Sunday, November 24, 2024

အမျိုးသား အလွတ်တန်း စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား...

ဒီဇင်ဘာ အားကစားလအကြို အမျိုးသား အလွတ်တန်း (MOUNTAIN BIKE )စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား (၁၈၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို...

အောင်ပန်းမြို့၌ ငရုတ်၊ ကြက်သွန်နှင့် ဂျင်းသီးနှံ...

ရှမ်းပြည်နယ်တောင်ပိုင်း၌ စိုက်ပျိုးထွက်ရှိသည့် ငရုတ်၊ ကြက်သွန်နှင့် ချင်းသီးနှံကုန်စည်ပြပွဲကို ဒီဇင်ဘာလ (၁၁) ရက်နှင့် (၁၂) ရက်တို့တွင် အောင်ပန်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ...

ထိုင်းအစိုးရက ကမ္ဘောဒီးယားသို့ တံတားသစ်တစ်စင်းဆောက်မည်

‌ဖနောင်ပင်၊နိုဝင်ဘာ ၂၄ ထိုင်းအစိုးရက ကမ္ဘောဒီးယားနှင့်ဆက်သွယ်ပေးမည့် တံတားအသစ်တစ်စင်းကို တည်ဆောက်မည်ဖြစ်ပြီး အဆိုပါတံတားသည် ထိုင်းဘတ်ငွေ ၁၅ သန်းခန့်တန်ဖိုးရှိကြောင်းလည်းသိရသည်။ ယခုဆောက်လုပ်မည့်တံတားအသစ်ကြောင့် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကို ပိုမိုတိုးတက်လာစေမည်ဖြစ်သည်ဟုလည်း...

မြန်မာနှလုံးရောဂါဆေးပညာရှင်များ တစ်နှစ်အတွင်း နှလုံးခွဲစိတ်မှု (၂၀၀၀)ကျော်ပြုလုပ်ခဲ့

မြန်မာနိုင်ငံတွင် နှလုံးရောဂါဆေးပညာရှင်များမှ တစ်နှစ်တာအတွင်း နှလုံးခွဲစိတ်မှု(၂၃၇၅)ကြိမ် ပြုလုပ်ခဲ့ပြီး နှလုံးသွေးကြောချဲ့ကုသမှု အပါအဝင်နှလုံးရောဂါကုသမှု(၅၈၀၀) ကျော်ကိုပါ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာရပ်ဆိုင်ရာညီလာခံဖွင့်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...
HomeNewsLocal Newsထိုင်းအိမ်ခြံမြေဈေးကွက်တွင် မြန်မာဝယ်လက်များ ဝယ်ယူမှုမြင့်တက်လာဟုဆို

ထိုင်းအိမ်ခြံမြေဈေးကွက်တွင် မြန်မာဝယ်လက်များ ဝယ်ယူမှုမြင့်တက်လာဟုဆို

ထိုင်းအိမ်ခြံမြေဈေးကွက်တွင် တရုတ်နှင့် ရုရှားရင်းနှီးမြုပ်နှံသူများ၏ဝယ်ယူမှု ကျဆင်းလာပြီး မြန်မာနိုင်ငံဝယ်လက်များ မြင့်တက်လာ‌ကြောင်း ဘန်ကောက်ပို့စ်သတင်းစာကြီးကရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံမှ ဝယ်ယူသူများသည် ထိုင်းနိုင်ငံ၏ နှေးကွေးသော အိမ်ခြံမြေဈေးကွက်အတွက် တောက်ပသော မီးတောက်တစ်ခုအဖြစ် ဘန်ကောက်နှင့် ထိုင်းနိုင်ငံ အခြားဒေသများရှိ ကွန်ဒိုများကို ဝယ်ယူကြကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ပထမ ကိုးလတွင် ထိုင်းကွန်ဒိုတိုက်ခန်းများအား မြန်မာဝယ်လက်များ၏ ဝယ်ယူမှုသည် ယမန်နှစ် ကာလတူ အချိန်ကထက် သုံးဆ တိုးလာကြောင်း အိမ်ခြံမြေ သတင်းအချက်အလက်ဌာန (Real Estate Information Centre – REIC)မှ ထုတ်ပြန်ချက်အရသိရသည်။ ယင်းသည် တရုတ်နိုင်ငံပြီးလျှင် ဒုတိယအများဆုံး နိုင်ငံခြားဝယ်လက်အုပ်စု ဖြစ်လာကြောင်း သိရသည်။

“… နိုင်ငံခြားသားတွေက ထိုင်းဘက်ကို လှည့်ပြီး ငြိမ်းချမ်းရေးကို ရှာဖွေနေပါတယ်” ဟု REIC ခေတ္တညွှန်ကြားရေးမှူးချုပ် Kamonpop Veerapala က ယခုသီတင်းပတ်အတွင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ စုစု‌ပေါင်း ဘတ်ငွေ ၅.၄၆ ဘီလီယံ (ကန်ဒေါ်လာ ၁၅၈သန်း) တန်ဖိုးရှိ တိုက်ခန်း ၁,၀၀၀ ကျော်ကို မြန်မာနိုင်ငံသားများအား‌ ရောင်းချခဲ့ကြောင်း REIC ၏ အချက်အလက်များအရ သိရသည်။

