Monday, November 25, 2024

ကာကွယ်ရေးနှင့် ဓါတ်သတ္ထု့ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်ကိုရီးယားနှင့်...

လေတပ်၏ ဂျက်လေယာဉ်များကို အဆင့်မြှင့်တင်ရန်ကြိုးပမ်းနေသည့် မလေးရှားနိုင်ငံသည် ကာကွယ်ရေးစက်မှုလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် မလေးရှား၏ အရန်ဓါတ်သတ္ထု့များကို ပံ့ပိုးပေးရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ယနေ့(နိုဝင်ဘာ ၂၅)...

အားကောင်းသော လေဖိအားနည်း ရပ်ဝန်းအခြေနေများကြောင့် နောက်...

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် နောက် (၂) ရက်အတွင်း တိုင်းနှင့် ပြည်နယ် (၆)ခုတွင် နေရာကွက်ကျား မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး...

ဆင်များအကြောင်း လေ့လာနိုင်ရန် ဝါးနက်ဆင်စခန်းအတွင်း ပြခန်းငယ်စီစဉ်ထား

ဆင်များနှင့်ပတ်သက်သော ဗဟုသုတများကို လေ့လာသိရှိနိုင်ရန်ပြခန်းငယ်တစ်ခုကို မန္တလေးမြို့အနီးတွင်ရှိသည့် ဝါးနက်ဆင်စခန်းအတွင်း ပြုလုပ်ထားကြောင်း သိရသည်။ အဆိုပါ ဆင်စခန်းသည် မန္တလေးမြို့နှင့်အနီးဆုံးတွင်ရှိနေပြီး ပြင်ဦးလွင်မြို့နယ်၊ ရဲရွာရေလှောင်တမံသွားသည့် ကားလမ်းဘေး (၉)...

ပုလဲမြို့နယ် စစ်ရှောင်ပြည်သူ (၁၀၀၀၀) ကျော်...

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံစစ်ရှောင်ပြည်သူ (၁၀၀၀၀) ကျော် စစ်ဘေးရှောင်နေကြရပြီး လက်ရှိတွင် ‌အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံက...
HomeNewsLocal Newsပခုက္ကူတွင် ဘိုထိုင်အိမ်သာခုံထဲ ခိုအောင်းနေသည့်...

ပခုက္ကူတွင် ဘိုထိုင်အိမ်သာခုံထဲ ခိုအောင်းနေသည့် မြွေအကိုက်ခံရ၍ ကျောင်းသူတစ်ဦး အသက်ဆုံး

ပခုက္ကူမြို့၊ အမှတ် (၁) ရပ်ကွက်တွင် ဘိုထိုင်အိမ်သာခုံထဲ အောင်းနေသည့် မြွေကိုက်ခံရ၍ တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦး အသက်ဆုံးရှုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ နိုဝင်ဘာ (၂၄) ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ပခုက္ကူမှာ ဖြစ်သွားတာပါ။မနေ့ည ကပါ။ ဘိုထိုင်အိမ်သာထဲမှာ အကိုက်ခံရတာပါ၊ ၁၀ တန်းကျောင်းသူလေး။ အသ -က်ဆုံးရှူံးခဲ့ရပါတယ်။ ပခုက္ကူမှာ မြွေပေါနေပါတယ်။ ဂရုစိုက်ကြပါ ၊ အိမ်သာထိုင်မယ်ဆို သေချာကြည့်ထိုင်ပါ၊ ရေအရင်လောင်းပါ” ဟု ဖြစ်စဉ်ကို သိရှိသူ တစ်ဦးက လူမှုကွန်ရက်တွင် မျှဝေထားသည်။

Native Species Conservation and Identification Myanmar (NSCI) ၏ လူမှုကွန်ရက်တွင်လည်း ၎င်းတို့ရရှိထားသည့် မြွေပုံသည် အဆိပ်ပြင်းရုံမက အဆိပ်ရည်များပါ မှုတ်ထုတ်နိုင်သည့် မန္တလေး အဆိပ်မှုတ်မြွေဟောက်ဖြစ်ပြီး သိပ္ပံအမည် (Naja mandalayensis) ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုက်ခဲ့သည့် မြွေကို ည (၉)နာရီကျော်တွင် အိမ်သာကို ဖျက်၍ ရှင်းလင်းနိုင်ခဲ့ပြီး အကိုက်ခံရသည့် ကျောင်းသူအား ဆေးရုံပို့၍ မြွေဆိပ်ဖြေဆေးထိုးခဲ့သော်လည်း အသက်မမီခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြွေကိုက်ခံရပြီးပြီးချင်းတွင် မြွေကိုက်ခံရသည့် လူနာကို ဆေးရုံမပို့ခင် အသက်မီနိုင်ရန် ရှေးဦးသူနာပြုစုနည်းများ လုပ်ဆောင်ပေးထားရန်လိုကာ ထိုသို့လုပ်ဆောင်နိုင်ရန် မြွေအန္တရာယ် သတိပေးပို့စ်များနှင့် ရှေးဦးသူနာပြုနည်းများကို ဖတ်ထားရန် လိုကြောင်းလည်း (NSCI) က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ထို့ပြင် မိမိပတ်ဝန်းကျင်၌ မြွေကိုက်ခံရခြင်း၊ မြွေတွေ့ခြင်းမျိုးရှိပါက NSCI လူမှုကွန်ရက်ဂရုတွင် ပို့စ်တင်ပြီး မြွေမျိုး စိတ်အမည်၊ ရှေးဦးသူနာပြုစုနည်းနှင့် လမ်းညွှန်များ လာမေးမြန်နိုင်သလို အမြို့မြို့အနယ်နယ်တိုင်း မြွေဖမ်းရန် အကူအညီလိုခြင်း၊ မြွေတင်မက မည်သည့်အကောင်မျိုးမဆို အဆိပ်ရှိ မရှိ (၂၄)နာရီအချိန်ပြည့် မေးမြန်းနိုင်ကြောင်း NSCI က ရေးသား ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကာကွယ်ရေးနှင့် ဓါတ်သတ္ထု့ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်ကိုရီးယားနှင့် မလေးရှား သဘောတူ

