Monday, November 25, 2024

ဟောင်ကောင်လေယာဉ်ဆီယိုစိမ့်၍ ထိုင်ဝမ်သို့ပြောင်း၍ ဆင်းသက်ရ

နိုဝင်ဘာ ၂၄ ရက်က ဂျပန်နိုင်ငံ ဖူကူအိုကာမြို့သို့ ပျံသန်းနေသော ဟောင်ကောင်လေကြောင်းလိုင်း၏ လေယာဉ်တစ်စင်းသည် ဆီယိုစိမ့်မှု သံသယကြောင့် တိုင်ပေမြို့ကို လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရကြောင်း...

ပခုက္ကူတွင် ဘိုထိုင်အိမ်သာခုံထဲ ခိုအောင်းနေသည့် မြွေအကိုက်ခံရ၍...

ပခုက္ကူမြို့၊ အမှတ် (၁) ရပ်ကွက်တွင် ဘိုထိုင်အိမ်သာခုံထဲ အောင်းနေသည့် မြွေကိုက်ခံရ၍ တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦး အသက်ဆုံးရှုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ နိုဝင်ဘာ...

တူကီယေးလေယာဉ်ကွင်းအဆင်း ရုရှားလေယာဉ်တစ်စင်း မီးလောင်

လူ ၉၅ ဦး လိုက်ပါလာသော ရုရှားလေယာဉ်တစ်စင်းသည် တနင်္ဂနွေနေ့က တူကီယေးနိုင်ငံတောင်ပိုင်းရှိ အန်တဲလ်ယာလေဆိပ်သို့အဆင်းတွင် အင်ဂျင်မီးလောင်ခဲ့သည်ဟု တူကီယေး သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောသည်။ ဖြစ်စဉ်တွင်...

ယူကရိန်းဘက်ကတိုက်ပွဲဝင်နေသည့် ဗြိတိန်တစ်ဦးကို ရုရှားကဖမ်းဆီးရမိ

ယူကရိန်းတပ်များ တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည့် ရုရှား၏ ကာ့စ်ဒေသတွင် ယူကရိန်းစစ်တပ်နှင့်အတူ တိုက်ပွဲဝင်နေသည့် ဗြိတိသျှကြေးစားစစ်သားတစ်ဦးကို ရုရှားတပ်များက ဖမ်းဆီးရမိခဲ့သည်ဟု လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ရုရှားနိုင်ငံပိုင် အာအိုင်အေ...
HomeNewsLocal Newsတိုင်းပြည်အတွက် နစက ၏ဆောင်ရွက်မှုများကို...

တိုင်းပြည်အတွက် နစက ၏ဆောင်ရွက်မှုများကို တိုင်းရင်းသားပြည်သူလူထုအားလုံးက တက်ညီလက်ညီပူးပေါင်းပါဝင်ရန် အဓိကလိုအပ်ဟု နစက ဥက္ကဋ္ဌပြော

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်အေးချမ်းသာယာရေးအတွက် နစက ၏ဆောင်ရွက်မှုများကို တိုင်းရင်းသားပြည်သူလူထုအားလုံးက တက်ညီလက်ညီပူးပေါင်းပါဝင်ရန် အဓိကလိုအပ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

၎င်းမှ ယနေ့ နိုဝင်ဘာ ၂၅ ရက်တွင်ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ သဝဏ်လွှာပေးပို့စဉ် ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။

နစက အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် ချမှတ်အကောင်အထည်ဖော်လျက်ရှိကာ တိုင်းပြည်သာယာဝပြောရေးတွင် ပြည်သူပြည်သားများအားလုံး တရားဥပဒေစိုးမိုးမှုအောက်တွင် အေးချမ်းသာယာစွာဖြင့် နေထိုင်နိုင်ခြင်း၊ ပညာသင်ကြားနိုင်ခြင်း၊ အလုပ်အကိုင်များ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းတို့ဖြစ်သည်ဟု ပြောသည်။

တိုင်းရင်းသားဒေသများ၌ အကြမ်းဖက်သမားများနှင့် လက်နက်ကိုင်များ၏ လုပ်ဆောင်မှုများကြောင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေလျက်ရှိသည်ဟုလည်း ပြောသည်။

ထို့ပြင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှုအခွင့်အလမ်းများနှင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများဆုံးရှုံး၍ လူမှုစီးပွားဘဝများထိခိုက်နစ်နာစေလျက်ရှိသည်ဟု ပြောသည်။

ထို့ကြောင့် နစက မှ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားပြည်သူလူထုအားလုံးက တက်ညီလက်ညီပူးပေါင်းပါဝင်ကြရန် အဓိကလိုအပ်သည်ပြောသည်။

နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာပါက ပြည်သူတို့၏ လူမှုစီးပွားဘဝများလည်းတိုးတက်လာမည်ဖြစ်ကာ နိုင်ငံတော်၏စီးပွားရေးမူဝါဒမျှော်မှန်းချက်များနှင့်အညီ တိုင်းနှင့် ပြည်နယ်များကြား ညီမျှစွာတိုးတက်လာမည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟောင်ကောင်လေယာဉ်ဆီယိုစိမ့်၍ ထိုင်ဝမ်သို့ပြောင်း၍ ဆင်းသက်ရ

နိုဝင်ဘာ ၂၄ ရက်က ဂျပန်နိုင်ငံ ဖူကူအိုကာမြို့သို့ ပျံသန်းနေသော ဟောင်ကောင်လေကြောင်းလိုင်း၏ လေယာဉ်တစ်စင်းသည် ဆီယိုစိမ့်မှု သံသယကြောင့် တိုင်ပေမြို့ကို လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရကြောင်း သိရသည်။ လေယာဉ်ခရီးစဉ်အမှတ် HX640 သည် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲဝန်းကျင်တွင် ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့ကာ ဖူကူအိုကာမြို့သို့ ညနေ ၁း၅၅ နာရီတွင် ဆိုက်ရောက်ရန် စီစဉ်ထားသည်ဟု လေယာဉ်လမ်းကြောင်းခြေရာခံဝက်ဘက်ဆိုက်ဖြစ်သည့် Flightradar24 အရ သိရသည်။ ဆောက်ချိုင်းနားမောနင်းပို့စ် သတင်းဌာန၏ မေးမြန်းမှုကို ဟောင်ကောင်လေကြောင်းလိုင်းက ပြန်လည်ဖြေကြားခဲ့ရာ၌ လေယာဉ်သည် နည်းပညာပိုင်း...

ပခုက္ကူတွင် ဘိုထိုင်အိမ်သာခုံထဲ ခိုအောင်းနေသည့် မြွေအကိုက်ခံရ၍ ကျောင်းသူတစ်ဦး အသက်ဆုံး

ပခုက္ကူမြို့၊ အမှတ် (၁) ရပ်ကွက်တွင် ဘိုထိုင်အိမ်သာခုံထဲ အောင်းနေသည့် မြွေကိုက်ခံရ၍ တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦး အသက်ဆုံးရှုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ နိုဝင်ဘာ (၂၄) ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ "ပခုက္ကူမှာ ဖြစ်သွားတာပါ။မနေ့ည ကပါ။ ဘိုထိုင်အိမ်သာထဲမှာ အကိုက်ခံရတာပါ၊ ၁၀ တန်းကျောင်းသူလေး။ အသ -က်ဆုံးရှူံးခဲ့ရပါတယ်။ ပခုက္ကူမှာ မြွေပေါနေပါတယ်။ ဂရုစိုက်ကြပါ ၊ အိမ်သာထိုင်မယ်ဆို သေချာကြည့်ထိုင်ပါ၊ ရေအရင်လောင်းပါ" ဟု ဖြစ်စဉ်ကို သိရှိသူ တစ်ဦးက လူမှုကွန်ရက်တွင် မျှဝေထားသည်။ Native...

တူကီယေးလေယာဉ်ကွင်းအဆင်း ရုရှားလေယာဉ်တစ်စင်း မီးလောင်

လူ ၉၅ ဦး လိုက်ပါလာသော ရုရှားလေယာဉ်တစ်စင်းသည် တနင်္ဂနွေနေ့က တူကီယေးနိုင်ငံတောင်ပိုင်းရှိ အန်တဲလ်ယာလေဆိပ်သို့အဆင်းတွင် အင်ဂျင်မီးလောင်ခဲ့သည်ဟု တူကီယေး သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောသည်။ ဖြစ်စဉ်တွင် ခရီးသည်နှင့် လေယာဉ်အမှုထမ်းအားလုံးကို လုံခြုံဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့သည်ဟုဆိုသည်။ Azimuth လေကြောင်းလိုင်းပိုင် ဆူခွိုင်း စူပါဂျက်-၁၀၀ အမျိုးအစား လေယာဉ်သည် ခရီးသည် ၈၉ ဦး လေယာဉ်အမှုထမ်း ၆ ဦးနှင့်အတူ ဆိုချီမြို့မှ ပျံတက်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောဆိုသည်။ ဒေသစံတော်ချိန် ည ၉း၃၄ နာရီတွင် လေယာဉ်ပြေးလမ်းသို့ ဆင်းသက်ခဲ့ပြီးနောက် လေယာဉ်မှူးက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071