Monday, November 25, 2024

တိုင်းပြည်အတွက် နစက ၏ဆောင်ရွက်မှုများကို တိုင်းရင်းသားပြည်သူလူထုအားလုံးက...

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်အေးချမ်းသာယာရေးအတွက် နစက ၏ဆောင်ရွက်မှုများကို တိုင်းရင်းသားပြည်သူလူထုအားလုံးက တက်ညီလက်ညီပူးပေါင်းပါဝင်ရန် အဓိကလိုအပ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။ ၎င်းမှ ယနေ့ နိုဝင်ဘာ ၂၅...

တပ်မတော်၊ ရဲတပ်ဖွဲ့နှင့်လူပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များပေးအပ်ချီးမြှင့်

နစက ဥက္ကဋ္ဌမှ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့်လူပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၁၉၂/၂၀၂၄ ဖြင့် ယနေ့ နိုဝင်ဘာ...

ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်ဟု နစက ဥက္ကဋ္ဌပြော

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည် ထောင်စုတစ်ဝန်းအေးချမ်းသာယာရေးနှင့် တ ရားဥပ‌ဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်...

အာရှတွင် အကျပ်အတည်းများဖြစ်လာစေရန် အမေရိက,က ထိုင်ဝမ်ကို...

အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ကို အသုံးချ၍ အာရှတွင် ဆိုးဝါးသောအကျပ်အတည်း ပေါ်ပေါက်လာစေရန် လုပ်ဆောင်နေကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Andrei Rudenko က ပြောဆိုသည်ဟု...
HomeNewsLocal Newsရုရှားနိုင်ငံမှလှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းတန်ချိန်(၃၅) တန်ခန့်ရောက်ရှိ

ရုရှားနိုင်ငံမှလှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းတန်ချိန်(၃၅) တန်ခန့်ရောက်ရှိ

မြန်မာနိုင်ငံတွင် စက်တင်ဘာလအတွင်းကဖြစ် ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံး ရှုံးခဲ့ရခြင်းများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌အသုံးပြုရန် ရုရှားနိုင်ငံမှလှူဒါန်းသည့် လူသားချင်းစာနာထောက် ထားမှုအကူအညီပစ္စည်းတန်ချိန်(၃၅)တန်ခန့်ရောက်ရှိလာခဲ့သည်။

အဆိုပါ ပစ္စည်းများအား ရုရှားနိုင်ငံမှသယ်ယူပို့ ဆောင်ရေးလေယာဉ်ဖြင့်ပေးပို့ရာ နိုဝင်ဘာ ၂၄ ရက်နံနက်ပိုင်းက နေပြည်တော်လေဆိပ်သို့ရောက်ရှိလာခဲ့သည်။

ထိုသို့ ရောက်ရှိလာပြီးနောက် လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပရာ ပြည် ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးအောင်သော်၊ လူကယ်ပြန် ဒု-ဝန်ကြီးဦးစိုးကြည်၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Iskander Azizov တို့တက်ရောက်ခဲ့ကြသည်။

အဆိုပါ လူသားချင်းစာနာထောက်ထားမှုအကူ အညီပစ္စည်းများလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရုရှားသံအမတ်ကြီးနှင့် ရုရှားနိုင်ငံမှ အလှူရှင်အဖွဲ့အစည်းများကိုယ်စားတာဝန်ရှိသူတစ်ဦးတို့က ရှင်းလင်းပြောကာ လူကယ်ပြန် ဒု-ဝန်ကြီးက ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ် တမ်းလွှာပေးအပ်ခဲ့သည်။

ရုရှားနိုင်ငံကိုယ်စား အရပ်ဘက်ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တ ရာယ်သက်ရောက်မှုများတိုက်ဖျက်ရေးဆိုင်ရာဝန် ကြီးဌာန၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ရုရှားနိုင်ငံနျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း (Rosatom)နှင့် Aquarius ကုမ္ပဏီများအုပ်စုတို့မှ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုင်းပြည်အတွက် နစက ၏ဆောင်ရွက်မှုများကို တိုင်းရင်းသားပြည်သူလူထုအားလုံးက တက်ညီလက်ညီပူးပေါင်းပါဝင်ရန် အဓိကလိုအပ်ဟု နစက ဥက္ကဋ္ဌပြော

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်အေးချမ်းသာယာရေးအတွက် နစက ၏ဆောင်ရွက်မှုများကို တိုင်းရင်းသားပြည်သူလူထုအားလုံးက တက်ညီလက်ညီပူးပေါင်းပါဝင်ရန် အဓိကလိုအပ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။ ၎င်းမှ ယနေ့ နိုဝင်ဘာ ၂၅ ရက်တွင်ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ သဝဏ်လွှာပေးပို့စဉ် ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။ နစက အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် ချမှတ်အကောင်အထည်ဖော်လျက်ရှိကာ တိုင်းပြည်သာယာဝပြောရေးတွင် ပြည်သူပြည်သားများအားလုံး တရားဥပဒေစိုးမိုးမှုအောက်တွင် အေးချမ်းသာယာစွာဖြင့် နေထိုင်နိုင်ခြင်း၊ ပညာသင်ကြားနိုင်ခြင်း၊ အလုပ်အကိုင်များ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းတို့ဖြစ်သည်ဟု ပြောသည်။ တိုင်းရင်းသားဒေသများ၌ အကြမ်းဖက်သမားများနှင့် လက်နက်ကိုင်များ၏ လုပ်ဆောင်မှုများကြောင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့်...

တပ်မတော်၊ ရဲတပ်ဖွဲ့နှင့်လူပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များပေးအပ်ချီးမြှင့်

နစက ဥက္ကဋ္ဌမှ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့်လူပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၁၉၂/၂၀၂၄ ဖြင့် ယနေ့ နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ခဲ့သည်။ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သူရဘွဲ့အား ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး ဝဏ္ဏလှိုင်၊ ဗိုလ်မှူးကြီး သက်ထွန်းအောင်၊ ဗိုလ်မှူး မျိုးကိုကိုထွန်းနှင့် ဗိုလ်မှူး အောင်ဆန်းဦးတို့အား ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့ပြင် တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်အား ကာကွယ်ရေးဝန်ကြီးဌာနမှ (၂၆)ဦးကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲသူရတံဆိပ်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ (၅)ဦးနှင့်...

ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်ဟု နစက ဥက္ကဋ္ဌပြော

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည် ထောင်စုတစ်ဝန်းအေးချမ်းသာယာရေးနှင့် တ ရားဥပ‌ဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။ ၎င်းမှ ယနေ့ နိုဝင်ဘာ ၂၅ ရက်တွင်ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ၌ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။ တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ နားလည်စာနာခြင်းတို့ဖြင့် တစ်ဦးနှင့်တစ်ဦးကြား ပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခမှုများကိုလျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်သည်ဟု ပြောသည်။ " ယုံကြည်မှုအပေါ် အခြေခံတဲ့ဆက်ဆံရေးဟာ စိန်ခေါ်မှုများစွာကို အတူတကွဖြေရှင်းနိုင်ပြီး အဆုံးမှာ ပိုမိုသဟဇာတရှိပြီး အတူတကွယှဉ်တွဲနေထိုင်ရေးကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071