Sunday, November 24, 2024

စစ်ကိုင်းတိုင်းရှိ နေရပ်စွန်ခွာပြည်သူ (၅၀၀၀) ကျော်အတွက်...

စစ်ကိုင်းတိုင်းရှိ ယာယီနေရပ်စွန်ခွာပြည်သူ (၅,၁၃၉) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၇၀,၀၀၀ )စီနှင့် အစားအစာမဟုတ်သော ပစ္စည်းများ (Non Food Items-...

အထူးဒေသ(၄)ရှိကျေးရွာများ လျှပ်စစ်မီးရရှိရေးကိုကူညီဖြေရှင်းပေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)ရှိ နမ့်ပန်းခရိုင်အား တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့၏ ပြင်ပချစ်ကြည်ရေးအဖွဲ့ဝင်များ နိုဝင်ဘာ တတိယပတ်ကလာရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ကျင်းဟုန်မြို့၏ ပြင်ပချစ်ကြည်ရေးအဖွဲ့ခေါင်း ဆောင် မစ္စတာအိုက်ဝမ့် ဦးဆောင်သည့်အဖွဲ့ဝင်များမှ...

ဒူးဒဏ်ရာကြောင့် အနားယူထားသည့် တိုက်စစ်မှူးအောင်သူ ထိုင်းလိဂ်ပွဲစဉ်အတွင်း...

ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် အနားယူထားသည့် တိုက်စစ်မှူး အောင်သူ ယမန်နေ့ထိုင်းလိဂ်ပွဲစဉ်အတွင်း ပြန်လည်ပါဝင်လာခဲ့ပြီဖြစ်သည်။ ယမန်နေ့က ၎င်း ပါဝင်ကစားနေသည့် ဥထိုင်းဌာနီအသင်းနှင့် ပေါ့အက်(ဖ်)စီအသင်းတို့၏ ပွဲစဥ်အတွင်း ဒုတိယပိုင်း (၆၈)...

မန္တလေးတိုင်းရှိ အကျုံးဝင်အာမခံလုပ်သားဦးရေ (၆၉၀၀၀)ကျော် ကျန်းမာရေး...

မန္တလေးတိုင်း ဒေသကြီးတွင် အကျုံးဝင် အာမခံအလုပ်သမားဦးရေ (၆၉၀၀၀) ကျော်ကိုကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၏ ပြောကြားချက်အရ သိရသည်။ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ...
HomeNewsLocal Newsမြန်မာနှလုံးရောဂါဆေးပညာရှင်များ တစ်နှစ်အတွင်း နှလုံးခွဲစိတ်မှု...

မြန်မာနှလုံးရောဂါဆေးပညာရှင်များ တစ်နှစ်အတွင်း နှလုံးခွဲစိတ်မှု (၂၀၀၀)ကျော်ပြုလုပ်ခဲ့

မြန်မာနိုင်ငံတွင် နှလုံးရောဂါဆေးပညာရှင်များမှ တစ်နှစ်တာအတွင်း နှလုံးခွဲစိတ်မှု(၂၃၇၅)ကြိမ် ပြုလုပ်ခဲ့ပြီး နှလုံးသွေးကြောချဲ့ကုသမှု အပါအဝင်နှလုံးရောဂါကုသမှု(၅၈၀၀) ကျော်ကိုပါ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါပညာရပ်ဆိုင်ရာညီလာခံဖွင့်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံနှလုံးရောဂါ ပညာရပ်ဆိုင်ရာညီလာခံ၌ မြန်မာနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် အမေရိကန်နိုင်ငံများမှ နှလုံးရောဂါဆေးပညာရှင်များ အတွေ့အကြုံ၊ ဗဟုသုတများအပြန်အလှန်မျှဝေကြမည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံရှိ အထွေထွေရောဂါကုဆရာဝန်များ၊ ဆေးပညာရှင်များ၊ နှလုံးရောဂါအထူးကု ဆရာဝန်များအတွက် ဗဟုသုတနှင့်ကျွမ်းကျင်မှုပိုင်းဆိုင်ရာများကို လေ့လာခွင့်ရရှိကြမည်ဖြစ်သဖြင့် လူနာဗဟိုပြုဆေးကုသမှုလုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံ နှလုံးရောဂါ ပညာရပ်ဆိုင်ရာညီလာခံကို နိုဝင်ဘာ (၂၃)ရက်နှင့် နိုဝင်ဘာ (၂၄)ရက်တို့တွင် ရန်ကုန်မြို့၊ Lotte Hotel ၌ ကျင်းပနေခြင်း ဖြစ်သည်။

အဆိုပါ ညီလာခံတွင် ပြည်ပနိုင်ငံအသီးသီးမှ နှလုံးရောဂါဆေးပညာရှင်များက မြန်မာနိုင်ငံမှ နှလုံးရောဂါဆေးပညာရှင်များနှင့်အတူ ဆေးပညာရပ်ဆိုင်ရာ ဗဟုသုတမျှဝေခြင်း၊ အတွေ့အကြုံဖလှယ်ခြင်း၊ လက်တွေ့ကုသမှု အတွေ့အကြုံများ မျှဝေခြင်းတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ညီလာခံကို “Towards Holistic and Comprehensive Cardiac Care” ခေါင်းစဉ်ဖြင့် ကျင်းပနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် အမေရိကန်နိုင်ငံများမှ နှလုံးရောဂါဆေးပညာရှင်များ အပြန်အလှန် အတွေ့အကြုံ၊ ဗဟုသုတများ မျှဝေကြမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းတိုင်းရှိ နေရပ်စွန်ခွာပြည်သူ (၅၀၀၀) ကျော်အတွက် ထောက်ပံ့ငွေအပါအဝင် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့

