Thursday, November 28, 2024

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ၂၀၂၄ ကို YCC...

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ၂၀၂၄ကို ဒီဇင်ဘာ ၆၊ ၇၊ ၈ ရက်တို့တွင် သုံးရက်တိုင်တိုင် Inya Lake Hotel, Yangon Convention...

ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာ အခွန်အခများရရှိပြီး ပြည်သူနှင့်သက်ဆိုင်သောအခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်

ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာ အခွန်အခများရရှိပြီး ပြည်သူနှင့်သက်ဆိုင်သောအခြေခံလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်းကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၂၇ ရက်နံနက်ပိုင်းကကျင်းပသည့်...

နိုင်ငံ့ GDP တိုးတက်လာပါက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို...

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးကို ယနေ့ နိုဝင်ဘာ ၂၇ ရက်နံနက်ပိုင်းကကျင်းပခဲ့သည်။ အစည်းအဝေးတွင် နစကဥက္ကဋ္ဌက...

အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် မိုး ရွာသွန်းနိုင်သည့်ဒေသများတွင် ရန်ကုန်တိုင်းပါ...

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် မိုးရွာသွန်းနိုင်သောဒေသများတွင် ရန်ကုန်တိုင်းလည်းပါဝင်လာကြောင်း မိုးဇလ၏ ယနေ့ နိုဝင်ဘာ ၂၇ ရက်ည ၇ နာရီကထုတ်ပြန်ခဲ့သော အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၈/၂၀၂၄)အရ...
HomeNewsLocal Newsနိုဝင်ဘာ ၂၇ ရက်မှ...

နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၆ ရက်အတွင်း တစ်နိုင်ငံလုံးအနှံ ချိန်ခါမဟုတ်မိုးရွာသွန်းနိုင်

မြန်မာတစ်နိုင်ငံလုံးအနှံတွင် လာမည့် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၆ ရက်အတွင်း ချိန်ခါမဟုတ် မိုးရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲက အသိပေးခဲ့သည်။

အားကောင်းသော အပူပျံတက်တိမ်တိုက်များ သည် ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း၏အရှိန်နှင့်အတူ ဖြစ်ထွန်းမှုပိုမိုအားကောင်းနိုင်ပြီး မြန်မာနိုင်ငံဘက်သို့လွှင့်စင်လာနိုင်ပြီး အနောက်နှင့် မြောက်ဘက်မှလာသော ကုန်းတွင်းလေအေးများ၊ အရှေ့မြောက်ဘက်မှလာသော အရှေ့မြောက်မုတ်သုံလေအေးများနှင့်တွေ့ဆုံမှုကြောင့် တစ်နိုင်ငံလုံးတွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် ချိန်ခါမဟုတ် မိုးသည်းထန်စွာရွာသွန်းနိုင်ခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်။

အဆိုပါ ဖြစ်စဉ်များကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်သည်ဟုလည်း အသိပေးခဲ့သည်။

ထို့ကြောင့် ယင်း တိုင်းနှင့်ပြည်နယ်များတွင်နေထိုင်သူများအနေဖြင့် မိုးရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်နိုင်သည့် အဆောက်အအုံများ၊ သစ်ပင်သစ်ကိုင်းများ၊ ဖိုင်ဘာလိုင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းများပြိုကျယိုင်လဲခြင်းအန္တရာယ်များဖြစ်ပေါ်နိုင်၍ အထူးသတိပြုနေထိုင်ကြရန်လည်း အသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ၂၀၂၄ ကို YCC ၌ သုံးရက်တိုင်တိုင် ပြုလုပ်သွားမည်

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ၂၀၂၄ကို ဒီဇင်ဘာ ၆၊ ၇၊ ၈ ရက်တို့တွင် သုံးရက်တိုင်တိုင် Inya Lake Hotel, Yangon Convention Center (YCC) ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲကို တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်မှကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association In Myanmar (CTGA) တို့ပူးပေါင်းကာ တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား...

ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာ အခွန်အခများရရှိပြီး ပြည်သူနှင့်သက်ဆိုင်သောအခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်

ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာ အခွန်အခများရရှိပြီး ပြည်သူနှင့်သက်ဆိုင်သောအခြေခံလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်းကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၂၇ ရက်နံနက်ပိုင်းကကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ကော်မရှင်အနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် လူတို့ကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ထည့်သွင်းစဉ်းစားရမည်ဖြစ်ကာ လိုအပ်သည့် ဘတ်ဂျက်ငွေများကို ချထားပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ က ပြောသည်။ သို့ရာတွင် ဘတ်ဂျက်သုံးစွဲရာ၌ ငွေရှိမှသာသုံးစွဲနိုင်မည်ဖြစ်၍ အခွန်အခများပြည့်ပြည့်ဝဝရရှိရန်လိုသည်ကိုလည်း ဖြည့်စွက်ပြောသည်။ ထို့ပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာ အခွန်အခများရရှိမည်ဖြစ်၍ တိုင်းနှင့်ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်မှုရှိအောင် စနစ်တကျကြပ်မတ်ဆောင်ရွက်ရမည်ဟု မှာကြားသည်။ " စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေနဲ့ အဲဒါတွေကိုအခြေခံတဲ့...

နိုင်ငံ့ GDP တိုးတက်လာပါက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဟု နစက ဥက္ကဋ္ဌပြော

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးကို ယနေ့ နိုဝင်ဘာ ၂၇ ရက်နံနက်ပိုင်းကကျင်းပခဲ့သည်။ အစည်းအဝေးတွင် နစကဥက္ကဋ္ဌက နိုင်ငံ့ GDP တိုးတက်လာပါက ဘတ်ဂျက်ပိုမိုအသုံးပြု၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ရာ နိုင်ငံ GDP တိုးတက်လာစေရန် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ ၊ တိုင်းနှင့်ပြည်နယ်များက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် နိုင်ငံ့ GDP တိုးတက်စေရေးအတွက် ကုန်ထုတ်လုပ်မှုတိုးတက်ရန်လိုပြီး နိုင်ငံအတွက်အခြေခံကျသော လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီးတွင် စိုက်ပျိုးရေးထွက်ကုန်၊ စိုက်ပျိုးသီးနှံများပိုမိုထွက်ရှိတိုးတက်လာပါက ၎င်းကိုအခြေခံသည့် စက်မှုကဏ္ဍကြီးသည်လည်း ပိုမိုတိုးတက်လာမည်ဟု ပြောသည်။ "...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071