Sunday, November 24, 2024

အထူးဒေသ(၄)ရှိကျေးရွာများ လျှပ်စစ်မီးရရှိရေးကိုကူညီဖြေရှင်းပေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)ရှိ နမ့်ပန်းခရိုင်အား တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့၏ ပြင်ပချစ်ကြည်ရေးအဖွဲ့ဝင်များ နိုဝင်ဘာ တတိယပတ်ကလာရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ကျင်းဟုန်မြို့၏ ပြင်ပချစ်ကြည်ရေးအဖွဲ့ခေါင်း ဆောင် မစ္စတာအိုက်ဝမ့် ဦးဆောင်သည့်အဖွဲ့ဝင်များမှ...

ဒူးဒဏ်ရာကြောင့် အနားယူထားသည့် တိုက်စစ်မှူးအောင်သူ ထိုင်းလိဂ်ပွဲစဉ်အတွင်း...

ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် အနားယူထားသည့် တိုက်စစ်မှူး အောင်သူ ယမန်နေ့ထိုင်းလိဂ်ပွဲစဉ်အတွင်း ပြန်လည်ပါဝင်လာခဲ့ပြီဖြစ်သည်။ ယမန်နေ့က ၎င်း ပါဝင်ကစားနေသည့် ဥထိုင်းဌာနီအသင်းနှင့် ပေါ့အက်(ဖ်)စီအသင်းတို့၏ ပွဲစဥ်အတွင်း ဒုတိယပိုင်း (၆၈)...

မန္တလေးတိုင်းရှိ အကျုံးဝင်အာမခံလုပ်သားဦးရေ (၆၉၀၀၀)ကျော် ကျန်းမာရေး...

မန္တလေးတိုင်း ဒေသကြီးတွင် အကျုံးဝင် အာမခံအလုပ်သမားဦးရေ (၆၉၀၀၀) ကျော်ကိုကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၏ ပြောကြားချက်အရ သိရသည်။ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ...

အမျိုးသား အလွတ်တန်း စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား...

ဒီဇင်ဘာ အားကစားလအကြို အမျိုးသား အလွတ်တန်း (MOUNTAIN BIKE )စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား (၁၈၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို...
HomeNewsLocal Newsလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့မှစ၍ နိုဝင်ဘာ...

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့မှစ၍ နိုဝင်ဘာ ၂၈ ရက်အတွင်း မြန်မာ့ပင်လယ်ပြင်၌ မိုးသက်လေပြင်းများတိုက်ခတ်နိုင်

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့ နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်အတွင်း မြန်မာ့ပင်လယ်ပြင်၌ မိုးသက်လေပြင်းများတိုက်ခတ်နိုင်သည်ဟု မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲမှ ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့လည် ၁ နာရီက အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၇၂ နာရီအတွင်း၌ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်း ယင်းနှင့်ဆက်စပ်နေသည့် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းနိုင်သည်ဟုလည်း အသိပေးခဲ့သည်။

ထို့ကြောင့် မြန်မာ့ပင်လယ်ပြင်ဖြစ်သည့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျှင်(၂၅)မိုင်မှ (၃၅)မိုင်ခန့်ရှိပြီး လှိုင်းအမြင့် (၄)ပေမှ (၇)ပေခန့်အထိရှိနိုင်သော မိုးသက်လေပြင်းများ တစ်ခါတစ်ရံကျရောက်နိုင်သည်ဟု အသိပေးခဲ့သည်။

ထို့ပြင် ယင်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ပင်လယ်ဘက်မှအားကောင်းသော အပူပျံတက်တိမ်တိုက်များသည် မြန်မာနိုင်ငံဘက်သို့ လွှင့်စင်လာနိုင်ခြင်း၊ အနောက်မြောက်ဘက်မှ တိုးဝင်လာသည့် ကုန်းတွင်းလေအေးများ၊ အရှေ့မြောက်မုတ်သုံလေအေးများနှင့် တွေ့ဆုံနိုင်မှုများဖြစ်ပေါ်နိုင်သည်ဟုလည်း အသိပေးခဲ့သည်။

