Saturday, November 23, 2024

တန်ဆောင်တိုင် ပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ အပန်းဖြေလည်ပတ်သူ...

ပြီးခဲ့သည့် တန်ဆောင်တိုင် ပိတ်ရက်ကာလအတွင်း ခရီးသွားဝင်ရောက်မှုအနေဖြင့် ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပခရီးသွား ၉,၆၀၀ ကျော်ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ငွေဆောင်ရုံးခွဲထံမှ သိရသည်။ ယခင်...

ကျေးသီးစစ်ရှောင်(၂၀၀)ကျော် ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ဆက်လက်ရပ်တည်သွားရမည်ဟု...

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့သို့ စစ်ရှောင်နေကြသည့် စစ်ဘေးရှောင် (၂၀၀)ကျော်အနေဖြင့် လာမည့် လမှစကာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆက်လက်ရပ်တည်သွားကြရမည်ဖြစ်ကြောင်း ကျေးသီးစစ်ရှောင်တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။ ကျေးသီးမြို့သို့ ရောက်ရှိနေသော...

ဆိုက်ခေါင်-မိုင်းဆတ် တံတားသစ် စတင်ဖြတ်သန်းခွင့်ပြု

ရေတိုက်စားမှုကြောင့် ပြိုကျခဲ့ရသည့် ရှမ်းပြည်နယ်အ‌ရှေ့ပိုင်း ဆိုက်ခေါင်-မိုင်းဆတ် သံဘေလီတံတားတည်‌ဆောက်မှု ပြီးစီးပြီဖြစ်သဖြင့် ယမန်နေ့ နိုဝင်ဘာ (၂၂)ရက်ညနေပိုင်းတွင် စတင်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။ လက်ရှိ တည်ဆောက်ပြီးစီးပြီဖြစ်သည့် သံဘေလီတံတားမှ...

တောင်ဝိုင်း တောင်တက် လမ်းလျှောက်ရာသီကို ဒီဇင်ဘာလ...

ဘုရားဖူးရင်း တိမ်ပင်လယ်ကြည့်နိုင်မည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ဝိုင်း တောင်တက် လမ်းလျှောက်ရာသီကို ဒီဇင်ဘာလ (၁)ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တောင်ဝိုင်းတောင်မှ တောင်တက်လမ်းလျှောက်ရာသီအဖြစ်...
HomeNewsLocal Newsကရင်ပြည်နယ် အားကစားအဖွဲ့များထံ ပြည်နယ်ဝန်ကြီးချုပ်က...

ကရင်ပြည်နယ် အားကစားအဖွဲ့များထံ ပြည်နယ်ဝန်ကြီးချုပ်က အောင်နိုင်ရေးအလံနှင့် ငွေကျပ်သိန်း (၂၀၀) ထောက်ပံ့ပေးအပ်

အမျိုးသား အားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် အားကစားအဖွဲ့များထံ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ နိုဝင်ဘာ (၂၂) ရက်က တွေ့ဆုံအားပေး၍ အောင်နိုင်ရေးအလံနှင့် ငွေကျပ်သိန်း (၂၀၀) ထောက်ပံ့ပေးအပ်လိုက်ကြောင်း သိရသည်။

ထို့အပြင် ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်း ရွှေ၊ ငွေ၊ ကြေးရရှိသည့် အားကစားသမားများကို ချက်ချင်းဆုကြေးငွေများ ချီးမြှင့်သွားမည်ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ် က ပြောကြားခဲ့သည်။

ပြည်နယ်သို့ ပြန်ရောက်သည့်အခါတွင်လည်း ထိုက်ထိုက်တန်တန် ထောက်ပံ့ဂုဏ်ပြုချီးမြှင့်ပေးသွားမည် ဖြစ်သည့်အတွက် အနိုင်မခံ၊ အရှုံးမပေးစိတ်ဓာတ်ကို မွေးမြူပြီး နောက်ဆုံးအချိန်ထိ မလျှော့သော ဇွဲစိတ်ဓာတ်နှင့် ယှဉ်ပြိုင်ကြကာ ပြည်နယ်ဂုဏ်ကို ဆောင်နိုင်သော ပြည်နယ်ဂုဏ်ဆောင် ထူးချွန်အားကစားသမားများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပြီး ဆုငွေများ ပေးအပ်ခဲ့သည်။

နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ကရင်ပြည်နယ်မှ အားကစားနည်း (၂၃) နည်း၊ အားကစားသမားပေါင်း (၄၆၅) ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တန်ဆောင်တိုင် ပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ အပန်းဖြေလည်ပတ်သူ ၉,၆၀၀ ကျော်ဝင်ရောက်ခဲ့