စစ်ကိုင်းတိုင်းရှိ ယာယီနေရပ်စွန်ခွာပြည်သူ (၅,၁၃၉) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၇၀,၀၀၀ )စီနှင့် အစားအစာမဟုတ်သော ပစ္စည်းများ (Non Food Items- NFI)ကို ယခုလအတွင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု (၁,၅၈၁) စုအား စောင် (၁,၅၈၁) ထည်၊ ခြင်ထောင် (၁,၅၈၁) လုံး၊ ဖျာ (၉၉၆) ချပ်၊ တာပေါ်လင်စ (၂,၅၂၇) စ၊ ဆိုလာမီးအိမ် (၁,၅၈၁) လုံး၊ ကလေ-းမီးဖွားသန့်စင်သုံးပစ္စည်းပုံး...

အထူးဒေသ(၄)ရှိကျေးရွာများ လျှပ်စစ်မီးရရှိရေးကိုကူညီဖြေရှင်းပေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)ရှိ နမ့်ပန်းခရိုင်အား တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့၏ ပြင်ပချစ်ကြည်ရေးအဖွဲ့ဝင်များ နိုဝင်ဘာ တတိယပတ်ကလာရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ကျင်းဟုန်မြို့၏ ပြင်ပချစ်ကြည်ရေးအဖွဲ့ခေါင်း ဆောင် မစ္စတာအိုက်ဝမ့် ဦးဆောင်သည့်အဖွဲ့ဝင်များမှ နမ့်ပန်းခရိုင်သို့ (၃)ရက်ကြာလာရောက်ခဲ့ကြပြီး အထူးဒေသ(၄)၏ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အနာဂတ်တွင် ကဏ္ဍအသီးသီး၌ အ ပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြသည်။ ထို့အတူ စိုက်ပျိုးရေးလုပ်ငန်း၊ နည်းပညာ၊ စျေးကွက်အတွင်းရောင်းချရေး၊ ယဉ်ကျေးမှုအမွေ အနှစ်လက်ဆင့်ကမ်းဆက်ခံခြင်းတို့ကိုလည်းဆွေးနွေးခဲ့ကြပြီး နှစ်ဖက်လုံး၏ လူနေမှုပုံစံ၊ ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်းတို့၌ အပြန်အ လှန်ချိတ်ဆက်မှုကို မြှင့်တင်ခဲ့ကြသည်။ ထို့ပြင် ကျင်းဟုန်မြို့၏ ပြင်ပချစ်ကြည်ရေးအဖွဲ့သည် ဖားလုံဒိုင်နယ်၊ ဖါးလုံကျေးရွာနှင့် လိုယော်ကျေးရွာတို့၌ ယခင်က...

ဒူးဒဏ်ရာကြောင့် အနားယူထားသည့် တိုက်စစ်မှူးအောင်သူ ထိုင်းလိဂ်ပွဲစဉ်အတွင်း ပြန်လည်ပါဝင်လာ

ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် အနားယူထားသည့် တိုက်စစ်မှူး အောင်သူ ယမန်နေ့ထိုင်းလိဂ်ပွဲစဉ်အတွင်း ပြန်လည်ပါဝင်လာခဲ့ပြီဖြစ်သည်။ ယမန်နေ့က ၎င်း ပါဝင်ကစားနေသည့် ဥထိုင်းဌာနီအသင်းနှင့် ပေါ့အက်(ဖ်)စီအသင်းတို့၏ ပွဲစဥ်အတွင်း ဒုတိယပိုင်း (၆၈) မိနစ်တွင် လူစားထိုး‌ ကစားခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ တိုက်စစ်မှူး အောင်သူအနေဖြင့် ဂိုးသွင်းယူမည့်အခြေအနေနှစ်ကြိမ်ကြိုးစားခဲ့သည်ကို တွေ့ရပြီး ဒုတိယအကြိမ်တွင် ဂိုး တိုင်နှင့် ထိမှန်ခဲ့သည်အထိ သွင်းဂိုးရနိုင်ခြေဖြင့် နီးစပ်ခဲ့သည်ကို တွေ့ရသည်။ ပွဲစဥ်အတွင်း တစ်ဘက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကာ လက်ရှိအမှတ်ပေးဇယားရပ်တည်မှုအရ ဥထိုင်းဌာနီအသင်းသည် အဆင့်(၈)နေရာ၌ ရပ်တည်နေသည်။ တိုက်စစ်မှူး အောင်သူသည် ထိုင်းလိဂ် (၂)အသင်း တစ်သင်းဖြစ်သည့် လန်ချန်ဘူရီအသင်းနှင့် ကစားအပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071