ့ချ ကိရိယာ Drum Seeder အလက်(၅၀၀)ကို နွေစပါးစိုက်ပျိုးချိန်ရာသီအမှီဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ဒေသခံတောင်သူများ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စေပြီး တစ်ဧက အထွက်နှုန်း တိုးတက်စေရေး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တပ်မတော်အကြီးစားစက်ရုံ(ဆင်တဲ)က ထုတ်လုပ်သည့် လက်ဆွဲမျိုးစေ့ချကိရိယာ...

အလုပ်ရှင်၊ အလုပ်သမားများ၏ အငြင်းပွားမှု ဖြေရှင်းရာတွင် ဘက်မလိုက်ဘဲ သမာသမတ်ကျစွာ ဖြေရှင်းရန် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က အလုပ်ရှင်၊ အလုပ်သမားများ၏ အငြင်းပွားမှုများကို ဘက်မလိုက်ဘဲ သမာသမတ်ကျစွာ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။ အဆိုပါ နှီးနှောဖလှယ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးများ၊ ခုံသမာဓိကောင်စီဝင်များ၊ အထက်မြန်မာပြည် ခုံသမာဓိအဖွဲ့ဝင်များ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၊ UMFCCI နှင့် MRCCI တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးက အလုပ်သမား ၃၀ နှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားရေးရာ...

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့်ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲ ဂုဏ်ပြုညစာစားပွဲတက်ရောက်ခဲ့သည့် နစက ဥက္ကဋ္ဌ

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာ ၂၂ ရက်ညပိုင်းကပြုလုပ်သော မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့်ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်ခဲ့သည်။ နစက ဥက္ကဋ္ဌအား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့်တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ခဲ့ကြပြီးနောက် နစက ဥက္ကဋ္ဌနှင့်တက်ရောက်လာသူများမှဂုဏ်ပြုညစာသုံးဆောင်ခဲ့ကြသည်။ ဂုဏ်ပြုညစာစားပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အနုပညာရှင်များက တေးသီချင်းများ၊ သရုပ်ဖော်အကများ၊ တိုင်းရင်းသားယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး နစက ဥက္ကဋ္ဌမှ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071