အီတလီနိုင်ငံ၊ ရောမမြို့ရှိ ဗာတီကန်နန်းတော်၌ ယနေ့ နိုဝင်ဘာ ၂၅ ရက်ကကျင်းပကာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နှင့် IBEC ဆရာတော်တို့တက်ရောက်ခဲ့သည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးအမြန်ဆုံးရရှိရေးကိုထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးအမြန်ဆုံးရရှိနိုင်ရေးအပါအဝင် ရုရှား-ယူကရိန်းအရေး၊ အရှေ့အလယ်ပိုင်းဒေသပဋိပက္ခ နှင့် အင်ဒို-ပစိဖိတ်ဒေသ၏ ပထဝီနိုင်ငံရေးအား ပြိုင်မှု၊ မြောက်ကိုးရီးယား၏ နျူးကလီးယားလက်နက်အရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးစိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြသည်။
IBEC ဆရာတော်သည် ဆွေးနွေးပွဲတက်ရောက်ရန် Universal Peace Council ၏အထူးဖိတ် ကြားချက်အရ နိုဝင်ဘာလ ၂၄ ရက်က အီတလီနိုင်ငံ၊ ရောမမြို့သို့ရောက်ရှိတော်မူခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲသို့ IBEC ဆရာတော်တက်ရောက်နိုင်ခြင်းမှာ ဆရာတော်၏ နေ့ရောညပါ ကြိုးစားဆောင်ရွက်မှုများ၏ အသီးအပွင့်များဖြစ်ပြီး မြန်မာနိုင်ငံ အမြန်ဆုံးပြန်လည်ငြိမ်းချမ်းရေးကို အစဥ်တစိုက်ကြိုးပမ်းအားထုတ်နေသည့် ဆရာတော်၏ ပြယုဂ်တစ်ခုလည်းဖြစ်သည်။