ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် စစ်ဘေးရှောင်ကလေ-းငယ်များရောက်ရှိလာပါက မိဘများ၏ မှတ်ပုံတင်မိတ္တူနှင့်သန်းခေါင်စာရင်းမပါသော်လည်း ရောက်ရှိဒေသမှ အခြေခံပညာကျောင်းများတွင် လက်ခံသင်ကြားပေးလျက်ရှိသည်ဟု ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
စစ်ဘေးရှောင်ကလေ-းငယ်များကျောင်းအပ်ရာ တွင် မိဘများ၏ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းတောင်းခံမှုများရှိနေသဖြင့် အခက်အခဲကြုံတွေ့နေရခြင်းနှင့်ပတ်သက်၍ ပြည်တွင်းသတင်းဌာနတစ်ခုမှမေးမြန်းမှုအား ပညာရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အဆင့်မြင့်ပညာဦးစီးဌာန၏ တက္ကသိုလ်များတွင် နေ့သင်တန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံရာ ၌ မိဘများ၏ မှတ်ပုံတင်မိတ္တူများကို ဘွဲ့လက်မှတ်ဆောင်ရွက်နိုင်ရန်အတွက်သာ တောင်းခံခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တောင်းခံရာ၌ မိဘများ၏ မှတ်ပုံတင်မိ တ္တူမပါရှိပါကလည်း ကျောင်းအပ်လက်ခံကာ Online ဖြင့်ဆောင်ရွက်သည့် စမ်းသပ်ကျောင်းများတွင် မိဘများ၏ မှတ်ပုံတင်နံပါတ်ကိုသာ ဖြည့်သွင်းရန်သာလိုအပ်ကြောင်း သိရသည်။
ထို့အတူ ဒုတိယနှစ်နှင့်အထက်သင်တန်းများတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ ၏ အချက်အလက်များသည် သက်ဆိုင်ရာကျောင်းများတွင်ရှိပြီးဖြစ်ကာ မိဘများ၏သန်းခေါင်စာရင်းအား အဆောင်နေထိုင်ခွင့် လျှောက်ထားရာ၌ အဆောင်စည်းမျဉ်း၊ စည်းကမ်းများနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ရန် အတွက်သာတောင်းခံခြင်းဖြစ်ကြောင်း သိရသည်။