Saturday, November 23, 2024

နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်ရေးကို အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့်...

ဖီလစ်ပိုင်နိုင်ငံတွင်ကျင်းပသည့် (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအ စည်းအဝေးတက်ရောက်နေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် နိုဝင်ဘာ ၂၁ ရက်နေ့လည်ပိုင်းက အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် သီးခြားစီတွေ့ဆုံခဲ့သည်။ ကမ္ဘောဒီးယားဘုရင့်တပ်မတော်၊...

ကရင်ပြည်နယ် အားကစားအဖွဲ့များထံ ပြည်နယ်ဝန်ကြီးချုပ်က အောင်နိုင်ရေးအလံနှင့်...

အမျိုးသား အားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် အားကစားအဖွဲ့များထံ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ နိုဝင်ဘာ (၂၂) ရက်က...

မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများထံ လက်ဆွဲမျိုးစေ့ချ ကိရိယာ...

မကွေးတိုင်း ဒေသကြီးအတွင်း၌ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ စပါးသီးနှံ စိုက်ပျိုးရာတွင်စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးနှင့် စပါးတစ်ဧက အထွက်နှုန်း တိုးတက်ရရှိရေး တောင်သူများထံ Manual Drum...

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့်ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာ ၂၂ ရက်ညပိုင်းကပြုလုပ်သော မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့်ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University...
HomeNewsLocal Newsအလုပ်ရှင်၊ အလုပ်သမားများ၏ အငြင်းပွားမှု...

အလုပ်ရှင်၊ အလုပ်သမားများ၏ အငြင်းပွားမှု ဖြေရှင်းရာတွင် ဘက်မလိုက်ဘဲ သမာသမတ်ကျစွာ ဖြေရှင်းရန် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က အလုပ်ရှင်၊ အလုပ်သမားများ၏ အငြင်းပွားမှုများကို ဘက်မလိုက်ဘဲ သမာသမတ်ကျစွာ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးများ၊ ခုံသမာဓိကောင်စီဝင်များ၊ အထက်မြန်မာပြည် ခုံသမာဓိအဖွဲ့ဝင်များ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၊ UMFCCI နှင့် MRCCI တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက အလုပ်သမား ၃၀ နှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းထားကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာမည်ဖြစ်ပြီး နိုင်ငံတော်စီးပွားရေးနှင့် အလုပ်သမားများ၏ လူမှုဘဝ တိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အငြင်းပွားမှုဖြေရှင်းရေး ယန္တရားတွင်ပါဝင်သည့် သက်ဆိုင်ရာ ကိုယ်စားလှယ်များအနေဖြင့် အလုပ်ရှင်၊ အလုပ်သမားများ၏ ရပိုင်ခွင့်များကို ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျစွာ ဖြေရှင်းဆောင်ရွက်ရန်လိုအပ်ပြီး အဖွဲ့အစည်းအစွဲမထားဘဲ အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက်၏အကျိုးကို ကြည့်ရှုဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်ရေးကို အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဆွေးနွေးခဲ့

ဖီလစ်ပိုင်နိုင်ငံတွင်ကျင်းပသည့် (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအ စည်းအဝေးတက်ရောက်နေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် နိုဝင်ဘာ ၂၁ ရက်နေ့လည်ပိုင်းက အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် သီးခြားစီတွေ့ဆုံခဲ့သည်။ ကမ္ဘောဒီးယားဘုရင့်တပ်မတော်၊ ဒု-ကာကွယ် ရေးဦးစီးချုပ်နှင့် ကြည်းတပ်ဦးစီးချုပ် Gen Mao Sophan ၊ ထိုင်းဘုရင့်တပ်မတော်၊ လက် ထောက်ကြည်းတပ်ဦးစီးချုပ် Gen. Wasu Chiemsuk ၊ ဖိလစ်ပိုင်ကြည်းတပ် ဦးစီးချုပ် Lt. Gen Roy M Galido ၊ လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒု-အကြီးအကဲ Maj....

ကရင်ပြည်နယ် အားကစားအဖွဲ့များထံ ပြည်နယ်ဝန်ကြီးချုပ်က အောင်နိုင်ရေးအလံနှင့် ငွေကျပ်သိန်း (၂၀၀) ထောက်ပံ့ပေးအပ်

အမျိုးသား အားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် အားကစားအဖွဲ့များထံ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ နိုဝင်ဘာ (၂၂) ရက်က တွေ့ဆုံအားပေး၍ အောင်နိုင်ရေးအလံနှင့် ငွေကျပ်သိန်း (၂၀၀) ထောက်ပံ့ပေးအပ်လိုက်ကြောင်း သိရသည်။ ထို့အပြင် ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်း ရွှေ၊ ငွေ၊ ကြေးရရှိသည့် အားကစားသမားများကို ချက်ချင်းဆုကြေးငွေများ ချီးမြှင့်သွားမည်ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ် က ပြောကြားခဲ့သည်။ ပြည်နယ်သို့ ပြန်ရောက်သည့်အခါတွင်လည်း ထိုက်ထိုက်တန်တန် ထောက်ပံ့ဂုဏ်ပြုချီးမြှင့်ပေးသွားမည် ဖြစ်သည့်အတွက် အနိုင်မခံ၊ အရှုံးမပေးစိတ်ဓာတ်ကို မွေးမြူပြီး နောက်ဆုံးအချိန်ထိ မလျှော့သော ဇွဲစိတ်ဓာတ်နှင့်...

မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများထံ လက်ဆွဲမျိုးစေ့ချ ကိရိယာ Drum Seeder အလက်(၅၀၀) ဖြန့်ဖြူးပေးသွားမည်

မကွေးတိုင်း ဒေသကြီးအတွင်း၌ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ စပါးသီးနှံ စိုက်ပျိုးရာတွင်စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးနှင့် စပါးတစ်ဧက အထွက်နှုန်း တိုးတက်ရရှိရေး တောင်သူများထံ Manual Drum Seeder Type II အမျိုးအစား လက်ဆွဲမျိုးစေ့ချ ကိရိယာ Drum Seeder အလက်(၅၀၀)ကို နွေစပါးစိုက်ပျိုးချိန်ရာသီအမှီဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ဒေသခံတောင်သူများ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စေပြီး တစ်ဧက အထွက်နှုန်း တိုးတက်စေရေး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တပ်မတော်အကြီးစားစက်ရုံ(ဆင်တဲ)က ထုတ်လုပ်သည့် လက်ဆွဲမျိုးစေ့ချကိရိယာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071