Monday, November 25, 2024

ဆင်များအကြောင်း လေ့လာနိုင်ရန် ဝါးနက်ဆင်စခန်းအတွင်း ပြခန်းငယ်စီစဉ်ထား

ဆင်များနှင့်ပတ်သက်သော ဗဟုသုတများကို လေ့လာသိရှိနိုင်ရန်ပြခန်းငယ်တစ်ခုကို မန္တလေးမြို့အနီးတွင်ရှိသည့် ဝါးနက်ဆင်စခန်းအတွင်း ပြုလုပ်ထားကြောင်း သိရသည်။ အဆိုပါ ဆင်စခန်းသည် မန္တလေးမြို့နှင့်အနီးဆုံးတွင်ရှိနေပြီး ပြင်ဦးလွင်မြို့နယ်၊ ရဲရွာရေလှောင်တမံသွားသည့် ကားလမ်းဘေး (၉)...

ပုလဲမြို့နယ် စစ်ရှောင်ပြည်သူ (၁၀၀၀၀) ကျော်...

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံစစ်ရှောင်ပြည်သူ (၁၀၀၀၀) ကျော် စစ်ဘေးရှောင်နေကြရပြီး လက်ရှိတွင် ‌အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံက...

ယူကရိန်းသို့ မြေမြှု-ပ်မိုင်းများ ထောက်ပံ့ပေးမှုကို ဂူတာရက်စ်...

ယူကရိန်း ပဋိပက္ခမှာ မြေမြှု-ပ်မိုင်း အသုံးပြုမှုအပေါ် ရှုတ်ချကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားသည်။ "မြေမြှု-ပ်မိုင်းတွေဟာ အရပ်သားတွေအတွက် အန္တရာယ်ကို...

ဟောင်ကောင်လေယာဉ်ဆီယိုစိမ့်၍ ထိုင်ဝမ်သို့ပြောင်း၍ ဆင်းသက်ရ

နိုဝင်ဘာ ၂၄ ရက်က ဂျပန်နိုင်ငံ ဖူကူအိုကာမြို့သို့ ပျံသန်းနေသော ဟောင်ကောင်လေကြောင်းလိုင်း၏ လေယာဉ်တစ်စင်းသည် ဆီယိုစိမ့်မှု သံသယကြောင့် တိုင်ပေမြို့ကို လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရကြောင်း...
HomeInternationalစင်္ကာပူဝန်ကြီးချုပ်ဟောင်း လီရှန်လွန်းတရုတ်သို့သွားမည်

စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီရှန်လွန်းတရုတ်သို့သွားမည်

စင်္ကာပူ၊နိုဝင်ဘာ ၂၄

စင်္ကာပူဝန်ကြီးချုပ်ဟောင်း မစ္စတာလီရှန်လွန်းသည် နိုဝင်ဘာလ ၂၄ မှ ၂၉ ရက်နေ့အထိ တရုတ်နိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါခရီးစဉ်အတွင်း ဆူကျုံစက်မှုဇုန် နှစ် ၃၀ ပြည့်အခမ်းအနားသို့တက်ရောက်ကာ တရုတ်သမ္မတရှီနှင့်သာမက တရုတ်အစိုးရအရာရှိများနှင့်ပါတွေ့ဆုံမည်ဖြစ်သည်ဟုသိရသည်။

မစ္စတာလီရှန်လွန်း၏ တရုတ်သို့သွားရောက်မည့် တရားဝင်ခရီးစဉ်အတွင်း ၎င်းသည် ဆူကျုံ၊ပေကျင်းနှင့်ရှန်ဟိုင်းမြို့များသို့ပါသွားရောက်မည်ဖြစ်ကြောင်းသိရပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများသည် ယခင်ကထက်ပိုမိုတိုးတက်လာကာ မကြာသေးမီကလည်း နှစ်ဖက်သဘောတူညီချက် ၂၅ ခုကို လက်မှတ်ရေးထိုးခဲ့ကြသေးသည်။

ယခုခရီးစဉ်သည် စင်္ကာပူဝန်ကြီးချုပ်ရာထူးမှ မေလတွင်အနားယူပြီးနောက်ပိုင်း မစ္စတာလီ၏ ပထမဆုံးတရုတ်ခရီးစဉ်လည်းဖြစ်သည်။တရုတ်နှင့်စင်္ကာပူအစိုးရအကြား ပထမဆုံးပူးပေါင်းဆောင်ရွက်ခဲ့သည့် ဆူကျုံစက်မှုဇုန်ထူထောင်မှုနှစ် ၃၀ ပြည့်အခမ်းအနားကိုလည်း တက်ရောက်ကာ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်းသိရသည်။

ရှန်ဟိုင်း၌လည်း တာဝန်ရှိသူများနှင့်သာမက တရုတ်နိုင်ငံရောက် စင်္ကာပူနိုင်ငံသားများနှင့်ပါတွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။မစ္စတာလီနှင့်အတူ ၎င်း၏ဇနီးအပြင် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး၊ပညာရေးဝန်ကြီးနှင့် ဆူကျုံစက်မှုဇုန်တာဝန်ရှိသူများအပြင် အခြားဝန်ကြီးအချို့လည်း ယင်းခရီးစဉ်၌ပါဝင်မည်ဖြစ်သည်။

