Saturday, November 23, 2024

လားရှိုးမြို့တွင် စက်သုံးဆီအခက်အခဲကြုံနေရဟု ဆို

ရှမ်း/မြောက် လားရှိုးတွင် စက်သုံးဆီဝယ်ယူမှုအခက်အခဲဖြစ်ပွားနေကြောင်း လားရှိုးနေ ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ လက်ရှိ လားရှိုးမြို့အတွင်း စက်သုံးဆီတစ်လီတာလျှင် ကျပ် ၈၀၀၀ ကျော် အထိပေးဝယ်နေရပြီး၊ မြို့တွင်း...

စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရန်ကုန်မြို့မှ ဆန်နှင့်...

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရန်ကုန်မြို့မှ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ တည်ဆောက်ရေးပစ္စည်းများ ယနေ့ နိုဝင်ဘာ (၂၃)ရက်က ရောက်ရှိလာရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်...

ပြည်ပ (၅)နိုင်ငံနှင့် ပြည်တွင်းမှ အလှူရှင်များ၏...

တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များ၏ လှုဒါန်းပစ္စည်းများအား လွိုင်ကော်မြို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၃) ခုသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းလှူဒါန်းပစ္စည်းများတွင်...

ကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် “ခေတ် (၆)ခေတ်”...

ဒီဇင်ဘာလအတွင်း ကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် "ခေတ် (၆) ခေတ်" ယိမ်း အကဖြင့် တင်ဆက်ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။ အမျိုးသားအားကစားပွဲတော်ကို ပဉ္စမအကြိမ် မြောက်...
HomeNewsLocal Newsနှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲ...

နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၆၁၃) တွဲ ရောင်းချနိုင်ခဲ့

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၆၁၃) တွဲ ရောင်းချနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်းနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၁)မှ (၈၅၀) အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း (၆၁၃) တွဲ ရောင်းချခဲ့ရကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ထို့ပြင် ပြပွဲ ဆဋ္ဌမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲ အမှတ် (၈၅၁) မှ (၁၇၀၀) ထိကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီးဈေးနှုန်း ပေးသွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြပွဲ ပဉ္စမနေ့ဖြစ်သည့် နိုဝင်ဘာ (၂၂) ရက်အထိ ပြပွဲတွင် ပုလဲအတွဲပေါင်း (၂၀၈) တွဲ၊ ကျောက်မျက် အတွဲပေါင်း (၆၂) တွဲ၊ ကျောက်စိမ်းအတွဲ (၆၁၃) တွဲကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လားရှိုးမြို့တွင် စက်သုံးဆီအခက်အခဲကြုံနေရဟု ဆို

ရှမ်း/မြောက် လားရှိုးတွင် စက်သုံးဆီဝယ်ယူမှုအခက်အခဲဖြစ်ပွားနေကြောင်း လားရှိုးနေ ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ လက်ရှိ လားရှိုးမြို့အတွင်း စက်သုံးဆီတစ်လီတာလျှင် ကျပ် ၈၀၀၀ ကျော် အထိပေးဝယ်နေရပြီး၊ မြို့တွင်း အချို့ဆိုင်များ ရောင်းချပေးနိုင်ခြင်းမရှိသဖြင့် ဝယ်လိုအားနှင့်ရောင်းလိုအား မျှတမှုမရှိကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု မရှိသဖြင့် မြို့တွင်းတည်ငြိမ်နေလျက်ရှိသော်လည်း တပ်မတော်ဘက်မှ တန်ပြန် ထိုးစစ်များပြုလုပ်မည်ဆိုသည့် သတင်းများထွက်ပေါ်နေခြင်းကြောင့် ဒေသခံအများစုမှာ စိုးရိမ်မှုအနည်းငယ်ရှိနေသည်ဟု ၎င်းက ဆိုသည်။ "သတင်းတွေကတော့ ပျံ့နေတာပဲ။ မြို့မှာနေတဲ့သူတွေကတော့ တိုက်ပွဲပြန်ဖြစ်လာမှာကို အနည်းငယ်တော့ စိုးရိမ်စိတ်ရှိနေတာပေါ့။ ကျွန်တော်တို့သိသလောက်ကတော့ လက်ရှိမြို့ထဲမှာ သတင်းပျံ့နေသလောက်တော့ စိုးရိမ်စရာမရှိပါဘူး။ ခက်ခဲနေတာက...

စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရန်ကုန်မြို့မှ ဆန်နှင့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်များနှင့် တည်ဆောက်ရေးပစ္စည်းများ ဆက်လက်ရောက်ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရန်ကုန်မြို့မှ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ တည်ဆောက်ရေးပစ္စည်းများ ယနေ့ နိုဝင်ဘာ (၂၃)ရက်က ရောက်ရှိလာရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ အမ်ဗွီအောင်ရတနာသင်္ဘောတွင် ဆန်နှင့်စားသုံးကုန်ပစ္စည်းများ စုစုပေါင်း (၇၀၇) တန် တင်ဆောင်၍လည်းကောင်း၊ အမ်ဗွီရွှေသုဝဏ်သင်္ဘောတွင် ဆန်နှင့်...

ပြည်ပ (၅)နိုင်ငံနှင့် ပြည်တွင်းမှ အလှူရှင်များ၏ လှူဒါန်းမှုများအား လွိုင်ကော်မြို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၃) ခုသို့ ထောက်ပံ့ပေးအပ်

တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များ၏ လှုဒါန်းပစ္စည်းများအား လွိုင်ကော်မြို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၃) ခုသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းလှူဒါန်းပစ္စည်းများတွင် အဝတ်အထည်၊ စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများနှင့် ကျောင်းသုံးဗလာစာအုပ်များလည်း ပါဝင်ပြီး ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့ နိုဝင်ဘာ (၂၂) က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များက ပေးပို့လှူဒါန်းသည့် အဝတ်အထည်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071