မြန်မာတို့ ထိုင်းတွင်ရင်းနှီးမြှုပ်နှံမှုများသည် ယခုနှစ်ဇူလိုင်လမှ စက်တင်ဘာလအတွင်း သုံးလပတ်တွင် ၆၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း REIC အချက်အလက်များအရ သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံသူများသည် ကန်ဒေါ်လာ ၁၄၅,၀၀၀ နှင့် ဒေါ်လာ ၃၅၀,၀၀၀ အကြား ပေါက်ဈေးရှိသော အိမ်ခြံမြေများကို ဝယ်ယူနေကြကြောင်း အမည်မဖော်လိုသူအိမ်ခြံမြေအေးဂျင့်တစ်ဦးက ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင်သည် ချင်းမိုင်ပြီးလျှင် နောက်ထပ်ရေပန်းစားသော နေရာတစ်ခုဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသား အလွတ်တန်း စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား (၁၈၃) ဦး ဝင်ရောက်ယှဉ်ပြိုင်

ဒီဇင်ဘာ အားကစားလအကြို အမျိုးသား အလွတ်တန်း (MOUNTAIN BIKE )စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား (၁၈၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုဝင်ဘာ (၂၃)ရက် နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ကန်ရိပ်သာလမ်းရှိ တင့်ကားကုန်းဝင်ပေါက်ရှေ့၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲ၌ အမျိုးသား (၁၇၇) ဦးနှင့် အမျိုးသမီး(၆)ဦး ဝင်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ‌ေ-သနတ်ပစ်ဖောက်စတင် တာလွှတ်ပေးရာ ပြိုင်ပွဲဝင် ကစားသမားများကစုရပ်မှတာထွက်၍ ကန်ရိပ်သာလမ်း ၊...

အောင်ပန်းမြို့၌ ငရုတ်၊ ကြက်သွန်နှင့် ဂျင်းသီးနှံ ကုန်စည်ပြပွဲကျင်းပမည်

ရှမ်းပြည်နယ်တောင်ပိုင်း၌ စိုက်ပျိုးထွက်ရှိသည့် ငရုတ်၊ ကြက်သွန်နှင့် ချင်းသီးနှံကုန်စည်ပြပွဲကို ဒီဇင်ဘာလ (၁၁) ရက်နှင့် (၁၂) ရက်တို့တွင် အောင်ပန်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲကို ကလော၊ အောင်ပန်းနှင့် ပင်းတယဒေသရှိ တောင်သူများအတွက် အဓိကကျင်းပခြင်းဖြစ်ပြီးတောင်သူများအနေဖြင့် အစုအဖွဲ့လိုက် ရောင်းဝယ်တတ်စေရန်နှင့် ဈေးကွက်ကောင်းတွေရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲတွင်ဝယ်ယူသူများအနေဖြင့် တောင်သူများနှင့် တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်မည့်အပြင် စိုက်ပျိုးသူများအဆင်‌ပြေ‌စေရန် ပြပွဲကို (၁၅) ရက်လျှင်တစ်ကြိမ်ကျင်းပမည်ဖြစ်ကြောင်း၊ တောင်သူဈေးနှင့်အတူ ပွဲရုံ၊ ကုန်သည်၊ ကုန်စည်ဒိုင်များ ဈေးကောင်းရရှိစေရန်အခြေခံဈေးနှုန်းများ သတ်မှတ်ဝယ်ယူပေးမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် တောင်သူများအတွက် စိုက်ပျိုးနည်းပညာအပြင်...

ထိုင်းအစိုးရက ကမ္ဘောဒီးယားသို့ တံတားသစ်တစ်စင်းဆောက်မည်

‌ဖနောင်ပင်၊နိုဝင်ဘာ ၂၄ ထိုင်းအစိုးရက ကမ္ဘောဒီးယားနှင့်ဆက်သွယ်ပေးမည့် တံတားအသစ်တစ်စင်းကို တည်ဆောက်မည်ဖြစ်ပြီး အဆိုပါတံတားသည် ထိုင်းဘတ်ငွေ ၁၅ သန်းခန့်တန်ဖိုးရှိကြောင်းလည်းသိရသည်။ ယခုဆောက်လုပ်မည့်တံတားအသစ်ကြောင့် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကို ပိုမိုတိုးတက်လာစေမည်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။ အဆိုပါကွန်ကရစ်တံတားသည် မီတာ ၄၀ ခန့် ရှည်မည်ဖြစ်ပြီး ယာဉ်လမ်းကြောတစ်ဖက်စီတွင် သုံးမီတာကျယ်သော လူသွားလမ်းများလည်းပါရှိမည်ဖြစ်သည်ဟုသိရသည်။ဆောက်လုပ်ရေးလုပ်ငန်းကို လာမည့်နှစ်တွင်စတင်နိုင်ရန် စီစဉ်ထားသည်ဟုလည်းဆိုသည်။ အဆိုပါစီမံကိန်းသည် နှစ်နိုင်ငံနယ်စပ်တွင် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးမည့်အပြင် ခရီးသွားလာရေးနှင့် ကုန်သွယ်မှုတို့ကိုပါ လွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သည့် Anutin ကပြောကြားခဲ့သည်။ ထိုင်းနှင့်ကမ္ဘောဒီးယား တာဝန်ရှိသူများက စီမံကိန်းအတွက် သဘောတူညီချက်မူကြမ်းကို ထိုင်းအစိုးရ အဖွဲ့ထံတင်ပြပြီး မကြာခင် အတည်ပြုနိုင်မည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071