Monday, November 25, 2024

မိုင်းကင်းစင်ရေးကမ္ဘာ့ထိပ်သီးအစည်းအဝေး ကမ္ဘောဒီးယား၌ကျင်းပ

စီရမ်ရိဒ်ပ်၊နိုဝင်ဘာ ၂၅ မိုင်းကင်းစင်ရေးကမ္ဘာ့ထိပ်သီးအစည်းအဝေး Siem Reap-Angkor Summit ကို ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း စီရမ်ရိဒ်ပ်ပြည်နယ်၌ တနင်္လာနေ့ကကျင်းပခဲ့ပြီး မိုင်းအန္တရာယ်ကင်းရှင်းကာ ပိုမိုငြိမ်းချမ်းသည့်ကမ္ဘာကြီးကိုတည်ဆောက်ရန် ဆွေးနွေးခဲ့ကြသည်ဟုလည်းသိရသည်။ Ottawa...

မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးအမြန်ဆုံးရ ရှိရေးကိုထည့်သွင်းဆွေးနွေး

အီတလီနိုင်ငံ၊ ရောမမြို့ရှိ ဗာတီကန်နန်းတော်၌ ယနေ့ နိုဝင်ဘာ ၂၅ ရက်ကကျင်းပကာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နှင့် IBEC ဆရာတော်တို့တက်ရောက်ခဲ့သည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးအမြန်ဆုံးရရှိရေးကိုထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင်...

ဘင်္ဂလားပင်လယ်အော်၌ဖြစ်ပေါ်နေသည့် မုန် တိုင်းငယ် မြန်မာနိုင်ငံဘက်သို့...

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ရွှေ့လျားလာနိုင်ခြင်းမရှိဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နိုဝင်ဘာ ၂၅ ရက်ည ၇ နာရီက မုန်တိုင်းငယ်သတင်း...

တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန် အဆင်သင့်ရှိနေဟု TNLA...

အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားသည့် TNLA အဖွဲ့အနေဖြင့် စစ်ရေးတင်းမာမှုများအတွက် တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန် အမြဲအဆင်သင့်ရှိနေကြောင်း သဘောထားထုတ်ပြန်ချက်ကို နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်လာခဲ့သည်။ ၎င်းတို့၏ အသိပေးထုတ်ပြန်ချက်သည်...
HomeNewsLocal Newsပုလဲမြို့နယ် စစ်ရှောင်ပြည်သူ (၁၀၀၀၀)...

ပုလဲမြို့နယ် စစ်ရှောင်ပြည်သူ (၁၀၀၀၀) ကျော် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံစစ်ရှောင်ပြည်သူ (၁၀၀၀၀) ကျော် စစ်ဘေးရှောင်နေကြရပြီး လက်ရှိတွင် ‌အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ စစ်ရှောင်ပြည်သူများမှာ ရာသီတုတ်ကွေးအပါအဝင် သွေးအားနည်းခြင်း၊ ခေါင်းကိုက်၊ နာစေးချောင်းဆိုးများ ဖြစ်ပွားနေပြီး၊ သက်ကြီးပိုင်းများမှာ သွေးတိုး၊ဆီးချိုနှင့် အခြားသောနာတာရှည်ရောဂါဝေဒနာသည်များ ပါဝင်ကြောင်း ဆိုသည်။

” အဓိက က ရာသီတုတ်ကွေးပေါ့။ ရာသီဥတု အပြောင်းအလဲမှာဖြစ်တာပေါ့။ အဲဒီကမှ ချောင်းဆိုးတာတွေ ရင်ကြပ်တာတွေ ဖြစ်ကြတယ်။ ဆေးဝါးတွေက ပြတ်လပ်နေတဲ့အပြင် ဈေးနှုန်းတွေ မြင့်တက်နေတော့ ထိရောက်အောင်မကုသနိုင်သလိုဖြစ်နေတယ်။ ပြောချင်တာက အမြစ်မပြတ်တာပေါ့။ ကျန်တဲ့စားသောက်ရေးတွေကတော့ လောလောဆယ် အဆင်ပြေနေပါတယ်။ လိုအပ်နေတာက ကျန်းမာရေးစောင့်ရှောက်ခံရမယ့်အခြေအနေပေါ့”ဟု စစ်ရှောင်အရေးဆောင်ရွက်ပေးနေသည့် သတင်းရင်းမြစ်တစ်ဦးက ရှင်းပြသည်။

ယခုလ နိုဝင်ဘာ (၁၁) ရက်မှ (၁၄) ရက်အထိ ပုလဲမြို့တွင်းတိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အပြင် လေကြောင်းပစ်ခတ်မှုများကြောင့် ပုလဲမြို့ပေါ်ရှိ အိမ်ထောင်စု (၆၂၄) စု၊ အလယ်ဘုံရွာရှိ အိမ်ထောင်စု (၁၆၂) စု၊ အေးကုန်းရွာ အိမ်ထောင်စု (၁၂၆) စု၊ သာယာကုန်းရွာ အိမ်ထောင်စု (၆၄) စု၊ချောင်းကန်ရွာ အိမ်ထောင်စု (၂၅၈) စု၊ ကံကြီးရွာ အိမ်ထောင်စု (၁၀၂) စု၊ ညောင်ကန်ရွာ အိမ်ထောင်စု (၇၆)စု၊ ညောင်ကုန်းရွာအိမ်ထောင်စု (၂၈၄)စု၊ မန်ကျီးခွရွာအိမ်ထောင်စု (၉၆) စု၊ ဇောင်ချမ်းကုန်းရွာအိမ် ထောင်စု (၁၀၈) စု၊ မြကုန်းရွာအိမ်ထော င်စု (၁၂၄) စု၊ ရိုးရွာ အိမ်ထောင်စု (၉၆) စု တို့ စစ်ရှောင်နေကြရခြင်းဖြစ်ကြောင်း စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုင်းကင်းစင်ရေးကမ္ဘာ့ထိပ်သီးအစည်းအဝေး ကမ္ဘောဒီးယား၌ကျင်းပ

