တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်(၁၀၅)မြို့နယ်မှ Grade-5 ကျောင်းသား(၆၀၄၄)ဦးကို အရှေ့ တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှုတိုင်းတာစစ်ဆေးရေးစံ(SEA-PLM)စစ်ဆေးအကဲဖြတ်ခြင်းသုတေသနလုပ်ငန်း၏ ပင်မစစ်ဆေးခြင်းပြုလုပ်မည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက ပြောသည်။
၎င်းမှ ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်နံနက် ၉ နာရီခွဲက နေပြည်တော်၌ကျင်းပသည့် အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှုတိုင်းတာစစ်ဆေးရေးစံ(SEA-PLM)စစ်ဆေးအကဲဖြတ်ခြင်းသုတေသနလုပ်ငန်း၏ ပင်မစစ်ဆေးမှု စတင်ဆောင်ရွက်ခြင်းဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
SEA-PLM သည် မူလတန်းအဆင့်နောက်ဆုံးနှစ် (မြန်မာနိုင်ငံတွင် Grade-5)ကျောင်းသားများ၏ အရေး၊ အဖတ်၊ သင်္ချာနှင့် ကမ္ဘာ့သားကောင်းဖြစ်မှုစွမ်းရည်များ၊ ၎င်းတို့အပေါ် သက်ရောက်နေသော အကြောင်းခြင်းရာများကို စစ်ဆေးတိုင်း တာနိုင်ရန် အာဆီယံဒေသတွင်း ကျယ်ပြန့်သော ပညာရည်စစ်ဆေးမှုတစ်ခုဖြစ်သည်ဟု ပြောသည်။
မျှော်မှန်းချက်အနေဖြင့် SEA-PLM သည် အာဆီယံဒေသတွင်း သင်ယူမှုအခြေအနေကိုထင်ဟပ်စေပြီး ၂၁ ရာစု ကျွမ်းကျင်မှုများပါဝင်သည့် ပ ညာရည်စစ်ဆေးမှုကိုဖြည့်ဆည်းခြင်းဖြင့် ပိုမိုကောင်းမွန်တိကျသော သင်ယူမှုရလဒ်များ ဖြစ် ထွန်းလာစေမည်ဟု ပြောသည်။
” ဒုတိယအကြိမ် SEA-PLM 2024 တိုင်းတာ စစ် ဆေးမှုကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှ(၇)နိုင်ငံက ပါဝင်ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်(၁၀၅)မြို့နယ်မှ ရွေးချယ်အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း(၁၉၂)ကျောင်းမှ ရွေးချယ်ထားသည့် Grade-5 ကျောင်းသား ၆၀၄၄ ဦးအား စာဖတ်စွမ်းရည်၊ သင်္ချာစွမ်းရည်၊ ကမ္ဘာ့သားကောင်းဖြစ်မှုတို့ပါဝင်သော Text Booklets များ၊ မိဘစစ်တမ်းလွှာနှင့် ကျောင်းသားစစ်တမ်းလွှာတို့ဖြင့် တစ်နိုင်ငံလုံးတစ်ပြိုင်တည်းဆောင်ရွက်သွားမည်ဖြစ်ဟု ပြောသည်။
ထို့ကြောင့် ယခုဆောင်ရွက်မည့် စစ်ဆေးအကဲ ဖြတ်မှုသုတေသနလုပ်ငန်းအား နိုင်ငံတကာသတ် မှတ်ချက်စံနှုန်းများနှင့်အညီ ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေက ပြောကြားခဲ့သည်။