ပြီးခဲ့သည့် တန်ဆောင်တိုင် ပိတ်ရက်ကာလအတွင်း ခရီးသွားဝင်ရောက်မှုအနေဖြင့် ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပခရီးသွား ၉,၆၀၀ ကျော်ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ငွေဆောင်ရုံးခွဲထံမှ သိရသည်။ ယခင် သီတင်းကျွတ်ပိတ်ရက်ကာလတွင် ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၁၅၀၀၀ ကျော် လာရောက် လည်ပတ်ခဲ့ပြီး ယခု တန်ဆောင်တိုင်ကာလတွင် လာရောက်လည်ပတ်သူ အနည်းငယ်လျော့ကျသွားကြောင်း သိရသည်။ ခရီးသွားများအနေဖြင့် ငွေဆောင်ကမ်းခြေတွင် အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ ငွေဆောင်၏ အထင်ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်း၊ ဘုရားသုံးဆူနှင့်...

ကျေးသီးစစ်ရှောင်(၂၀၀)ကျော် ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ဆက်လက်ရပ်တည်သွားရမည်ဟု ဆို

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့သို့ စစ်ရှောင်နေကြသည့် စစ်ဘေးရှောင် (၂၀၀)ကျော်အနေဖြင့် လာမည့် လမှစကာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆက်လက်ရပ်တည်သွားကြရမည်ဖြစ်ကြောင်း ကျေးသီးစစ်ရှောင်တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။ ကျေးသီးမြို့သို့ ရောက်ရှိနေသော စစ်ရှောင်အများစုမှာ ရှမ်းပြည်မြောက်ပိုင်းရှိ လားရှိုး၊ သီပေါနှင့် နမ့်လန်မြို့များမှဖြစ်ပြီး လက်ရှိအခြေအနေအရ အလှူရှင်ရှားပါးလာသည့်အတွက် စားသောက်ရေး အခက်အခဲများကြုံတွေနေကြရကြောင်း သိရသည်။ အဆိုပါ စစ်ရှောင်များကို ကျေးသီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း၊ ခရစ်ကျောင်းနှင့် ဗလီစသည့် ဘာသာရေးအဆောက်အဦးများတွင်ထားရှိပြီး အချို့စစ်ရှောင်များမှာရပ်ကွက်များအတွင်း အိမ်ငှားရမ်းနေထိုင်သူများလည်းရှိနေကြောင်း သိရသည်။ " အခုက အလှူရှင်လုံးဝမရှိသလောက် ဖြစ်သွားပြီ။ စစ်ရှောင်စခန်းတွေမှာနေတဲ့သူတွေ အခု အပြင်ထွက်ပြီးအလုပ်လုပ်ကြတာပေါ့။ အချို့ကလည်း...

ဆိုက်ခေါင်-မိုင်းဆတ် တံတားသစ် စတင်ဖြတ်သန်းခွင့်ပြု

ရေတိုက်စားမှုကြောင့် ပြိုကျခဲ့ရသည့် ရှမ်းပြည်နယ်အ‌ရှေ့ပိုင်း ဆိုက်ခေါင်-မိုင်းဆတ် သံဘေလီတံတားတည်‌ဆောက်မှု ပြီးစီးပြီဖြစ်သဖြင့် ယမန်နေ့ နိုဝင်ဘာ (၂၂)ရက်ညနေပိုင်းတွင် စတင်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။ လက်ရှိ တည်ဆောက်ပြီးစီးပြီဖြစ်သည့် သံဘေလီတံတားမှ ၁၃ တန် ယာဉ်များကိုပါ ဖြတ်သန်းခွင့်ပြုနေခြင်းဖြစ်သည့်အတွက် ဒေသတွင်ကုန်စည် သယ်ယူပို့ဆောင်မှု မြန်ဆန်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ "မနေ့က ညနေ (၃)နာရီလောက်က စပြီးဖြတ်သန်းခွင့်ပြုနေပါပြီ။ တံတားပြီးစီးပြီဆိုတော့ ဒေသတွင်းကုန်စည်စီးဆင်းမှုမြန်ဆန်လာမှာဖြစ်တဲ့အတွက် ကုန်ဈေးနှုန်းတွေလည်း အနည်းနဲ့အများ ကျဆင်းလာနိုင်ပါတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါ တံတားမှာ နမ့်ခုတ်ချောင်းကို ဖြတ်ဆောက်ထားသည့် သံဘေလီအမျိုးအစား အရှည်ပေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071