ထိုသို့ ဖြစ်ပေါ်လာချိန်တွင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ချိန်ခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်သည်ဟုလည်း အသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အထူးဒေသ(၄)ရှိကျေးရွာများ လျှပ်စစ်မီးရရှိရေးကိုကူညီဖြေရှင်းပေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)ရှိ နမ့်ပန်းခရိုင်အား တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့၏ ပြင်ပချစ်ကြည်ရေးအဖွဲ့ဝင်များ နိုဝင်ဘာ တတိယပတ်ကလာရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ကျင်းဟုန်မြို့၏ ပြင်ပချစ်ကြည်ရေးအဖွဲ့ခေါင်း ဆောင် မစ္စတာအိုက်ဝမ့် ဦးဆောင်သည့်အဖွဲ့ဝင်များမှ နမ့်ပန်းခရိုင်သို့ (၃)ရက်ကြာလာရောက်ခဲ့ကြပြီး အထူးဒေသ(၄)၏ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အနာဂတ်တွင် ကဏ္ဍအသီးသီး၌ အ ပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြသည်။ ထို့အတူ စိုက်ပျိုးရေးလုပ်ငန်း၊ နည်းပညာ၊ စျေးကွက်အတွင်းရောင်းချရေး၊ ယဉ်ကျေးမှုအမွေ အနှစ်လက်ဆင့်ကမ်းဆက်ခံခြင်းတို့ကိုလည်းဆွေးနွေးခဲ့ကြပြီး နှစ်ဖက်လုံး၏ လူနေမှုပုံစံ၊ ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်းတို့၌ အပြန်အ လှန်ချိတ်ဆက်မှုကို မြှင့်တင်ခဲ့ကြသည်။ ထို့ပြင် ကျင်းဟုန်မြို့၏ ပြင်ပချစ်ကြည်ရေးအဖွဲ့သည် ဖားလုံဒိုင်နယ်၊ ဖါးလုံကျေးရွာနှင့် လိုယော်ကျေးရွာတို့၌ ယခင်က...

ဒူးဒဏ်ရာကြောင့် အနားယူထားသည့် တိုက်စစ်မှူးအောင်သူ ထိုင်းလိဂ်ပွဲစဉ်အတွင်း ပြန်လည်ပါဝင်လာ

ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် အနားယူထားသည့် တိုက်စစ်မှူး အောင်သူ ယမန်နေ့ထိုင်းလိဂ်ပွဲစဉ်အတွင်း ပြန်လည်ပါဝင်လာခဲ့ပြီဖြစ်သည်။ ယမန်နေ့က ၎င်း ပါဝင်ကစားနေသည့် ဥထိုင်းဌာနီအသင်းနှင့် ပေါ့အက်(ဖ်)စီအသင်းတို့၏ ပွဲစဥ်အတွင်း ဒုတိယပိုင်း (၆၈) မိနစ်တွင် လူစားထိုး‌ ကစားခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ တိုက်စစ်မှူး အောင်သူအနေဖြင့် ဂိုးသွင်းယူမည့်အခြေအနေနှစ်ကြိမ်ကြိုးစားခဲ့သည်ကို တွေ့ရပြီး ဒုတိယအကြိမ်တွင် ဂိုး တိုင်နှင့် ထိမှန်ခဲ့သည်အထိ သွင်းဂိုးရနိုင်ခြေဖြင့် နီးစပ်ခဲ့သည်ကို တွေ့ရသည်။ ပွဲစဥ်အတွင်း တစ်ဘက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကာ လက်ရှိအမှတ်ပေးဇယားရပ်တည်မှုအရ ဥထိုင်းဌာနီအသင်းသည် အဆင့်(၈)နေရာ၌ ရပ်တည်နေသည်။ တိုက်စစ်မှူး အောင်သူသည် ထိုင်းလိဂ် (၂)အသင်း တစ်သင်းဖြစ်သည့် လန်ချန်ဘူရီအသင်းနှင့် ကစားအပြီး...

မန္တလေးတိုင်းရှိ အကျုံးဝင်အာမခံလုပ်သားဦးရေ (၆၉၀၀၀)ကျော် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့

မန္တလေးတိုင်း ဒေသကြီးတွင် အကျုံးဝင် အာမခံအလုပ်သမားဦးရေ (၆၉၀၀၀) ကျော်ကိုကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၏ ပြောကြားချက်အရ သိရသည်။ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီးမှ ဝန်ထမ်းများအားတွေ့ဆုံစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မန္တလေးတိုင်း ဒေသကြီးတွင် အကျုံးဝင် အာမခံအလုပ်သမားဦးရေ (၁၂၃၄၄၅) ကျော် ရှိပြီး အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် မန္တလေးအလုပ်သမားဆေးရုံကြီး၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၁၃) ခန်း၊ ဌာနကြီးဆေးခန်းကိုးခန်း၊ စာချုပ်ဆေးခန်း ခုနစ်ခန်းတို့ ဖွင့်လှစ်၍ ဧပြီလမှ အောက်တိုဘာလအထိ အာမခံအလုပ်သမား လူနာပေါင်း (၆၉၉၁၀)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071