စီရမ်ရိဒ်ပ်၊နိုဝင်ဘာ ၂၅ မိုင်းကင်းစင်ရေးကမ္ဘာ့ထိပ်သီးအစည်းအဝေး Siem Reap-Angkor Summit ကို ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း စီရမ်ရိဒ်ပ်ပြည်နယ်၌ တနင်္လာနေ့ကကျင်းပခဲ့ပြီး မိုင်းအန္တရာယ်ကင်းရှင်းကာ ပိုမိုငြိမ်းချမ်းသည့်ကမ္ဘာကြီးကိုတည်ဆောက်ရန် ဆွေးနွေးခဲ့ကြသည်ဟုလည်းသိရသည်။ Ottawa Treaty မိုင်းကင်းရှင်း‌ရေးညီလာခံတွင် ပြည်နယ်ပါတီများဖြစ်သည့် နိုင်ငံပေါင်း ၁၅၀ ကျော်မှ ကိုယ်စားလှယ်များလည်းပါဝင်ကြောင်းသိရသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က ၁၉၉၈ ခုနှစ်တွင် နိုင်ငံ၌ ငြိမ်းချမ်းရေးကိုအပြည့်အဝရရှိခဲ့သော်လည်း မြေမြှု-ပ်မိုင်းများ၏အန္တရာယ်သည် ဆက်လက်ရှိနေဆဲဖြစ်ပြီး လူ့အသက်အိုးအိမ်စည်းစိမ်နှင့် စစ်ပြီးခေတ်ပြန်လည်ထူထောင်ရေးအတွက် ဆိုးရွားသည့် အန္တရာယ်တစ်ရပ်လည်းဖြစ်လာကြောင်း ထိပ်သီးအစည်းအဝေးအဖွင့်တွင် ပြောကြားခဲ့သည်။ လက်ရှိအချိန်အထိ ကမ္ဘောဒီးယားအနေဖြင့် မြေမြှုပ်မိုင်း ၃,၀၀၀ စတုရန်းကီလိုမီတာကျော်ကို ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ကမ္ဘောဒီးယားသည် မြေမြှု-ပ်မိုင်းဒဏ်ကို...

မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးအမြန်ဆုံးရ ရှိရေးကိုထည့်သွင်းဆွေးနွေး

အီတလီနိုင်ငံ၊ ရောမမြို့ရှိ ဗာတီကန်နန်းတော်၌ ယနေ့ နိုဝင်ဘာ ၂၅ ရက်ကကျင်းပကာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နှင့် IBEC ဆရာတော်တို့တက်ရောက်ခဲ့သည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးအမြန်ဆုံးရရှိရေးကိုထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးအမြန်ဆုံးရရှိနိုင်ရေးအပါအဝင် ရုရှား-ယူကရိန်းအရေး၊ အရှေ့အလယ်ပိုင်းဒေသပဋိပက္ခ နှင့် အင်ဒို-ပစိဖိတ်ဒေသ၏ ပထဝီနိုင်ငံရေးအား ပြိုင်မှု၊ မြောက်ကိုးရီးယား၏ နျူးကလီးယားလက်နက်အရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးစိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြသည်။ IBEC ဆရာတော်သည် ဆွေးနွေးပွဲတက်ရောက်ရန် Universal Peace Council ၏အထူးဖိတ် ကြားချက်အရ နိုဝင်ဘာလ ၂၄ ရက်က အီတလီနိုင်ငံ၊ ရောမမြို့သို့ရောက်ရှိတော်မူခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲသို့ IBEC ဆရာတော်တက်ရောက်နိုင်ခြင်းမှာ...

ဘင်္ဂလားပင်လယ်အော်၌ဖြစ်ပေါ်နေသည့် မုန် တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ ရွှေ့လျားလာနိုင်ခြင်းမရှိ

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ရွှေ့လျားလာနိုင်ခြင်းမရှိဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နိုဝင်ဘာ ၂၅ ရက်ည ၇ နာရီက မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၄)အဖြစ် ထုတ်ပြန်ခဲ့သည်။ အဆိုပါ မုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှတစ်ဆင့် အနောက်-အနောက် မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းသို့ရောက်ရှိခဲ့သည်ဟု မိုးဇလကအသိပေးခဲ့သည်။ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ ၏ အနောက်တောင်ဘက် ရေမိုင် ၇၅၀ မိုင်ခန့် ပင်လယ်ပြင်ကိုဗဟိုပြုနေကာ ဗဟိုချက်လေဖိ အားသည် ၁၀၀၄ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071