တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များ၏ လှုဒါန်းပစ္စည်းများအား လွိုင်ကော်မြို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၃) ခုသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းလှူဒါန်းပစ္စည်းများတွင် အဝတ်အထည်၊ စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများနှင့် ကျောင်းသုံးဗလာစာအုပ်များလည်း ပါဝင်ပြီး ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့ နိုဝင်ဘာ (၂၂) က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များက ပေးပို့လှူဒါန်းသည့် အဝတ်အထည်၊ စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများနှင့် ကျောင်းသုံးဗလာစာအုပ်များ စုစုပေါင်း (၂၆၅) မျိုး၊ စုစုပေါင်းတန်ဖိုးကျပ် (၇၉.၀၁၅) သန်းအား စခန်း (၃) ခုရှိ ရေဘေးသင့်အိမ်ထောင်စု (၁၅၃) စု ၊ လူဦးရေ (၅၀၃) ဦးထံ လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။