Sunday, November 24, 2024

အမျိုးသား အလွတ်တန်း စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား...

ဒီဇင်ဘာ အားကစားလအကြို အမျိုးသား အလွတ်တန်း (MOUNTAIN BIKE )စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား (၁၈၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို...

အောင်ပန်းမြို့၌ ငရုတ်၊ ကြက်သွန်နှင့် ဂျင်းသီးနှံ...

ရှမ်းပြည်နယ်တောင်ပိုင်း၌ စိုက်ပျိုးထွက်ရှိသည့် ငရုတ်၊ ကြက်သွန်နှင့် ချင်းသီးနှံကုန်စည်ပြပွဲကို ဒီဇင်ဘာလ (၁၁) ရက်နှင့် (၁၂) ရက်တို့တွင် အောင်ပန်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ...

ထိုင်းအစိုးရက ကမ္ဘောဒီးယားသို့ တံတားသစ်တစ်စင်းဆောက်မည်

‌ဖနောင်ပင်၊နိုဝင်ဘာ ၂၄ ထိုင်းအစိုးရက ကမ္ဘောဒီးယားနှင့်ဆက်သွယ်ပေးမည့် တံတားအသစ်တစ်စင်းကို တည်ဆောက်မည်ဖြစ်ပြီး အဆိုပါတံတားသည် ထိုင်းဘတ်ငွေ ၁၅ သန်းခန့်တန်ဖိုးရှိကြောင်းလည်းသိရသည်။ ယခုဆောက်လုပ်မည့်တံတားအသစ်ကြောင့် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကို ပိုမိုတိုးတက်လာစေမည်ဖြစ်သည်ဟုလည်း...

မြန်မာနှလုံးရောဂါဆေးပညာရှင်များ တစ်နှစ်အတွင်း နှလုံးခွဲစိတ်မှု (၂၀၀၀)ကျော်ပြုလုပ်ခဲ့

မြန်မာနိုင်ငံတွင် နှလုံးရောဂါဆေးပညာရှင်များမှ တစ်နှစ်တာအတွင်း နှလုံးခွဲစိတ်မှု(၂၃၇၅)ကြိမ် ပြုလုပ်ခဲ့ပြီး နှလုံးသွေးကြောချဲ့ကုသမှု အပါအဝင်နှလုံးရောဂါကုသမှု(၅၈၀၀) ကျော်ကိုပါ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာရပ်ဆိုင်ရာညီလာခံဖွင့်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...
HomeNewsLocal Newsဖားကန့်တွင် စက်သုံးဆီပြတ်လပ်မှု ပွင့်လင်းရာသီကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ...

ဖားကန့်တွင် စက်သုံးဆီပြတ်လပ်မှု ပွင့်လင်းရာသီကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ အခက်အခဲကြုံတွေ့နေရဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ယခုလ နိုဝင်ဘာ တတိယအပတ်မှစတင်၍ စက်သုံးဆီပြတ်လပ်မှုများနှင့်ကြုံတွေ့နေရသဖြင့် ပွင့်လင်းရာသီ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်များ အခက်အခဲဖြစ်လာနေကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

ဓာတ်ဆီ၊ ဒီဇယ်ဆီ ပြတ်လပ်မှုကြောင့် ဖားကန့်မှော်ဒေသများဖြစ်သည့် လုံးခင်း၊ ဖားကန့်၊ ဆိုင်းတောင် တို့တွင် စက်သုံးဆီဆိုင်များအားလုံးပိတ်ထားကြပြီး လက်ရှိတွင် ဖားကန့်မြို့အဝင်ရှိ စက်သုံးဆီဆိုင် (၂)ဆိုင်နှင့် တစ်နိုင်တစ်ပိုင်ဆိုင်ငယ်များသာ ရောင်းချပေးနေကြောင်း သိရသည်။

“ပွင့်လင်းရာသီချိန် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ၊အရောင်းအဝယ်တွေ လုပ်ကြရတာ။ မှော်ဒေသ စီးပွားရေး လုပ်ဆောင်ကြရမယ့် ကာလမှာ အခုလို စက်သုံးဆီသယ်ယူ ၊ တင်သွင်း၊ ရောင်းချခွင့်မရကြတာကြောင့် ‌ကုန်သည်၊ ပွဲစားကအစ ခေါင်းရွက်ဗျက်ထိုးဈေးသည်အထိ အခက်အခဲ ကိုယ်စီကြုံကြရတော့မှာ”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် နိုဝင်ဘာလ (၂၃)ရက်အထိ ဓါတ်ဆီတစ်ဂါလံ (၄၄,ဝဝဝ)ကျပ်၊ ဒီဇယ်တစ်ပေပါ ကျပ်(၂၃) သိန်းကျော်ပေး၍ ဝယ်ယူနေရကြောင်း သိရသည်။

အလားတူ မန္တလေး-ဖားကန့် ကုန်စည်စီးဆင်းမှုများလည်း အခက်အခဲဖြစ်ပေါ်ကာ ဒေသတွင်းကုန် ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ဖားကန့်-မန္တလေး ခရီးသွားလာမှုခရီးစရိတ်မှာလည်း နှစ်ဆကျော် မြင့်တက်လာနေကာ ဖားကန့်မှ မိုင် (၈၀) ကျော် အကွာရှိ မိုးညှင်းမြို့သို့ လူတစ်ဦးလျှင် ကားခ ကျပ်နှစ်သိန်းပေးရပြီး မိုင် (၃၀၀) ကျော်ကွာသည့် မန္တလေးမြို့သို့ ကျပ်လေးသိန်းအထိ ပေးရကြောင်းသိရသည်။

