Sunday, November 24, 2024

စစ်ဘေးရှောင်ကလေ-းငယ်များအား မိဘများ၏ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမပါသော်လည်း...

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် စစ်ဘေးရှောင်ကလေ-းငယ်များရောက်ရှိလာပါက မိဘများ၏ မှတ်ပုံတင်မိတ္တူနှင့်သန်းခေါင်စာရင်းမပါသော်လည်း ရောက်ရှိဒေသမှ အခြေခံပညာကျောင်းများတွင် လက်ခံသင်ကြားပေးလျက်ရှိသည်ဟု ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။ စစ်ဘေးရှောင်ကလေ-းငယ်များကျောင်းအပ်ရာ တွင် မိဘများ၏ မှတ်ပုံတင်မိတ္တူ၊...

ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား နိုဝင်ဘာလအတွင်း ဘုရားဖူးပြည်သူ (၁၂၀၀၀၀)ကျော်...

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား နိုဝင်ဘာ (၂၄)ရက်အထိ လာရောက်ဖူးမြှော်သူ (၁၂၅၄၅၀)ဦး ရှိကြောင်း ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။ ဆံတော်ရှင်...

စစ်ကိုင်းတိုင်းရှိ နေရပ်စွန်ခွာပြည်သူ (၅၀၀၀) ကျော်အတွက်...

စစ်ကိုင်းတိုင်းရှိ ယာယီနေရပ်စွန်ခွာပြည်သူ (၅,၁၃၉) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၇၀,၀၀၀ )စီနှင့် အစားအစာမဟုတ်သော ပစ္စည်းများ (Non Food Items-...

အထူးဒေသ(၄)ရှိကျေးရွာများ လျှပ်စစ်မီးရရှိရေးကိုကူညီဖြေရှင်းပေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)ရှိ နမ့်ပန်းခရိုင်အား တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့၏ ပြင်ပချစ်ကြည်ရေးအဖွဲ့ဝင်များ နိုဝင်ဘာ တတိယပတ်ကလာရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ကျင်းဟုန်မြို့၏ ပြင်ပချစ်ကြည်ရေးအဖွဲ့ခေါင်း ဆောင် မစ္စတာအိုက်ဝမ့် ဦးဆောင်သည့်အဖွဲ့ဝင်များမှ...
HomeNewsLocal Newsအောင်ပန်းမြို့၌ ငရုတ်၊ ကြက်သွန်နှင့်...

