ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံများ တပ်မတော်(ကြည်း)ေ-သနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော်ေ-သနတ်ပစ်အသင်းမှ နိုင်ငံအလိုက် တတိယဆုရရှိခဲ့ကြောင်း သိရသည်။
မြန်မာ့တပ်မတော်ေ-သနတ်ပစ်အသင်းသည် ရိုင်ဖယ်ပစ်၊ ကာဘိုင်ပစ်၊ စက်သေနက်ပစ်၊ ပစ္စတိုပစ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတို့၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
ရရှိခဲ့သည့်ဆုတံဆိပ်များအနေဖြင့် ေ-သနတ်ပစ်ပြိုင်ပွဲ၏ Friendly Match ပွဲစဥ်(၃)မျိုးတွင် Pistol(W) ရွှေ ၁ ခု၊ ငွေ ၂ ခု၊ ကြေး ၆ခု၊ Pistol(M) ရွှေ ၁ ခု၊ Carbine ငွေ ၁ ခု၊ ကြေး ၁ ခု၊ Rifle ရွှေ ၁ ခု၊ ငွေ ၁ခု ၊ Machine Gun ရွှေ ၁ ခုနှင့် အသင်းလိုက် (၅သင်း)ပြိုင်ပွဲတွင် ရွှေ ၁ ခုဖြင့် စုစုပေါင်း ရွှေ ၅ ခု၊ ငွေ ၄ ခု၊ ကြေး ၇ ခုရရှိခဲ့သည်။
အဆိုပါ အာဆီယံနိုင်ငံများ တပ်မတော်(ကြည်း) ေ-သနတ်ပစ်ပြိုင်ပွဲအား နိုဝင်ဘာ ၁၂ ရက်မှ ၂၃ ရက်အထိကျင်းပခဲ့ရာ အာဆီယံ(၁၀)နိုင်ငံမှ တပ်မတော်(ကြည်း)အသင်းများက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။