မလေးရှားနိုင်ငံမှာ မလေးရှားမင်းသမီးနဲ့ ရု ပ် ရှ င် ရို က် ကူး မ ယ့် အောင်ရဲလင်း

0
209

aung-ye-linnn-copy

အောင်ရဲလင်းရဲ့ ပထမဦးဆုံး ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကား ‘ဘွန္တော ကြက်သူခိုး’ ဟာသနဲ့ဒရာမာ ပေါင်း စပ်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကို မကြာခင်ရက်ပိုင်းအတွင်းမှာ ရုံ တင်ပြသသွားတော့မှာဖြစ်ပါတယ်။ အောင်ရဲလင်းကတော့ သူ့ကို ဒီလို မျိုးဇာတ်ကားတွေနဲ့ မလိုက်ဘူး လို့ ထင်ထားကြတဲ့အတွက် အကောင်း ဆုံးဖြစ်အောင် ကြိုးစားထားခဲ့တယ် လို့ဆိုပါတယ်။

“ဒီဇာတ်ကား မရိုက်ကူးခင်က တည်းက ကျွန်တော့်ကို တော်တော် များများရဲ့ စိတ်ထဲမှာ ဒီလိုပုံစံမျိုးနဲ့ မလိုက်ဖက်ဘူးလို့ ထင်ထား သတ်မှတ် ထားတတ်ကြတာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အနေနဲ့ အံဝင်အောင် အကောင်းဆုံးဖြစ်အောင်ကြိုးစား သရုပ်ဆောင်ချင် တာကြောင့်လည်း အကောင်းဆုံးဖြစ်အောင် ဒီဇာတ် ကားထဲမှာ ကြိုးစားခဲ့ပါတယ်။ ဒရာ မာ ဇာတ်ဝင်ခန်းတွေ ရိုက်ကူးတဲ့အ ခန်းေ တွမှာဆိုရင် တစ်ခန်းရိုက်ပြီး တာနဲ့ အားကုန်သွားသလိုခံစားရ တယ်။ အားတအားသုံးရတယ်။ ဘာ လို့ အားသုံးရလဲ ဆိုရင် ကျွန်တော့်  ကာရိုက်တာကိုက အဲ့ဒီလိုမျိုး အား သုံးရတာဖြစ်ပါတယ်။အများကြီးကြိုး စားထားတာ ဖြစ်တဲ့အတွက် ပရိ သတ်တွေကြိုက်နှစ် သက်ကျေနပ် ကြလိမ့်မယ်လို့ယုံကြည်ပါတယ်” လို့ အောင်ရဲလင်းက ပြောပြပေးပါတယ်။

ရုပ်ရှင်နဲ့ဗီဒီယိုဇာတ် ကားတွေ မှာဟာသ ဇာတ်လမ်း အရိုက်နည်း တဲ့ အောင်ရဲလင်းက ဟာသဇာတ် ကားတွေကို အများကြီး ရိုက်ကူး သွားဖို့အစီ အစဉ်မရှိဘူး လို့လည်း ဆိုပါတယ်။

“ကျွန်တော့် အနေနဲ့ အဓိက အာရုံစိုက်တာ က ဇာတ်ပဲဗျ။ဟာသ ချည်းပဲသက်သက် ဖြစ်နေ ပြီးတော့ ဇာတ်လမ်း ဇာတ် ကွက်မရှိ ရင် တော့ ကျွန်တော် ရိုက် ဖြစ်မှာ မဟုတ်ပါ ဘူး။ကျွန်တော့် အနေနဲ့က တော့ အဓိက ဇာတ်ပဲ။ ဟာသ လည်း ဟာသ အလျောက်
ဇာတ်လမ်းရှိရ မယ်။ ဒရာမာ လည်း ဒရာမာအ လျောက် ဇာတ် လမ်းရှိရမယ်။ ဘယ်အရာမဆို ဇာတ်လမ်းကောင်း ရင် ရိုက်ကူးပါမယ်” လို့ အောင်ရဲလင်း ကပြော ပြပေးပါတယ်။

အောင်ရဲလင်း က နောက်ပိုင်းမှာ လည်း ဇာတ်လမ်းတွေ ကို ရွေးချယ်ပြီးမှသာ ရိုက်ကူးမှာ ဖြစ်တာ ကြောင့် ရေရှည်မှာတော့ ဇာတ်လမ်း ကို တကယ်ကောင်းတာရွေးပြီး ရိုက် ကူးတဲ့သူနဲ့ ဇာတ်လမ်းမရှိတာကို ရိုက်ကူးတဲ့သူဟာ ကွာခြားလာမှာဖြစ် တာကြောင့်
အချိန်တွေက ဆုံးဖြတ်ပေးသွားပါလိမ့်မယ်လို့ဆိုပါတယ်။

အောင်ရဲလင်းက ဒီနှစ် ၂ဝ၁၆ ခုနှစ်နိုဝင်ဘာလအတွင်းမှာပဲ မလေး ရှားနိုင်ငံကို သွားဖို့ရှိနေပြီး မလေး ရှား နိုင်ငံကိုသွားဖြစ်မှာ ကတော့ မလေး ရှားနိုင်ငံမှာ ရုပ်ရှင်ဇာတ်ကား ရိုက် ကူးသွားမှာဖြစ်ပါတယ်။

“ဒါရိုက်တာကတော့ မလေး ရှား က ဒါရိုက်တာပါပဲ။ မင်းသမီး ကလည်း မလေးရှားမင်းသမီး ပါပဲ။ဇာတ်လမ်းပုံစံကိုတော့ သေချာမှ ပဲ ပြောပြပါမယ်။ ရိုက်ကူးဖြစ်တာက တော့ သေချာပေမယ့် ကျွန်တော် အဲ့ဒီကို သွားစရာကလည်း ရှိသေး တယ်။ စာချုပ်တွေဘာတွေ ချုပ်ဖို့ ကိစ္စတွေကလည်း ရှိနေပါသေးတယ်။ အဲ့ဒီအတွက် အခုညှိနေပါတယ်” လို့ အောင်ရဲလင်း က ပြောပြပေး ခဲ့ပါ တယ်။

ထက်လူ
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here