အောင်ပန်းမြို့၌ ငရုတ်၊ ကြက်သွန်နှင့် ဂျင်းသီးနှံ ကုန်စည်ပြပွဲကျင်းပမည်

ရှမ်းပြည်နယ်တောင်ပိုင်း၌ စိုက်ပျိုးထွက်ရှိသည့် ငရုတ်၊ ကြက်သွန်နှင့် ချင်းသီးနှံကုန်စည်ပြပွဲကို ဒီဇင်ဘာလ (၁၁) ရက်နှင့် (၁၂) ရက်တို့တွင် အောင်ပန်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲကို ကလော၊ အောင်ပန်းနှင့် ပင်းတယဒေသရှိ တောင်သူများအတွက် အဓိကကျင်းပခြင်းဖြစ်ပြီးတောင်သူများအနေဖြင့် အစုအဖွဲ့လိုက် ရောင်းဝယ်တတ်စေရန်နှင့် ဈေးကွက်ကောင်းတွေရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင်ဝယ်ယူသူများအနေဖြင့် တောင်သူများနှင့် တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်မည့်အပြင် စိုက်ပျိုးသူများအဆင်‌ပြေ‌စေရန် ပြပွဲကို (၁၅) ရက်လျှင်တစ်ကြိမ်ကျင်းပမည်ဖြစ်ကြောင်း၊ တောင်သူဈေးနှင့်အတူ ပွဲရုံ၊ ကုန်သည်၊ ကုန်စည်ဒိုင်များ ဈေးကောင်းရရှိစေရန်အခြေခံဈေးနှုန်းများ သတ်မှတ်ဝယ်ယူပေးမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် တောင်သူများအတွက် စိုက်ပျိုးနည်းပညာအပြင် ဒေသမျိုးသန့်မျိုးစေ့များ၊ ဆိုလာရေသွင်းစက်များ၊ မြေသြဇာများနှင့် စိုက်ပျိုးစရိတ်ကြိုတင် ထုတ်ပေးသည့်ဝန်ဆောင်မှုများကိုပါ တစ်နေရာတည်းတွင်ရရှိနိုင်ပြီး ပြည် တွင်း၊ ပြည်ပ ဈေးကွက်များနှင့်လည်း အလွယ်တကူချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ဘေးရှောင်ကလေ-းငယ်များအား မိဘများ၏ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမပါသော်လည်း လက်ခံသင်ကြားပေးလျက်ရှိ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် စစ်ဘေးရှောင်ကလေ-းငယ်များရောက်ရှိလာပါက မိဘများ၏ မှတ်ပုံတင်မိတ္တူနှင့်သန်းခေါင်စာရင်းမပါသော်လည်း ရောက်ရှိဒေသမှ အခြေခံပညာကျောင်းများတွင် လက်ခံသင်ကြားပေးလျက်ရှိသည်ဟု ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။ စစ်ဘေးရှောင်ကလေ-းငယ်များကျောင်းအပ်ရာ တွင် မိဘများ၏ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းတောင်းခံမှုများရှိနေသဖြင့် အခက်အခဲကြုံတွေ့နေရခြင်းနှင့်ပတ်သက်၍ ပြည်တွင်းသတင်းဌာနတစ်ခုမှမေးမြန်းမှုအား ပညာရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အဆင့်မြင့်ပညာဦးစီးဌာန၏ တက္ကသိုလ်များတွင် နေ့သင်တန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံရာ ၌ မိဘများ၏ မှတ်ပုံတင်မိတ္တူများကို ဘွဲ့လက်မှတ်ဆောင်ရွက်နိုင်ရန်အတွက်သာ တောင်းခံခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ တောင်းခံရာ၌ မိဘများ၏ မှတ်ပုံတင်မိ တ္တူမပါရှိပါကလည်း ကျောင်းအပ်လက်ခံကာ Online ဖြင့်ဆောင်ရွက်သည့် စမ်းသပ်ကျောင်းများတွင် မိဘများ၏...

ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား နိုဝင်ဘာလအတွင်း ဘုရားဖူးပြည်သူ (၁၂၀၀၀၀)ကျော် လာရောက်ဖူးမြော်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား နိုဝင်ဘာ (၂၄)ရက်အထိ လာရောက်ဖူးမြှော်သူ (၁၂၅၄၅၀)ဦး ရှိကြောင်း ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ဖူးမြော်လျက်ရှိကြောင်း သိရသည်။ ထိုသို့ လာရောက်ဖူးမြှော်ရာ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ (၁၇) ရက်မှ နိုဝင်ဘာ (၂၃) ရက်အထိ ဘုရားဖူး (၁၇၀၀၅၅)ဦးရှိပြီး ပြည်တွင်းဘုရားဖူး(၁၆၉၄၃၀)ဦးနှင့် ပြည်ပဘုရားဖူးက (၆၂၅)ဦးရှိကြောင်း သိရသည်။ “ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို စနေ၊...

စစ်ကိုင်းတိုင်းရှိ နေရပ်စွန်ခွာပြည်သူ (၅၀၀၀) ကျော်အတွက် ထောက်ပံ့ငွေအပါအဝင် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့

စစ်ကိုင်းတိုင်းရှိ ယာယီနေရပ်စွန်ခွာပြည်သူ (၅,၁၃၉) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၇၀,၀၀၀ )စီနှင့် အစားအစာမဟုတ်သော ပစ္စည်းများ (Non Food Items- NFI)ကို ယခုလအတွင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု (၁,၅၈၁) စုအား စောင် (၁,၅၈၁) ထည်၊ ခြင်ထောင် (၁,၅၈၁) လုံး၊ ဖျာ (၉၉၆) ချပ်၊ တာပေါ်လင်စ (၂,၅၂၇) စ၊ ဆိုလာမီးအိမ် (၁,၅၈၁) လုံး၊ ကလေ-းမီးဖွားသန့်စင်သုံးပစ္စည်းပုံး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071