ဒီဇင်ဘာ အားကစားလအကြို အမျိုးသား အလွတ်တန်း (MOUNTAIN BIKE )စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား (၁၈၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုဝင်ဘာ (၂၃)ရက် နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ကန်ရိပ်သာလမ်းရှိ တင့်ကားကုန်းဝင်ပေါက်ရှေ့၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ပြိုင်ပွဲ၌ အမျိုးသား (၁၇၇) ဦးနှင့် အမျိုးသမီး(၆)ဦး ဝင်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ေ-သနတ်ပစ်ဖောက်စတင် တာလွှတ်ပေးရာ ပြိုင်ပွဲဝင် ကစားသမားများကစုရပ်မှတာထွက်၍ ကန်ရိပ်သာလမ်း ၊ ၎င်းမှ ကမ္ဘာအေးဘုရားလမ်း၊ နတ်မောက်လမ်း၊ စက်ရုံလမ်း၊ ၎င်းမှ ကန်ရိပ်သာလမ်းအတိုင်း ကန်တော်ကြီးအား (၅) ပတ်ပတ်ကာ ပြိုင်ပွဲဝင်စီးနင်းကြပြီး တာထွက်ရာ တင့်ကားကုန်းဝင်ပေါက်သို့ ပြန်လည် ပန်းဝင်ကြခြင်း ဖြစ်သည်။
ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသူများအား ဆုကြေးငွေအဖြစ် ပထမဆု ငွေကျပ်ငါးသိန်း၊ ဒုတိယဆုငွေကျပ်လေးသိန်း၊ တတိယဆုငွေကျပ်သုံးသိန်း၊ စတုတ္ထဆု ငွေကျပ်နှစ်သိန်း၊ ပဉ္စမဆုငွေကျပ်တစ်သိန်းနှင့် နှစ်သိမ့်ဆုအဖြစ် (၆) မှ (၁၀) အထိ ငွေကျပ်ငါးသောင်းစီ၊ အမျိုးသမီးခြောက်ဦးအား တစ်ဦးလျှင် ငွေကျပ်ငါးသောင်းနှင့် ပန်းဝင်လာသူအားလုံးကို ငွေကျပ်နှစ်သောင်း စီချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။