ဖားကန့် မှော်ဒေသသည် အကြီးစားကျောက်စိမ်းတူးဖော်မှုလုပ်ကွက်များကြောင့် စက်သုံးဆီသုံးစွဲမှုမြင့်မားသည့် ဒေသတစ်ခုဖြစ်ပြီး နှစ်စဉ် ထိုဒေသမှ ဒေါ်လာဘီလီယံများစွာ တန်ကြေးရှိသည့် ကျောက်စိမ်းများကို တူးဖော်ရရှိနေခြင်းဖြစ်သည်။

ဓာတ်ပုံ-CJ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသား အလွတ်တန်း စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား (၁၈၃) ဦး ဝင်ရောက်ယှဉ်ပြိုင်

ဒီဇင်ဘာ အားကစားလအကြို အမျိုးသား အလွတ်တန်း (MOUNTAIN BIKE )စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား (၁၈၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုဝင်ဘာ (၂၃)ရက် နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ကန်ရိပ်သာလမ်းရှိ တင့်ကားကုန်းဝင်ပေါက်ရှေ့၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲ၌ အမျိုးသား (၁၇၇) ဦးနှင့် အမျိုးသမီး(၆)ဦး ဝင်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ‌ေ-သနတ်ပစ်ဖောက်စတင် တာလွှတ်ပေးရာ ပြိုင်ပွဲဝင် ကစားသမားများကစုရပ်မှတာထွက်၍ ကန်ရိပ်သာလမ်း ၊...

အောင်ပန်းမြို့၌ ငရုတ်၊ ကြက်သွန်နှင့် ဂျင်းသီးနှံ ကုန်စည်ပြပွဲကျင်းပမည်

ရှမ်းပြည်နယ်တောင်ပိုင်း၌ စိုက်ပျိုးထွက်ရှိသည့် ငရုတ်၊ ကြက်သွန်နှင့် ချင်းသီးနှံကုန်စည်ပြပွဲကို ဒီဇင်ဘာလ (၁၁) ရက်နှင့် (၁၂) ရက်တို့တွင် အောင်ပန်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲကို ကလော၊ အောင်ပန်းနှင့် ပင်းတယဒေသရှိ တောင်သူများအတွက် အဓိကကျင်းပခြင်းဖြစ်ပြီးတောင်သူများအနေဖြင့် အစုအဖွဲ့လိုက် ရောင်းဝယ်တတ်စေရန်နှင့် ဈေးကွက်ကောင်းတွေရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲတွင်ဝယ်ယူသူများအနေဖြင့် တောင်သူများနှင့် တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်မည့်အပြင် စိုက်ပျိုးသူများအဆင်‌ပြေ‌စေရန် ပြပွဲကို (၁၅) ရက်လျှင်တစ်ကြိမ်ကျင်းပမည်ဖြစ်ကြောင်း၊ တောင်သူဈေးနှင့်အတူ ပွဲရုံ၊ ကုန်သည်၊ ကုန်စည်ဒိုင်များ ဈေးကောင်းရရှိစေရန်အခြေခံဈေးနှုန်းများ သတ်မှတ်ဝယ်ယူပေးမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် တောင်သူများအတွက် စိုက်ပျိုးနည်းပညာအပြင်...

ထိုင်းအစိုးရက ကမ္ဘောဒီးယားသို့ တံတားသစ်တစ်စင်းဆောက်မည်

‌ဖနောင်ပင်၊နိုဝင်ဘာ ၂၄ ထိုင်းအစိုးရက ကမ္ဘောဒီးယားနှင့်ဆက်သွယ်ပေးမည့် တံတားအသစ်တစ်စင်းကို တည်ဆောက်မည်ဖြစ်ပြီး အဆိုပါတံတားသည် ထိုင်းဘတ်ငွေ ၁၅ သန်းခန့်တန်ဖိုးရှိကြောင်းလည်းသိရသည်။ ယခုဆောက်လုပ်မည့်တံတားအသစ်ကြောင့် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကို ပိုမိုတိုးတက်လာစေမည်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။ အဆိုပါကွန်ကရစ်တံတားသည် မီတာ ၄၀ ခန့် ရှည်မည်ဖြစ်ပြီး ယာဉ်လမ်းကြောတစ်ဖက်စီတွင် သုံးမီတာကျယ်သော လူသွားလမ်းများလည်းပါရှိမည်ဖြစ်သည်ဟုသိရသည်။ဆောက်လုပ်ရေးလုပ်ငန်းကို လာမည့်နှစ်တွင်စတင်နိုင်ရန် စီစဉ်ထားသည်ဟုလည်းဆိုသည်။ အဆိုပါစီမံကိန်းသည် နှစ်နိုင်ငံနယ်စပ်တွင် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးမည့်အပြင် ခရီးသွားလာရေးနှင့် ကုန်သွယ်မှုတို့ကိုပါ လွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သည့် Anutin ကပြောကြားခဲ့သည်။ ထိုင်းနှင့်ကမ္ဘောဒီးယား တာဝန်ရှိသူများက စီမံကိန်းအတွက် သဘောတူညီချက်မူကြမ်းကို ထိုင်းအစိုးရ အဖွဲ့ထံတင်ပြပြီး မကြာခင် အတည်ပြုနိုင်မည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071