လေတပ်၏ ဂျက်လေယာဉ်များကို အဆင့်မြှင့်တင်ရန်ကြိုးပမ်းနေသည့် မလေးရှားနိုင်ငံသည် ကာကွယ်ရေးစက်မှုလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် မလေးရှား၏ အရန်ဓါတ်သတ္ထု့များကို ပံ့ပိုးပေးရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ယနေ့(နိုဝင်ဘာ ၂၅) တွင် တောင်ကိုရီးယားနှင့် သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်နှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်တို့သည် ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စိမ်းလန်းသော စွမ်းအင်စသည့် ကဏ္ဍများပါ ဖြည့်စွက်ထည့်သွင်းထားသော လာမည့်နှစ်၏ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကို အပြီးသတ်ရန်အတွက် ထိပ်သီးအစည်းအဝေးတွင် ကတိကဝတ်များကို ဖလှယ်ခဲ့ကြသည်ဟု ယွန်း၏ရုံးက ပြောဆိုသည်။ ၂၀၂၃ ခုနှစ်က အမေရိကန်ဒေါ်လာ သန်း...

အားကောင်းသော လေဖိအားနည်း ရပ်ဝန်းအခြေနေများကြောင့် နောက် (၂)ရက်အတွင်း တိုင်းနှင့် ပြည်နယ် (၆)ခုတွင် နေရာကွက်ကျား မိုးရွာနိုင်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် နောက် (၂) ရက်အတွင်း တိုင်းနှင့် ပြည်နယ် (၆)ခုတွင် နေရာကွက်ကျား မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ နိုဝင်ဘာ (၂၅)ရက်၊ နံနက်(၇)နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ နိုဝင်ဘာ(၂၅)ရက်၊ နံနက် (၅)နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာ အရှေ့ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် အ နောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းသို့...

ဆင်များအကြောင်း လေ့လာနိုင်ရန် ဝါးနက်ဆင်စခန်းအတွင်း ပြခန်းငယ်စီစဉ်ထား

ဆင်များနှင့်ပတ်သက်သော ဗဟုသုတများကို လေ့လာသိရှိနိုင်ရန်ပြခန်းငယ်တစ်ခုကို မန္တလေးမြို့အနီးတွင်ရှိသည့် ဝါးနက်ဆင်စခန်းအတွင်း ပြုလုပ်ထားကြောင်း သိရသည်။ အဆိုပါ ဆင်စခန်းသည် မန္တလေးမြို့နှင့်အနီးဆုံးတွင်ရှိနေပြီး ပြင်ဦးလွင်မြို့နယ်၊ ရဲရွာရေလှောင်တမံသွားသည့် ကားလမ်းဘေး (၉) မိုင်အကွာတွင် တည်ရှိသည့် မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်စခန်းတစ်ခုလည်း ဖြစ်သည်။ ပြခန်းငယ်တွင် ဆင်တစ်ကောင်လုံး၏ အရိုးစုနှင့်အတူ ဆင်များ၏ သဘာဝ၊ အမူအကျင့်များအကြောင်း၊ ဆင်များကို မည်ကဲ့သို့ ထိန်းသိမ်းကြောင်းကိုလည်းကောင်း၊ သစ်ခုတ်သည့်နေရာတွင် ဆင်များ၏ လုပ်အားအသုံးပြုပုံကိုလည်းကောင်း စသည်ဖြင့် ဆင်များ၏ သဘာဝဖြစ်စဉ်များကို လေ့လာနိုင်ရန် ဓာတ်ပုံဗီနိုင်းများဖြင့် ရှင်းလင်းပြသထားပြီး ဆင်ကျန်းမာရေးအတွက် ဆေးကျွေးခြင်းများမှအစ ဗဟု သုတရစေရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071