ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သီလဝါ (၆) လမ်းသွားလမ်း၊ အောင်သပြေရွာအနီးတွင် ကုန်တင်ယာဉ် နှစ်စီး မျက်နှာချင်းဆိုင်တို-က်မိရာ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နယ်မြေခံ လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။
သီလဝါ (၆) လမ်းသွားလမ်း၊ အောင်သပြေရွာအနီးတွင် ယမန်နေ့ (၂၂) ရက်၊ ည (၉)နာရီ မိနစ် (၅၀)အချိန်ခန့်က ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းအရ အလယ်ရွာ လူမှုကူညီရေးအသင်း(သန်လျင်)၊ မင်္ဂလာ လူမှုကူညီရေးအသင်း(ကျောက်တန်း)တို့မှ စေတနာ့ ဝန်ထမ်းများ သွားရောက် ကူညီခဲ့ကြကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကုန်တင်ယာဉ် နှစ်စီး မျက်နှာချင်းဆိုင်တို-က်မိပြီး တစ်စီးမှာ တိမ်းမှော-က်ခဲ့ရကာ အဆိုပါ ယာဉ်တိမ်းမှော-က်မှု ဖြစ်စဉ်မှ အမျိုးသား (၁) ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားကို မြေပြင်အရေးပေါ်ဆေးကုသမှု ပေးပြီး ကျောက်တန်းမြို့နယ်ဆေးရုံကြီးသို့ မင်္ဂလာအသင်း လူမှုကူညီရေးအသင်း၏ လူနာတင် ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ နိုဝင်ဘာ (၂၂) ရက်၊ ည (၈)နာရီ (၄၃)မိနစ်အချိန်ခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြိုနယ်၊ ရွာမအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းတွင် ကုန်တင်ယာဉ်တစ်စီး အရှိန်လွန်ကာ အိမ်ခြံစည်းရိုးနံရံအား ဝင်ရောက်တို-က်မိမှုဖြစ်ပွားပြီး လူည-ပ်နေရာ ကယ်ထုတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။