Source : စီအင်န်အေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆင်များအကြောင်း လေ့လာနိုင်ရန် ဝါးနက်ဆင်စခန်းအတွင်း ပြခန်းငယ်စီစဉ်ထား

ဆင်များနှင့်ပတ်သက်သော ဗဟုသုတများကို လေ့လာသိရှိနိုင်ရန်ပြခန်းငယ်တစ်ခုကို မန္တလေးမြို့အနီးတွင်ရှိသည့် ဝါးနက်ဆင်စခန်းအတွင်း ပြုလုပ်ထားကြောင်း သိရသည်။ အဆိုပါ ဆင်စခန်းသည် မန္တလေးမြို့နှင့်အနီးဆုံးတွင်ရှိနေပြီး ပြင်ဦးလွင်မြို့နယ်၊ ရဲရွာရေလှောင်တမံသွားသည့် ကားလမ်းဘေး (၉) မိုင်အကွာတွင် တည်ရှိသည့် မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်စခန်းတစ်ခုလည်း ဖြစ်သည်။ ပြခန်းငယ်တွင် ဆင်တစ်ကောင်လုံး၏ အရိုးစုနှင့်အတူ ဆင်များ၏ သဘာဝ၊ အမူအကျင့်များအကြောင်း၊ ဆင်များကို မည်ကဲ့သို့ ထိန်းသိမ်းကြောင်းကိုလည်းကောင်း၊ သစ်ခုတ်သည့်နေရာတွင် ဆင်များ၏ လုပ်အားအသုံးပြုပုံကိုလည်းကောင်း စသည်ဖြင့် ဆင်များ၏ သဘာဝဖြစ်စဉ်များကို လေ့လာနိုင်ရန် ဓာတ်ပုံဗီနိုင်းများဖြင့် ရှင်းလင်းပြသထားပြီး ဆင်ကျန်းမာရေးအတွက် ဆေးကျွေးခြင်းများမှအစ ဗဟု သုတရစေရန်...

ပုလဲမြို့နယ် စစ်ရှောင်ပြည်သူ (၁၀၀၀၀) ကျော် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံစစ်ရှောင်ပြည်သူ (၁၀၀၀၀) ကျော် စစ်ဘေးရှောင်နေကြရပြီး လက်ရှိတွင် ‌အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။ အဆိုပါ စစ်ရှောင်ပြည်သူများမှာ ရာသီတုတ်ကွေးအပါအဝင် သွေးအားနည်းခြင်း၊ ခေါင်းကိုက်၊ နာစေးချောင်းဆိုးများ ဖြစ်ပွားနေပြီး၊ သက်ကြီးပိုင်းများမှာ သွေးတိုး၊ဆီးချိုနှင့် အခြားသောနာတာရှည်ရောဂါဝေဒနာသည်များ ပါဝင်ကြောင်း ဆိုသည်။ " အဓိက က ရာသီတုတ်ကွေးပေါ့။ ရာသီဥတု အပြောင်းအလဲမှာဖြစ်တာပေါ့။ အဲဒီကမှ ချောင်းဆိုးတာတွေ ရင်ကြပ်တာတွေ ဖြစ်ကြတယ်။ ဆေးဝါးတွေက ပြတ်လပ်နေတဲ့အပြင် ဈေးနှုန်းတွေ မြင့်တက်နေတော့ ထိရောက်အောင်မကုသနိုင်သလိုဖြစ်နေတယ်။...

ယူကရိန်းသို့ မြေမြှု-ပ်မိုင်းများ ထောက်ပံ့ပေးမှုကို ဂူတာရက်စ် ရှုတ်ချ

ယူကရိန်း ပဋိပက္ခမှာ မြေမြှု-ပ်မိုင်း အသုံးပြုမှုအပေါ် ရှုတ်ချကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားသည်။ "မြေမြှု-ပ်မိုင်းတွေဟာ အရပ်သားတွေအတွက် အန္တရာယ်ကို ကိုယ်စားပြုပါတယ်။ တိုက်ပွဲတွေ ရပ်သွားရင်တောင်မှ ဒီကြောက်စရာကောင်းတဲ့ လက်နက်တွေ ကျန်ရှိနေနိုင်ပြီး မျိုးဆက်ပေါင်းများစွာ ပြည်သူတွေကို ကြောက်ရွံ့ထိတ်လန့်စေပါတယ်” ဟု ကုလသမဂ္ဂ၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ နိုင်ငံပေါင်း ၁၆၄ နိုင်ငံက ၁၉၉၉ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုး အတည်ပြုခဲ့ကြသည့် မြေမြှု-ပ်မိုင်း တားဆီးရေး ကုလသမဂ္ဂ ကွန်ဗင်းရှင်းတွင် ပါဝင်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071